ျပည္ခိုင္ၿဖိဳးပါတီ အေထြေထြအတြင္းေရးမႉး၊ ဦးေသာင္းေအးစပါယ္ကုန္း(ေတာင္)ေက်း႐ြာရွိ မိဘျပည္သူမ်ားအားေက်းဇူးတင္စကား သြားေရာက္ေျပာၾကား



ျပည္ခိုင္ၿဖိဳးပါတီ အေထြေထြအတြင္းေရးမႉး၊ ဦးေသာင္းေအးစပါယ္ကုန္း(ေတာင္)ေက်း႐ြာရွိ မိဘျပည္သူမ်ားအားေက်းဇူးတင္စကား သြားေရာက္ေျပာၾကား
=======================
ေပ်ာ္ဘြယ္ ေမ ၁၄
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ အေထြေထြအတြင္းေရးမႉး၊ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအးသည္ ေမလ(၁၄)ရက္ကတိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ဦးေအာင္ႏိုင္ၫႊန္႔ႏွင့္ပါတီတာဝန္ရွိသူမ်ားလိုက္ပါ၍ေပ်ာ္ဘြယ္ၿမိဳ႕နယ္၊ပဲကန္ေက်း႐ြာအုပ္စု၊ကန္ဖ်ားေက်း႐ြာခြဲ၊စပါယ္ကုန္း(ေတာင္)႐ြာသို႔သြားေရာက္ၿပီးမိဘျပည္သူမ်ားအားျပည္ခိုင္ၿဖိဳးပါတီအေပၚယုံၾကည္စြာမဲေပးေ႐ြးခ်ယ္ခဲ့ျခင္းအတြက္ေက်းဇူးတင္စကားေျပာၾကားခဲ့ၿပီး
ေဒသဖြံ႕ၿဖိဳးေရးအတြက္လိုအပ္ခ်က္မ်ားရွိပါကမိမိထံသို႔တိုက္႐ိုက္ေသာ္လည္းေကာင္း၊ေပ်ာ္ဘြယ္ၿမိဳ႕ရွိလႊတ္ေတာ္ကိုယ္စားလွယ္မ်ား႐ုံးသို႔လည္းေကာင္းဆက္သြယ္တင္ျပႏိုင္ေၾကာင္း၊ေက်း႐ြာမ်ားအပါအဝင္ႏိုင္ငံေတာ္ႀကီးတည္ၿငိမ္ေအးခ်မ္းဖြံၿဖိဳးတိုးတက္ေရးအတြက္သူသူငွာငွာမခြဲျခားပဲစိတ္ဝမ္းမကြဲညီၫြတ္စြာေဆာင္႐ြက္သြားၾကရန္လိုေၾကာင္း၊မိမိတို႔ပါတီသည္ျပည္သူေတြအက်ိဳးအတြက္အၿမဲေဆာင္႐ြက္လွ်က္ရွိသည့္ပါတီျဖစ္သည္ႏွင့္အညီယခုေက်း႐ြာဖြံၿဖိဳးတိုးတက္ေရးအတြက္လိုအပ္ခ်က္မ်ားကိုလည္းကူညီေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္းေျပာၾကားခဲ့ပါသည္။
၎ေနာက္ ေက်း႐ြာေနမိဘျပည္သူမ်ား ၾကည္ညိဳသဒၶါပြားမ်ားႏိုင္ရန္ဘုရားဆင္းတုေတာ္ (၄၀)ဆူမဲေဖာက္လႉဒါန္းေပးခဲ့ပါသည္။
ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး၊ ဦးသောင်းအေးစပါယ်ကုန်း(တောင်)ကျေးရွာရှိ မိဘပြည်သူများအားကျေးဇူးတင်စကား သွားရောက်ပြောကြား
=======================
ပျော်ဘွယ် မေ ၁၄
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးသည် မေလ(၁၄)ရက်ကတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးအောင်နိုင်ညွှန့်နှင့်ပါတီတာဝန်ရှိသူများလိုက်ပါ၍ပျော်ဘွယ်မြို့နယ်၊ပဲကန်ကျေးရွာအုပ်စု၊ကန်ဖျားကျေးရွာခွဲ၊စပါယ်ကုန်း(တောင်)ရွာသို့သွားရောက်ပြီးမိဘပြည်သူများအားပြည်ခိုင်ဖြိုးပါတီအပေါ်ယုံကြည်စွာမဲပေးရွေးချယ်ခဲ့ခြင်းအတွက်ကျေးဇူးတင်စကားပြောကြားခဲ့ပြီး
ဒေသဖွံ့ဖြိုးရေးအတွက်လိုအပ်ချက်များရှိပါကမိမိထံသို့တိုက်ရိုက်သော်လည်းကောင်း၊ပျော်ဘွယ်မြို့ရှိလွှတ်တော်ကိုယ်စားလှယ်များရုံးသို့လည်းကောင်းဆက်သွယ်တင်ပြနိုင်ကြောင်း၊ကျေးရွာများအပါအဝင်နိုင်ငံတော်ကြီးတည်ငြိမ်အေးချမ်းဖွံဖြိုးတိုးတက်ရေးအတွက်သူသူငှာငှာမခွဲခြားပဲစိတ်ဝမ်းမကွဲညီညွတ်စွာဆောင်ရွက်သွားကြရန်လိုကြောင်း၊မိမိတို့ပါတီသည်ပြည်သူတွေအကျိုးအတွက်အမြဲဆောင်ရွက်လျှက်ရှိသည့်ပါတီဖြစ်သည်နှင့်အညီယခုကျေးရွာဖွံဖြိုးတိုးတက်ရေးအတွက်လိုအပ်ချက်များကိုလည်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
၎င်းနောက် ကျေးရွာနေမိဘပြည်သူများ ကြည်ညိုသဒ္ဓါပွားများနိုင်ရန်ဘုရားဆင်းတုတော် (၄၀)ဆူမဲဖောက်လှူဒါန်းပေးခဲ့ပါသည်။




