ခ်ယ္လ္ဆီးအသင္းက နည္းျပသစ္အျဖစ္ အလြန္ဆိုအား ေလးႏွစ္စာခ်ဳပ္ျဖင့္ ခန႔္အပ္ရန္ သေဘာတူညီမႈ ရရွိ

ခ်ယ္လ္ဆီးအသင္းက နည္းျပသစ္အျဖစ္ အလြန္ဆိုအား ေလးႏွစ္စာခ်ဳပ္ျဖင့္ ခန႔္အပ္ရန္ သေဘာတူညီမႈ ရရွိ
===============================
ခ်ယ္လ္ဆီးအသင္းက နည္းျပသစ္အျဖစ္ ရီးယဲလ္ မက္ဒရစ္အသင္းနည္းျပေဟာင္း အလြန္ဆိုအား ေလးႏွစ္စာခ်ဳပ္ျဖင့္ ခန႔္အပ္ရန္ သေဘာတူညီမႈရရွိ ထားၿပီး နည္းျပအလြန္ဆိုအေနျဖင့္ တရားဝင္စာခ်ဳပ္ ခ်ဳပ္ဆိုရန္အတြက္ လာမည့္ ရက္သတၱပတ္အတြင္း အဂၤလန္ႏိုင္ငံ လန္ဒန္ၿမိဳ႕သို႔ လာေရာက္မည္ျဖစ္ ေၾကာင္း သိရသည္။
ခ်ယ္လ္ဆီးအသင္းတာဝန္ရွိသူမ်ားႏွင့္ နည္းျပ မာရက္ကာတို႔ၾကား ဆက္ဆံေရးတင္းမာမႈမ်ားရွိ လာၿပီးေနာက္ ၂၀၂၅ ခုႏွစ္ ဒီဇင္ဘာလက နည္းျပ မာရက္ကာက အသင္းနည္းျပရာထူးမွ ႏုတ္ထြက္ ၿပီးေနာက္ ၿပီးခဲ့သည့္ဇန္နဝါရီလက အသင္းနည္းျပသစ္အျဖစ္ ႐ိုစင္နီယာအား ခန႔္အပ္ခဲ့ျခင္းျဖစ္ သည္။
သို႔ေသာ္ နည္းျပ႐ိုစင္နီယာလက္ေအာက္တြင္ ခ်ယ္လ္ဆီးအသင္းအေနျဖင့္ ရလဒ္မ်ားဆက္တိုက္ဆိုး ႐ြားေနသည့္အတြက္ ၿပီးခဲ့သည့္ ဧၿပီလအတြင္းက နည္းျပ ႐ိုစင္နီယာကို နည္းျပရာထူးမွ ထုတ္ပယ္ခဲ့ ၿပီးေနာက္ ယခုေဘာလုံးရာသီကုန္အထိ ယာယီ နည္းျပအျဖစ္ လက္ေထာက္နည္းျပ မက္ဖာလန္းကို တာဝန္ေပးအပ္ခဲ့ျခင္းျဖစ္သည္။
နည္းျပ အလြန္ဆိုသည္လည္း ေလဗာကူဆင္ အသင္းကို တာဝန္ယူကိုင္တြယ္ခဲ့ရာ ေအာင္ျမင္မႈမ်ား ရယူႏိုင္ခဲ့ေသာ္လည္း ယခုေဘာလုံးရာသီတြင္ ရီးယဲလ္ မက္ဒရစ္အသင္းကို တာဝန္ယူကိုင္တြယ္ခဲ့ရာ အသင္း မွ အဓိကကစားသမားမ်ားႏွင့္ ဆက္ဆံေရး တင္းမာမႈမ်ားေၾကာင့္ ရာသီဝက္ကာလတြင္ ရာထူးမွထုတ္ ပယ္ခံရၿပီးေနာက္ ကလပ္အသင္းလက္မဲ့ျဖစ္ေနျခင္း ျဖစ္သည္။
ခ်ယ္လ္ဆီးအသင္းက နည္းျပသစ္အျဖစ္ အလြန္ဆိုအား ခန႔္အပ္ရန္ ၿပီးခဲ့သည့္ရက္ပိုင္းအတြင္းက ေဆြးေႏြးမႈမ်ားလုပ္ေဆာင္ရာတြင္ ေလးႏွစ္စာခ်ဳပ္ျဖင့္ ခန႔္အပ္ရန္သေဘာတူညီမႈရရွိျခင္းျဖစ္ၿပီးလာမည့္ ရက္သတၱပတ္အတြင္း တရားဝင္စာခ်ဳပ္ခ်ဳပ္ဆိုမည္ ျဖစ္ေသာ္လည္း ရာသီကုန္မွသာ တာဝန္ယူကိုင္တြယ္ မည္ျဖစ္သည္။ ခ်ယ္လ္ဆီးအသင္းကစားသမားမ်ားက နည္းျပအလြန္ဆိုအား နည္းျပသစ္ခန႔္အပ္ရန္ ေတာင္းဆိုမႈျပဳလုပ္လာသည့္အတြက္ ခ်ယ္လ္ဆီးအသင္း တာဝန္ရွိသူမ်ားကလည္း ခန႔္အပ္ရန္ ဆုံးျဖတ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
