ဘြန္ဒက္စ္လီဂါ အေကာင္းဆုံးကစားသမားဆုကို ရရွိတဲ့ အိုလီဆီ

ဘြန္ဒက္စ္လီဂါ အေကာင္းဆုံးကစားသမားဆုကို ရရွိတဲ့ အိုလီဆီ
================================
‌ယခုေဘာလုံးရာသီ ဂ်ာမန္ဘြန္ဒက္စ္လီဂါၿပိဳင္ပြဲ၏ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ဘိုင္ယန္ ျမဴးနစ္အသင္း တိုက္စစ္ကစားသမား အိုလီဆီက ဆြတ္ခူးႏိုင္ၿပီးေနာက္ ႏွစ္ရာသီဆက္ ဆြတ္ခူးရရွိႏိုင္ခဲ့ေၾကာင္း သိရသည္။

အိုလီဆီသည္ ၂၀၂၄ ခုႏွစ္က ခရစၥတယ္ပဲေလ့စ္ အသင္းမွ ဘိုင္ယန္ျမဴးနစ္အသင္းသို႔ ေျပာင္းေ႐ႊ႕ ကစားၿပီးေနာက္ အသင္းႏွင့္အတူ အေကာင္းဆုံးေျခစြမ္းျပႏိုင္ၿပီး ၿပိဳင္ပြဲ၏တစ္ရာသီအေကာင္းဆုံး ကစားသမားဆုကို ဆြတ္ခူးႏိုင္ခဲ့သည္။

အလားတူ အိုလီဆီသည္ ယခုေဘာလုံးရာသီ တြင္လည္း ဂ်ာမန္ဘြန္ဒက္စ္လီဂါၿပိဳင္ပြဲတြင္ ဘိုင္ယန္ ျမဴးနစ္အသင္း ၿပိဳင္ပြဲမၿပီးဆုံးမီ ခ်န္ပီယံဆုဆြတ္ခူး ႏိုင္ခဲ့ရာတြင္ အဓိကကစားသမားအျဖစ္ပါဝင္ခဲ့ၿပီး ၿပိဳင္ပြဲ၏ တစ္ႏွစ္တာအေကာင္းဆုံး ကစားသမားဆုကို အသင္းေဖာ္တိုက္စစ္ကစားသမား ဟယ္ရီကိန္း အား ေက်ာ္ျဖတ္ၿပီး ဆြတ္ခူးႏိုင္ခဲ့ျခင္းျဖစ္သည္။

အိုလီဆီသည္ ယခုေဘာလုံးရာသီ ဂ်ာမန္ ဘြန္ဒက္စ္လီဂါၿပိဳင္ပြဲတြင္ ၃၂ ပြဲပါဝင္ကစားခဲ့ရာ ၁၅ဂိုး သြင္းယူႏိုင္သည့္အျပင္ ဂိုးဖန္တီးမႈ ၁၉ ႀကိမ္ ျပဳလုပ္ႏိုင္ကာ ဂိုးဖန္တီးမႈအမ်ားဆုံး ကစားသမား စာရင္းတြင္လည္း ထိပ္ဆုံး၌ ရပ္တည္ႏိုင္ခဲ့သည္။

အလားတူ ဂ်ာမန္ဘြန္ဒက္စ္လီဂါၿပိဳင္ပြဲ၏ သြင္းဂိုး အမ်ားဆုံး ကစားသမားဆုကိုလည္း ဘိုင္ယန္ျမဴးနစ္ အသင္းတိုက္စစ္ ကစားသမား ဟယ္ရီကိန္းက သြင္းဂိုး ၃၆ ဂိုးျဖင့္ ဆြတ္ခူးႏိုင္ခဲ့ေၾကာင္း သိရသည္။


ဘွန်ဒက်စ်လီဂါ အကောင်းဆုံးကစားသမားဆုကို ရရှိတဲ့ အိုလီဆီ
================================
‌ယခုဘောလုံးရာသီ ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲ၏ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဘိုင်ယန် မြူးနစ်အသင်း တိုက်စစ်ကစားသမား အိုလီဆီက ဆွတ်ခူးနိုင်ပြီးနောက် နှစ်ရာသီဆက် ဆွတ်ခူးရရှိနိုင်ခဲ့ကြောင်း သိရသည်။

အိုလီဆီသည် ၂၀၂၄ ခုနှစ်က ခရစ္စတယ်ပဲလေ့စ် အသင်းမှ ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့ ကစားပြီးနောက် အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြနိုင်ပြီး ပြိုင်ပွဲ၏တစ်ရာသီအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

အလားတူ အိုလီဆီသည် ယခုဘောလုံးရာသီ တွင်လည်း ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲတွင် ဘိုင်ယန် မြူးနစ်အသင်း ပြိုင်ပွဲမပြီးဆုံးမီ ချန်ပီယံဆုဆွတ်ခူး နိုင်ခဲ့ရာတွင် အဓိကကစားသမားအဖြစ်ပါဝင်ခဲ့ပြီး ပြိုင်ပွဲ၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို အသင်းဖော်တိုက်စစ်ကစားသမား ဟယ်ရီကိန်း အား ကျော်ဖြတ်ပြီး ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

အိုလီဆီသည် ယခုဘောလုံးရာသီ ဂျာမန် ဘွန်ဒက်စ်လီဂါပြိုင်ပွဲတွင် ၃၂ ပွဲပါဝင်ကစားခဲ့ရာ ၁၅ဂိုး သွင်းယူနိုင်သည့်အပြင် ဂိုးဖန်တီးမှု ၁၉ ကြိမ် ပြုလုပ်နိုင်ကာ ဂိုးဖန်တီးမှုအများဆုံး ကစားသမား စာရင်းတွင်လည်း ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့သည်။

အလားတူ ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲ၏ သွင်းဂိုး အများဆုံး ကစားသမားဆုကိုလည်း ဘိုင်ယန်မြူးနစ် အသင်းတိုက်စစ် ကစားသမား ဟယ်ရီကိန်းက သွင်းဂိုး ၃၆ ဂိုးဖြင့် ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။