ပရီးမီးယားလိဂ္ၿပိဳင္ပြဲ တစ္ႏွစ္တာ အေကာင္းဆုံးဆုမ်ားအတြက္ ဆန္ခါတင္စာရင္းမ်ား အသီးသီး ထုတ္ျပန္ေၾကညာ

ပရီးမီးယားလိဂ္ၿပိဳင္ပြဲ တစ္ႏွစ္တာ အေကာင္းဆုံးဆုမ်ားအတြက္ ဆန္ခါတင္စာရင္းမ်ား အသီးသီး ထုတ္ျပန္ေၾကညာ
===================================
ယခုေဘာလုံးရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပြဲ၏ တစ္ႏွစ္တာအေကာင္းဆုံးဆုမ်ားျဖစ္သည့္ တစ္ႏွစ္ တာအေကာင္းဆုံးကစားသမားဆု၊ တစ္ႏွစ္တာ အေကာင္းဆုံးနည္းျပဆုႏွင့္ တစ္ႏွစ္တာအေကာင္း ဆုံးလူငယ္ကစားသမားဆုတို႔အတြက္ဆန္ခါတင္ စာရင္းမ်ားကို ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္က အသီးသီး ထုတ္ျပန္ေၾကညာခဲ့ေၾကာင္း သိရသည္။

ပရီးမီးယားလိဂ္ၿပိဳင္ပြဲ၏ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုအတြက္ ဆန္ခါတင္ကစားသမား စာရင္းတြင္ ခ်န္ပီယံဆုအတြက္ အားၿပိဳင္ေနရသည့္ အာဆင္နယ္အသင္းႏွင့္ မန္စီးတီးအသင္းတို႔မွ ကစား သမားငါးဦးအထိပါဝင္လာကာ အာဆင္နယ္အသင္းမွ ဒီကလန္႐ိုဒ္၊ ဂါဘရီရယ္၊ ဂိုးသမား ႐ိုင္ယာ၊ မန္စီးတီး အသင္းမွ ဆီမီညိဳႏွင့္ ဟာလန္း၊ မန္ယူအသင္းမွ ဖာနန္ဒက္၊ ေနာ္တင္ဟမ္အသင္းမွ ေမာ္ဂန္ဂစ္ဝႈိက္ ႏွင့္ ဘရန႔္ဖို႔ဒ္အသင္းမွ အီေဂါသီယာဂိုတို႔ပါဝင္လာၾကၿပီး အဆိုပါဆုအတြက္ မန္ယူအသင္းႏွင့္အတူ အေကာင္းဆုံးေျခစြမ္းျပလ်က္ရွိသည့္ ကြင္းလယ္ကစားသမား ဖာနန္ဒက္က ထိပ္ဆုံးမွေရပန္းစား လ်က္ရွိသည္။

အလားတူ တစ္ႏွစ္တာအေကာင္းဆုံး နည္းျပဆုအတြက္ ဆန္ခါတင္နည္းျပစာရင္းတြင္ မန္ယူအသင္းကို ေလးလခန႔္သာ တာဝန္ယူကိုင္တြယ္ၿပီး ရလဒ္ ေကာင္းမ်ားရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့သည့္ နည္းျပကာရစ္ႏွင့္အတူ အာဆင္နယ္အသင္း နည္းျပ အာတီတာ၊ မန္စီးတီးအသင္းနည္းျပ ဂြါဒီယိုလာ၊ ဘရန႔္ဖို႔ဒ္အသင္းနည္းျပ အန္ဒ႐ူး၊ ဘုန္းေမာက္အသင္းနည္းျပ အီရာလိုအာႏွင့္ ဆန္းဒါးလန္းအသင္း နည္းျပလီဘရစ္တို႔ပါဝင္လာသည္။

တစ္ႏွစ္တာအေကာင္းဆုံးလူငယ္ ကစားသမားဆုအတြက္ ဆန္ခါတင္စာရင္းတြင္ မန္စီးတီးအသင္းမွ ခ်က္ကီ၊ အိုရီလီ၊ ဝက္စ္ဟမ္းအသင္းမွ ဖာနန္ဒက္၊ နယူးကာဆယ္အသင္းမွ လီဝွစ္ေဟာ၊ ဘရန႔္ဖို႔ဒ္အသင္းမွ ကာယိုဒီ၊ ဘုန္းေမာက္အသင္းမွ ကာ႐ူပီႏွင့္ အဲလက္စေကာ့၊ မန္ယူအသင္းမွ ကိုဘီမိုင္ႏူးတို႔ပါဝင္ေနၿပီး အဆိုပါဆုကို မန္စီးတီးအသင္းႏွင့္ အေကာင္းဆုံးေျခစြမ္းျပလ်က္ရွိသည့္ လူငယ္ကစားသမား ခ်က္ကီက ထိပ္ဆုံးမွေရပန္းစားလ်က္ ရွိေၾကာင္း သိရသည္။


