
======================
နေပြည်တော်-တောင်ငူ ၊ တောင်ငူ-ပဲခူး RBE ရထားခရီးစဉ် နှစ်ခု တိုးချဲ့ပြေးဆွဲ
======================
နေပြည်တော်- တောင်ငူ၊ တောင်ငူ-နေပြည်တော်၊ တောင်ငူ-ပဲခူး၊ ပဲခူး-တောင်ငူ ရထားခရီးစဉ်နှစ်ခုကို RBE ရထားဖြင့် မေလ ၁၅ ရက်မှ စတင်ပြီး နေ့စဉ် တိုးချဲ့ပြေးဆွဲပေးနေကြောင်း သိရသည်။
ရထားလက်မှတ်ခအနေဖြင့် နေပြည်တော် ခရီးစဉ်အတွက် တောင်ငူမှ မြိုလှဘူတာထိ ကျပ် ၂၅၀၀နှင့် မြိုလှဘူတာကျော်ပါက ကျပ် ၅၀၀၀ သတ်မှတ်ထားကြောင်း သိရသည်။
ပဲခူးခရီးစဉ်အတွက် တောင်ငူမှ ကျောက်တံခါးဘူတာထိ ကျပ် ၄၀၀၀ ကျောက်တံခါးဘူတာ ကျော်ပါက ကျပ် ၈၀၀၀ ဖြစ်ကြောင်း သိရသည်။



