လူမွားၿပီး လူစားလဲခံရသျဖင့္ ေနမာ ေဒါသေပါက္ကြဲ

လူမွားၿပီး လူစားလဲခံရသျဖင့္ ေနမာ ေဒါသေပါက္ကြဲ
=======================
ဆန္းတို႔စ္အသင္းေခါင္းေဆာင္ ဘရာဇီးလ္တိုက္စစ္မႉး ေနမာဟာ မေန႔က ယွဥ္ၿပိဳင္ခဲ့တဲ့ ဘရာဇီးလ္စီးရီးေအပြဲမွာ မွားယြင္းၿပီး လူစားလဲခံခဲ့ရတာေၾကာင့္ ေဒါသေပါက္ကြဲခဲ့ေၾကာင္း သိရပါတယ္။ ဆန္းတို႔စ္က အိမ္ကြင္းမွာ ေကာ္ရီတီဘာအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တာျဖစ္ၿပီး (၀-၃)ဂိုးနဲ႔ အေရးနိမ့္ခဲ့ပါတယ္။ ေကာ္ရီတီဘာအသင္းက (၃)ဂိုးစလုံးကို ပထမပိုင္းမွာ သြင္းယူခဲ့တာျဖစ္ၿပီး (၆၅)မိနစ္မွာ ေနမာကို စတုတၳဒိုင္က မွားယြင္းလူစားလဲခဲ့မိတာပါ။ ေနမာ ကြင္းေဘးမွာ ကုသမႈခံယူေနခ်ိန္မွာ ဆန္းတိုစ္အသင္းက ေနာက္ခံလူ အက္စ္ကိုဘာရဲ႕ေနရာ ေရာ္ဘင္ဟိုဂ်ဴနီယာကို လူစားလဲဖို လုပ္ေဆာင္ခဲ့ပါတယ္။ ဒါကို စတုတၳဒိုင္က နားလည္မႈလြဲၿပီး ေနမာရဲ႕ေနရာ ေရာ္ဘင္ဟိုဂ်ဴနီယာကို လူစားလဲခဲ့တာပါ။ ဒါေၾကာင့္ ေနမာက စတုတၳဒိုင္ဆီက လူစားလဲတဲ့မွတ္တမ္းစာ႐ြက္ကို ဆြဲယူကာ ကင္မရာေတြဆီ ျပသခဲ့ၿပီး ကြင္းထဲျပန္ဝင္ဖို လုပ္ေဆာင္ခဲ့ပါတယ္။ ဒါေပမဲ့ ဒိုင္လူႀကီးက ေနမာကို ျပန္ဝင္ကစားခြင့္မျပဳေတာ့ဘဲ အဝါကတ္ျပသခဲ့ေၾကာင္း သိရပါတယ္။
လူမှားပြီး လူစားလဲခံရသဖြင့် နေမာ ဒေါသပေါက်ကွဲ
=======================
ဆန်းတို့စ်အသင်းခေါင်းဆောင် ဘရာဇီးလ်တိုက်စစ်မှူး နေမာဟာ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ဘရာဇီးလ်စီးရီးအေပွဲမှာ မှားယွင်းပြီး လူစားလဲခံခဲ့ရတာကြောင့် ဒေါသပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။ ဆန်းတို့စ်က အိမ်ကွင်းမှာ ကော်ရီတီဘာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး (၀-၃)ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။ ကော်ရီတီဘာအသင်းက (၃)ဂိုးစလုံးကို ပထမပိုင်းမှာ သွင်းယူခဲ့တာဖြစ်ပြီး (၆၅)မိနစ်မှာ နေမာကို စတုတ္ထဒိုင်က မှားယွင်းလူစားလဲခဲ့မိတာပါ။ နေမာ ကွင်းဘေးမှာ ကုသမှုခံယူနေချိန်မှာ ဆန်းတိုစ်အသင်းက နောက်ခံလူ အက်စ်ကိုဘာရဲ့နေရာ ရော်ဘင်ဟိုဂျူနီယာကို လူစားလဲဖို လုပ်ဆောင်ခဲ့ပါတယ်။ ဒါကို စတုတ္ထဒိုင်က နားလည်မှုလွဲပြီး နေမာရဲ့နေရာ ရော်ဘင်ဟိုဂျူနီယာကို လူစားလဲခဲ့တာပါ။ ဒါကြောင့် နေမာက စတုတ္ထဒိုင်ဆီက လူစားလဲတဲ့မှတ်တမ်းစာရွက်ကို ဆွဲယူကာ ကင်မရာတွေဆီ ပြသခဲ့ပြီး ကွင်းထဲပြန်ဝင်ဖို လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒိုင်လူကြီးက နေမာကို ပြန်ဝင်ကစားခွင့်မပြုတော့ဘဲ အဝါကတ်ပြသခဲ့ကြောင်း သိရပါတယ်။




