ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ဦးခင္ရီ မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္ ေရးရာေကာ္မတီအဖြဲ႕မ်ားႏွင့္ေတြ႕ဆုံ



ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ဦးခင္ရီ မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္ ေရးရာေကာ္မတီအဖြဲ႕မ်ားႏွင့္ေတြ႕ဆုံ
===============
ေမ ၁၅၊ ေနျပည္ေတာ္
မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္သို႔ ေရာက္ရွိေနေသာ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ၁၄-၅-၂၀၂၆ ရက္ေန႔ ေန႔လည္ပိုင္းတြင္ မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္မွ ေရးရာေကာ္မတီအဖြဲ႕မ်ားမွ ဥကၠ႒မ်ား၊ အတြင္းေရးမႉးမ်ား၊ အဖြဲ႕ဝင္မ်ားႏွင့္ေတြ႕ဆုံပြဲအခမ္းအနားသို႔ တက္ေရာက္ခဲ့ပါသည္။
ေတြ႕ဆုံပြဲတြင္ မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္ ဥကၠ႒ ေဒါက္တာေမာင္ေမာင္ေ႒းက ေရးရာေကာ္မတီမ်ား ဖြဲ႕စည္းထားမႈႏွင့္ လုပ္ငန္းတာဝန္မ်ားအား အက်ယ္တဝံ့ရွင္းလင္းတင္ျပၿပီး ေရးရာေကာ္မတီမ်ားမွလည္း သက္ဆိုင္ရာက႑အလိုက္ ေဆြးေႏြးတင္ျပၾကပါသည္။ ၎ေနာက္ ပါတီဥကၠ႒ ဦးခင္ရီက ေဆြးေႏြးတင္ျပခ်က္မ်ားႏွင့္ စပ္လ်ဥ္းၿပီး ျပန္လည္ရွင္းလင္းေဆြးေႏြးကာ ေတြ႕ဆုံပြဲအား ႐ုတ္သိမ္းခဲ့ပါသည္။
ထို႔ေနာက္ ပါတီဥကၠ႒ ဦးခင္ရီသည္ မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္ အေဆာက္အဦႏွင့္ ခန္းမတို႔အား လိုက္လံၾကည့္ရႈခဲ့ၿပီး ဧည့္သည့္ေတာ္မွတ္တမ္းတြင္ လက္မွတ္ေရးထိုးခဲ့ေၾကာင္း သတင္းရရွိပါသည္။
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ မကွေးတိုင်းဒေသကြီးလွှတ်တော် ရေးရာကော်မတီအဖွဲ့များနှင့်တွေ့ဆုံ
===============
မေ ၁၅၊ နေပြည်တော်
မကွေးတိုင်းဒေသကြီးလွှတ်တော်သို့ ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၁၄-၅-၂၀၂၆ ရက်နေ့ နေ့လည်ပိုင်းတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်မှ ရေးရာကော်မတီအဖွဲ့များမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များနှင့်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
တွေ့ဆုံပွဲတွင် မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဋ္ဌေးက ရေးရာကော်မတီများ ဖွဲ့စည်းထားမှုနှင့် လုပ်ငန်းတာဝန်များအား အကျယ်တဝံ့ရှင်းလင်းတင်ပြပြီး ရေးရာကော်မတီများမှလည်း သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပါသည်။ ၎င်းနောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီက ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဥ်းပြီး ပြန်လည်ရှင်းလင်းဆွေးနွေးကာ တွေ့ဆုံပွဲအား ရုတ်သိမ်းခဲ့ပါသည်။
ထို့နောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီသည် မကွေးတိုင်းဒေသကြီးလွှတ်တော် အဆောက်အဦနှင့် ခန်းမတို့အား လိုက်လံကြည့်ရှုခဲ့ပြီး ဧည့်သည့်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိပါသည်။




