ကမာၻ႔ဖလားၿပိဳင္ပြဲဝင္မယ့္ ဘရာဇီးလ္အသင္းရဲ႕ အၿပီးသတ္ ၂၆ ဦးလူစာရင္းမွာ ေနမာ ေ႐ြးခ်ယ္ခံရ

ကမာၻ႔ဖလားၿပိဳင္ပြဲဝင္မယ့္ ဘရာဇီးလ္အသင္းရဲ႕ အၿပီးသတ္ ၂၆ ဦးလူစာရင္းမွာ ေနမာ ေ႐ြးခ်ယ္ခံရ
===========================
ဘရာဇီးလ္အသင္းနည္းျပ အန္ဆယ္ေလာ့တီက ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲဝင္မယ့္ အၿပီးသတ္ ၂၆ ဦးစာရင္းကို ထုတ္ျပန္ခဲ့ၿပီး နာမည္ေက်ာ္ ကစားသမား ေနမာကို ေ႐ြးခ်ယ္ခဲ့ပါတယ္။

၃၄ ႏွစ္ရွိၿပီျဖစ္တဲ့ ေနမာဟာ ဘရာဇီးလ္အသင္းအတြက္ ၁၂၈ ပြဲ ကစားထားၿပီး ၇၉ ဂိုးနဲ႔ ဂိုးအမ်ားဆုံးသြင္းထားသူလည္းျဖစ္တယ္။

ဒါေပမဲ့ ေနမာဟာ ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာလ ဥ႐ုေဂြးနဲ႔ ကမာၻ႔ဖလားေျခစစ္ပြဲမွာ ဒူးအ႐ြတ္ဒဏ္ရာရၿပီးကတည္းက ဒဏ္ရာျပႆနာ ေတြနဲ႔ ႐ုန္းကန္ေနရလို လက္ေ႐ြးစင္အသင္းနဲ႔ ကင္းကြာခဲ့ရပါတယ္။

ေနမာအေနနဲ႔ အခုေ႐ြးခ်ယ္ခံရမႈဟာ ကမာၻ႔ဖလားၿပိဳင္ပြဲ ေလးႀကိမ္ေျမာက္ ယွဥ္ၿပိဳင္ခြင့္ရတာျဖစ္ၿပီး ၂၀၁၄၊ ၂၀၁၈၊ ၂၀၂၂နဲ႔ အခု ၂၀၂၆ ၿပိဳင္ပြဲကို ဆင္ႏႊရေတာ့မွာပါ။

အန္ဆယ္ေလာ့တီက ”ကြၽန္ေတာ္တို တစ္ႏွစ္လုံး ေနမာကို သုံးသပ္ရင္း အခ်ိန္ကုန္ဆုံးခဲ့ပါတယ္။ ေနာက္ဆုံးအပိုင္းအျခားမွာ သူဟာ ဆက္သြားေနၿပီး ႐ုပ္ပိုင္းဆိုင္ရာအရလည္း ေကာင္းမြန္တဲ့ အေျခအေနမွာရွိပါတယ္”လို ေျပာခဲ့ပါတယ္။

ဘရာဇီးလ္အသင္းမွာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲကေန အယ္လစ္ဆန္(လီဗာပူးလ္)၊ ကက္စီမီ႐ိုနဲ႔ ကူညာ(မန္ယူႏိုက္တက္)၊ ဂီမာေရ႕စ္ (နယူးကာဆယ္)၊ ဂါဘရီယဲလ္(အာဆင္နယ္)၊ အီေဂါသီယာဂို(ဘရန႔္ဖိုဒ္)၊ ရာယန္(ဘုန္းေမာက္)တို ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။ #Eleven

◘ ဘရာဇီးလ္အသင္းလူစာရင္း

Goalkeepers: Alisson (Liverpool), Ederson (Fenerbahce), Weverton (Gremio).

Defenders: Alex Sandro, Danilo, Leo Pereira (Flamengo), Bremer (Juventus), Ibanez (Al-Ahli), Wesley (Roma), Marquinhos (Paris St-Germain), Gabriel (Arsenal), Douglas Santos (Zenit St. Petersburg).

Midfielders: Bruno Guimaraes (Newcastle), Casemiro (Manchester United), Danilo Santos (Botafogo), Fabinho (Al-Ittihad), Lucas Paqueta (Flamengo).

Forwards: Endrick (Lyon), Gabriel Martinelli (Arsenal), Igor Thiago (Brentford), Matheus Cunha (Manchester United), Raphinha (Barcelona), Vinicius Junior (Real Madrid), Luiz Henrique (Zenit St. Petersburg), Neymar (Santos), Rayan (Bournemouth).

Photos: ESPN Brasil

ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ဘရာဇီးလ်အသင်းရဲ့ အပြီးသတ် ၂၆ ဦးလူစာရင်းမှာ နေမာ ရွေးချယ်ခံရ
===========================
ဘရာဇီးလ်အသင်းနည်းပြ အန်ဆယ်လော့တီက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် အပြီးသတ် ၂၆ ဦးစာရင်းကို ထုတ်ပြန်ခဲ့ပြီး နာမည်ကျော် ကစားသမား နေမာကို ရွေးချယ်ခဲ့ပါတယ်။

၃၄ နှစ်ရှိပြီဖြစ်တဲ့ နေမာဟာ ဘရာဇီးလ်အသင်းအတွက် ၁၂၈ ပွဲ ကစားထားပြီး ၇၉ ဂိုးနဲ့ ဂိုးအများဆုံးသွင်းထားသူလည်းဖြစ်တယ်။

ဒါပေမဲ့ နေမာဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ဥရုဂွေးနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဒူးအရွတ်ဒဏ်ရာရပြီးကတည်းက ဒဏ်ရာပြဿနာ တွေနဲ့ ရုန်းကန်နေရလို လက်ရွေးစင်အသင်းနဲ့ ကင်းကွာခဲ့ရပါတယ်။

နေမာအနေနဲ့ အခုရွေးချယ်ခံရမှုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ လေးကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရတာဖြစ်ပြီး ၂၀၁၄၊ ၂၀၁၈၊ ၂၀၂၂နဲ့ အခု ၂၀၂၆ ပြိုင်ပွဲကို ဆင်နွှရတော့မှာပါ။

အန်ဆယ်လော့တီက ”ကျွန်တော်တို တစ်နှစ်လုံး နေမာကို သုံးသပ်ရင်း အချိန်ကုန်ဆုံးခဲ့ပါတယ်။ နောက်ဆုံးအပိုင်းအခြားမှာ သူဟာ ဆက်သွားနေပြီး ရုပ်ပိုင်းဆိုင်ရာအရလည်း ကောင်းမွန်တဲ့ အခြေအနေမှာရှိပါတယ်”လို ပြောခဲ့ပါတယ်။

ဘရာဇီးလ်အသင်းမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲကနေ အယ်လစ်ဆန်(လီဗာပူးလ်)၊ ကက်စီမီရိုနဲ့ ကူညာ(မန်ယူနိုက်တက်)၊ ဂီမာရေ့စ် (နယူးကာဆယ်)၊ ဂါဘရီယဲလ်(အာဆင်နယ်)၊ အီဂေါသီယာဂို(ဘရန့်ဖိုဒ်)၊ ရာယန်(ဘုန်းမောက်)တို ရွေးချယ်ခံခဲ့ရပါတယ်။ #Eleven

◘ ဘရာဇီးလ်အသင်းလူစာရင်း