ပရီးမီးယားလိဂ်ပြိုင်ပွဲ တစ်နှစ်တာ အကောင်းဆုံးဆုများအတွက် ဆန်ခါတင်စာရင်းများ အသီးသီး ထုတ်ပြန်ကြေညာ
===================================
ယခုဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ တစ်နှစ်တာအကောင်းဆုံးဆုများဖြစ်သည့် တစ်နှစ် တာအကောင်းဆုံးကစားသမားဆု၊ တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုနှင့် တစ်နှစ်တာအကောင်း ဆုံးလူငယ်ကစားသမားဆုတို့အတွက်ဆန်ခါတင် စာရင်းများကို ပရီးမီးယားလိဂ်အဖွဲ့ချုပ်က အသီးသီး ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်ကစားသမား စာရင်းတွင် ချန်ပီယံဆုအတွက် အားပြိုင်နေရသည့် အာဆင်နယ်အသင်းနှင့် မန်စီးတီးအသင်းတို့မှ ကစား သမားငါးဦးအထိပါဝင်လာကာ အာဆင်နယ်အသင်းမှ ဒီကလန်ရိုဒ်၊ ဂါဘရီရယ်၊ ဂိုးသမား ရိုင်ယာ၊ မန်စီးတီး အသင်းမှ ဆီမီညိုနှင့် ဟာလန်း၊ မန်ယူအသင်းမှ ဖာနန်ဒက်၊ နော်တင်ဟမ်အသင်းမှ မော်ဂန်ဂစ်ဝှိုက် နှင့် ဘရန့်ဖို့ဒ်အသင်းမှ အီဂေါသီယာဂိုတို့ပါဝင်လာကြပြီး အဆိုပါဆုအတွက် မန်ယူအသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြလျက်ရှိသည့် ကွင်းလယ်ကစားသမား ဖာနန်ဒက်က ထိပ်ဆုံးမှရေပန်းစား လျက်ရှိသည်။

အလားတူ တစ်နှစ်တာအကောင်းဆုံး နည်းပြဆုအတွက် ဆန်ခါတင်နည်းပြစာရင်းတွင် မန်ယူအသင်းကို လေးလခန့်သာ တာဝန်ယူကိုင်တွယ်ပြီး ရလဒ် ကောင်းများရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြကာရစ်နှင့်အတူ အာဆင်နယ်အသင်း နည်းပြ အာတီတာ၊ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ၊ ဘရန့်ဖို့ဒ်အသင်းနည်းပြ အန်ဒရူး၊ ဘုန်းမောက်အသင်းနည်းပြ အီရာလိုအာနှင့် ဆန်းဒါးလန်းအသင်း နည်းပြလီဘရစ်တို့ပါဝင်လာသည်။

တစ်နှစ်တာအကောင်းဆုံးလူငယ် ကစားသမားဆုအတွက် ဆန်ခါတင်စာရင်းတွင် မန်စီးတီးအသင်းမှ ချက်ကီ၊ အိုရီလီ၊ ဝက်စ်ဟမ်းအသင်းမှ ဖာနန်ဒက်၊ နယူးကာဆယ်အသင်းမှ လီဝှစ်ဟော၊ ဘရန့်ဖို့ဒ်အသင်းမှ ကာယိုဒီ၊ ဘုန်းမောက်အသင်းမှ ကာရူပီနှင့် အဲလက်စကော့၊ မန်ယူအသင်းမှ ကိုဘီမိုင်နူးတို့ပါဝင်နေပြီး အဆိုပါဆုကို မန်စီးတီးအသင်းနှင့် အကောင်းဆုံးခြေစွမ်းပြလျက်ရှိသည့် လူငယ်ကစားသမား ချက်ကီက ထိပ်ဆုံးမှရေပန်းစားလျက် ရှိကြောင်း သိရသည်။