ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ဦးခင္ရီ မေကြးတိုင္းေဒသႀကီးပါတီမွ ေ႐ြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ တိုင္း၊ ခ႐ိုင္၊ ၿမိဳ႕နယ္မ်ားမွ ပါတီတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံ

ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ဦးခင္ရီ မေကြးတိုင္းေဒသႀကီးပါတီမွ ေ႐ြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ တိုင္း၊ ခ႐ိုင္၊ ၿမိဳ႕နယ္မ်ားမွ ပါတီတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံ
=========================
ေမ ၁၅၊ ေနျပည္ေတာ္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ၁၄-၅-၂၀၂၆ ရက္ေန႔ ေန႔လည္ပိုင္းတြင္ မေကြးတိုင္းေဒသႀကီး ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ တိုင္းေဒသႀကီးပါတီ႐ုံးခန္းမ၌ က်င္းပျပဳလုပ္ေသာ မေကြးတိုင္းေဒသႀကီးပါတီမွ ေ႐ြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ တိုင္း၊ ခ႐ိုင္၊ ၿမိဳ႕နယ္မ်ားမွ ပါတီတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံပြဲသို႔ တက္ေရာက္ခဲ့ပါသည္။

ေတြ႕ဆုံပြဲတြင္ ပါတီဥကၠ႒ ဦးခင္ရီက အဖြင့္အမွာစကားေျပာၾကားရာ ပါတီ၏ ေ႐ြးေကာက္ပြဲေအာင္ႏိုင္မႈ အေျခအေန၊ ပါတီ၏ ေဆာင္႐ြက္ေနေသာလုပ္ငန္းမ်ားႏွင့္ ေရွ႕လုပ္ငန္းစဥ္မ်ား၊ အစိုးရ လႊတ္ေတာ္ ပါတီ စည္းလုံးညီၫြတ္စြာျဖင့္ ႏိုင္ငံေတာ္ႏွင့္ ျပည္သူ႔ဘဝ ဖြံ႕ၿဖိဳးတိုးတက္ေအာင္ ဝိုင္းဝန္းေဆာင္႐ြက္ၾကရန္ မွာၾကားပါသည္။ ၎ေနာက္ မေကြးတိုင္းေဒသႀကီး ပါတီဥကၠ႒ ေဒါက္တာေမာင္ေမာင္ေ႒းက မေကြးတိုင္းအတြင္း ပါတီ၏ ေ႐ြးေကာက္ပြဲေအာင္ႏိုင္မႈအေျခအေန၊ ပါတီဥကၠ႒ႀကီးႏွင့္ ပါတီ၏လုပ္ငန္းလမ္းၫႊန္ခ်က္မ်ားအား ေဆာင္႐ြက္ထားရွိမႈအေျခအေနမ်ားအား ရွင္းလင္းတင္ျပၿပီး တက္ေရာက္လာေသာ ပါတီတာဝန္ရွိသူမ်ားက သိရွိလိုသည္မ်ားႏွင့္ ေဆာင္႐ြက္ရန္ကိစၥရပ္မ်ားအား တင္ျပရာ ပါတီဥကၠ႒က ျပန္လည္ရွင္းလင္းေဆြးေႏြးခဲ့ပါသည္။

ထို႔ေနာက္ ပါတီဥကၠ႒ ဦးခင္ရီက နိဂုံးခ်ဳပ္အမွာစကားေျပာၾကားၿပီး ေတြ႕ဆုံပြဲအခမ္းအနားအားေအာင္ျမင္စြာ ႐ုတ္သိမ္းခဲ့ပါသည္။ အဆိုပါ ေတြ႕ဆုံပြဲအခမ္းအနားသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ မေကြးတိုင္းေဒသႀကီးပါတီဥကၠ႒ ေဒါက္တာေမာင္ေမာင္ေ႒း၊ ေ႐ြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ တိုင္း၊ ခ႐ိုင္၊ ၿမိဳ႕နယ္မ်ားမွ ပါတီတာဝန္ရွိသူမ်ားတက္ေရာက္ခဲ့ၾကပါသည္။


ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ မကွေးတိုင်းဒေသကြီးပါတီမှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်များမှ ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ
=========================
မေ ၁၅၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၁၄-၅-၂၀၂၆ ရက်နေ့ နေ့လည်ပိုင်းတွင် မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီးပါတီရုံးခန်းမ၌ ကျင်းပပြုလုပ်သော မကွေးတိုင်းဒေသကြီးပါတီမှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်များမှ ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပါသည်။

တွေ့ဆုံပွဲတွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီက အဖွင့်အမှာစကားပြောကြားရာ ပါတီ၏ ရွေးကောက်ပွဲအောင်နိုင်မှု အခြေအနေ၊ ပါတီ၏ ဆောင်ရွက်နေသောလုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များ၊ အစိုးရ လွှတ်တော် ပါတီ စည်းလုံးညီညွတ်စွာဖြင့် နိုင်ငံတော်နှင့် ပြည်သူ့ဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရန် မှာကြားပါသည်။ ၎င်းနောက် မကွေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဋ္ဌေးက မကွေးတိုင်းအတွင်း ပါတီ၏ ရွေးကောက်ပွဲအောင်နိုင်မှုအခြေအနေ၊ ပါတီဥက္ကဋ္ဌကြီးနှင့် ပါတီ၏လုပ်ငန်းလမ်းညွှန်ချက်များအား ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာသော ပါတီတာဝန်ရှိသူများက သိရှိလိုသည်များနှင့် ဆောင်ရွက်ရန်ကိစ္စရပ်များအား တင်ပြရာ ပါတီဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ထို့နောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီက နိဂုံးချုပ်အမှာစကားပြောကြားပြီး တွေ့ဆုံပွဲအခမ်းအနားအားအောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ မကွေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဋ္ဌေး၊ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်များမှ ပါတီတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။