တ႐ုတ္၏ အႀကီးစားေရနံတင္ သေဘၤာႏွစ္စင္း ေဟာ္မုေရလက္ၾကားမွ ထြက္ခြာ

တ႐ုတ္၏ အႀကီးစားေရနံတင္ သေဘၤာႏွစ္စင္း ေဟာ္မုေရလက္ၾကားမွ ထြက္ခြာ
============================
ကမာၻ႔အေရးအပါဆုံး ေရနံသယ္ယူပို႔ေဆာင္ေရး လမ္းေၾကာင္းတစ္ခုျဖစ္သည့္ ေဟာ္မုေရလက္ၾကားတြင္ အေမရိကန္ႏွင့္ အီရန္တို႔၏ ပိတ္ဆို႔မႈမ်ားရွိေနသည့္ၾကားမွ တ႐ုတ္ႏိုင္ငံ၏ အႀကီးစားေရနံတင္သေဘၤာ ႏွစ္စင္းသည္ ထိုေရလက္ၾကားမွ ထြက္ခြာႏိုင္ခဲ့ေၾကာင္း သိရသည္။

ေရနံစည္ ေလးသန္းခန႔္ တင္ေဆာင္လာသည့္ အဆိုပါေရနံတင္သေဘၤာႀကီးႏွစ္စင္းသည္ ေမလ ၂၀ ရက္တြင္ ေရလက္ၾကားကို ျဖတ္သန္းခဲ့ျခင္းျဖစ္သည္။ ထိုသို႔ျဖတ္သန္းႏိုင္ျခင္းသည္ အီရန္ႏိုင္ငံအေပၚ လိုလားမႈရွိသည့္ႏိုင္ငံမ်ားအတြက္ ကန႔္သတ္ခ်က္မ်ားကို ေလွ်ာ့ခ်ေပးရန္ အီရန္ကလိုလားေနသည့္ လကၡဏာတစ္ခုလည္းျဖစ္သည္။

ေဖေဖာ္ဝါရီလတြင္ အေမရိကန္ႏိုင္ငံႏွင့္ အစၥေရးႏိုင္ငံတို႔ပူးေပါင္းၿပီး အီရန္အေပၚ စစ္ဆင္ေရးမ်ား စတင္ကတည္းက အီရန္သည္ ေဟာ္မုေရလက္ၾကားကို ပိတ္ဆို႔ထားျခင္းျဖစ္သည္။ ေနာက္ပိုင္းတြင္ အေမရိကန္ ကလည္း အီရန္၏ဆိပ္ကမ္းမ်ားကို ျပန္လည္ပိတ္ဆို႔ခဲ့ျခင္းျဖစ္သည္။

ယခုကဲ့သို႔ တ႐ုတ္ေရနံတင္ သေဘၤာမ်ား ထြက္ခြာႏိုင္မႈႏွင့္အတူ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ႏွင့္ ဒုတိယသမၼတ ေဂ်ဒီဗန႔္တို႔က အီရန္ႏွင့္ေဆြးေႏြးမႈမ်ား တိုးတက္ေနသည္ဟူေသာ ေျပာဆိုခ်က္မ်ားေၾကာင့္ စြမ္းအင္ျပတ္လပ္မႈ အက်ပ္အတည္း ေလ်ာ့ပါးသြားႏိုင္သည္ဟူေသာ ေမွ်ာ္လင့္ခ်က္မ်ား ထြက္ေပၚလာေၾကာင္း သိရသည္။


တရုတ်၏ အကြီးစားရေနံတင် သင်္ဘောနှစ်စင်း ဟော်မုရေလက်ကြားမှ ထွက်ခွာ
============================
ကမ္ဘာ့အရေးအပါဆုံး ရေနံသယ်ယူပို့ဆောင်ရေး လမ်းကြောင်းတစ်ခုဖြစ်သည့် ဟော်မုရေလက်ကြားတွင် အမေရိကန်နှင့် အီရန်တို့၏ ပိတ်ဆို့မှုများရှိနေသည့်ကြားမှ တရုတ်နိုင်ငံ၏ အကြီးစားရေနံတင်သင်္ဘော နှစ်စင်းသည် ထိုရေလက်ကြားမှ ထွက်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ရေနံစည် လေးသန်းခန့် တင်ဆောင်လာသည့် အဆိုပါရေနံတင်သင်္ဘောကြီးနှစ်စင်းသည် မေလ ၂၀ ရက်တွင် ရေလက်ကြားကို ဖြတ်သန်းခဲ့ခြင်းဖြစ်သည်။ ထိုသို့ဖြတ်သန်းနိုင်ခြင်းသည် အီရန်နိုင်ငံအပေါ် လိုလားမှုရှိသည့်နိုင်ငံများအတွက် ကန့်သတ်ချက်များကို လျှော့ချပေးရန် အီရန်ကလိုလားနေသည့် လက္ခဏာတစ်ခုလည်းဖြစ်သည်။

ဖေဖော်ဝါရီလတွင် အမေရိကန်နိုင်ငံနှင့် အစ္စရေးနိုင်ငံတို့ပူးပေါင်းပြီး အီရန်အပေါ် စစ်ဆင်ရေးများ စတင်ကတည်းက အီရန်သည် ဟော်မုရေလက်ကြားကို ပိတ်ဆို့ထားခြင်းဖြစ်သည်။ နောက်ပိုင်းတွင် အမေရိကန် ကလည်း အီရန်၏ဆိပ်ကမ်းများကို ပြန်လည်ပိတ်ဆို့ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ တရုတ်ရေနံတင် သင်္ဘောများ ထွက်ခွာနိုင်မှုနှင့်အတူ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဒုတိယသမ္မတ ဂျေဒီဗန့်တို့က အီရန်နှင့်ဆွေးနွေးမှုများ တိုးတက်နေသည်ဟူသော ပြောဆိုချက်များကြောင့် စွမ်းအင်ပြတ်လပ်မှု အကျပ်အတည်း လျော့ပါးသွားနိုင်သည်ဟူသော မျှော်လင့်ချက်များ ထွက်ပေါ်လာကြောင်း သိရသည်။