ချယ်လ်ဆီးအသင်းက နည်းပြသစ်အဖြစ် အလွန်ဆိုအား လေးနှစ်စာချုပ်ဖြင့် ခန့်အပ်ရန် သဘောတူညီမှု ရရှိ
===============================
ချယ်လ်ဆီးအသင်းက နည်းပြသစ်အဖြစ် ရီးယဲလ် မက်ဒရစ်အသင်းနည်းပြဟောင်း အလွန်ဆိုအား လေးနှစ်စာချုပ်ဖြင့် ခန့်အပ်ရန် သဘောတူညီမှုရရှိ ထားပြီး နည်းပြအလွန်ဆိုအနေဖြင့် တရားဝင်စာချုပ် ချုပ်ဆိုရန်အတွက် လာမည့် ရက်သတ္တပတ်အတွင်း အင်္ဂလန်နိုင်ငံ လန်ဒန်မြို့သို့ လာရောက်မည်ဖြစ် ကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းတာဝန်ရှိသူများနှင့် နည်းပြ မာရက်ကာတို့ကြား ဆက်ဆံရေးတင်းမာမှုများရှိ လာပြီးနောက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလက နည်းပြ မာရက်ကာက အသင်းနည်းပြရာထူးမှ နုတ်ထွက် ပြီးနောက် ပြီးခဲ့သည့်ဇန်နဝါရီလက အသင်းနည်းပြသစ်အဖြစ် ရိုစင်နီယာအား ခန့်အပ်ခဲ့ခြင်းဖြစ် သည်။
သို့သော် နည်းပြရိုစင်နီယာလက်အောက်တွင် ချယ်လ်ဆီးအသင်းအနေဖြင့် ရလဒ်များဆက်တိုက်ဆိုး ရွားနေသည့်အတွက် ပြီးခဲ့သည့် ဧပြီလအတွင်းက နည်းပြ ရိုစင်နီယာကို နည်းပြရာထူးမှ ထုတ်ပယ်ခဲ့ ပြီးနောက် ယခုဘောလုံးရာသီကုန်အထိ ယာယီ နည်းပြအဖြစ် လက်ထောက်နည်းပြ မက်ဖာလန်းကို တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
နည်းပြ အလွန်ဆိုသည်လည်း လေဗာကူဆင် အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့ရာ အောင်မြင်မှုများ ရယူနိုင်ခဲ့သော်လည်း ယခုဘောလုံးရာသီတွင် ရီးယဲလ် မက်ဒရစ်အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့ရာ အသင်း မှ အဓိကကစားသမားများနှင့် ဆက်ဆံရေး တင်းမာမှုများကြောင့် ရာသီဝက်ကာလတွင် ရာထူးမှထုတ် ပယ်ခံရပြီးနောက် ကလပ်အသင်းလက်မဲ့ဖြစ်နေခြင်း ဖြစ်သည်။
ချယ်လ်ဆီးအသင်းက နည်းပြသစ်အဖြစ် အလွန်ဆိုအား ခန့်အပ်ရန် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဆွေးနွေးမှုများလုပ်ဆောင်ရာတွင် လေးနှစ်စာချုပ်ဖြင့် ခန့်အပ်ရန်သဘောတူညီမှုရရှိခြင်းဖြစ်ပြီးလာမည့် ရက်သတ္တပတ်အတွင်း တရားဝင်စာချုပ်ချုပ်ဆိုမည် ဖြစ်သော်လည်း ရာသီကုန်မှသာ တာဝန်ယူကိုင်တွယ် မည်ဖြစ်သည်။ ချယ်လ်ဆီးအသင်းကစားသမားများက နည်းပြအလွန်ဆိုအား နည်းပြသစ်ခန့်အပ်ရန် တောင်းဆိုမှုပြုလုပ်လာသည့်အတွက် ချယ်လ်ဆီးအသင်း တာဝန်ရှိသူများကလည်း ခန့်အပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။




