မ်က္မျမင္ႏွင့္ နားမၾကားေသာကေလးမ်ားေက်ာင္းမ်ားတြင္ ေက်ာင္းသားသစ္မ်ားေခၚယူ၊ စားေသာက္ေနထိုင္စရိတ္ ႏိုင္ငံေတာ္မွ အခမဲ့ေထာက္ပံ့မည္

မ်က္မျမင္ႏွင့္ နားမၾကားေသာကေလးမ်ားေက်ာင္းမ်ားတြင္ ေက်ာင္းသားသစ္မ်ားေခၚယူ၊ စားေသာက္ေနထိုင္စရိတ္ ႏိုင္ငံေတာ္မွ အခမဲ့ေထာက္ပံ့မည္
=============================
လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန လက္ေအာက္ရွိ မ်က္မျမင္ေက်ာင္းမ်ားႏွင့္ နားမၾကားေသာကေလးမ်ားေက်ာင္းမ်ားတြင္ ယခု ၂၀၂၆-၂၀၂၇ ပညာသင္ႏွစ္အတြက္ ေက်ာင္းသား၊ ေက်ာင္းသူသစ္မ်ားကို လက္ခံေခၚယူေနၿပီျဖစ္ေၾကာင္း ေမလ ၁၃ ရက္ တြင္ အသိေပးထုတ္ျပန္လိုက္သည္။
ေလွ်ာက္ထားႏိုင္သည့္ ေက်ာင္းမ်ား
မ်က္မျမင္ေက်ာင္းမ်ား
ရန္ကုန္ၿမိဳ႕ (ၾကည့္ျမင္တိုင္) ႏွင့္ စစ္ကိုင္းၿမိဳ႕ရွိ မ်က္မျမင္ေက်ာင္းမ်ားတြင္ ေလွ်ာက္ထားႏိုင္သည္။
နားမၾကားေသာကေလးမ်ားေက်ာင္းမ်ား
ရန္ကုန္ေက်ာင္းႏွင့္ မႏၲေလးေက်ာင္းတို႔တြင္ သတ္မွတ္ခ်က္ႏွင့္ကိုက္ညီသည့္ ကေလးငယ္မ်ား တက္ေရာက္ရန္ ေလွ်ာက္ထားႏိုင္သည္။
ခံစားခြင့္ႏွင့္ ေထာက္ပံ့မႈမ်ား
အဆိုပါေက်ာင္းမ်ားတြင္ တက္ေရာက္မည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ ေက်ာင္းဝင္ေၾကးႏွင့္ ေက်ာင္းလခမ်ား ေပးသြင္းရန္ မလိုသည့္အျပင္၊ ေက်ာင္းအိပ္ေက်ာင္းစား ေနထိုင္စရိတ္ႏွင့္ စားေသာက္စရိတ္မ်ားကိုလည္း ႏိုင္ငံေတာ္က အခမဲ့ေထာက္ပံ့ေပးသြားမည္ ျဖစ္သည္။
ဆက္သြယ္စုံစမ္းရန္
ေက်ာင္းဝင္ခြင့္အတြက္ လိုအပ္သည့္ အေသးစိတ္သတ္မွတ္ခ်က္မ်ားႏွင့္ သိရွိလိုသည့္ အခ်က္အလက္မ်ားကို လူမႈဝန္ထမ္းဦးစီးဌာန၊ မသန္စြမ္းသူမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးဌာနခြဲ (သို႔မဟုတ္) သက္ဆိုင္ရာေက်ာင္းမ်ားသို႔ ႐ုံးခ်ိန္အတြင္း လူကိုယ္တိုင္ျဖစ္ေစ၊ ဖုန္းျဖင့္ျဖစ္ေစ ဆက္သြယ္စုံစမ္းႏိုင္ေၾကာင္း သတင္းရရွိသည္။
မျက်မမြင်နှင့် နားမကြားသောကလေးများကျောင်းများတွင် ကျောင်းသားသစ်များခေါ်ယူ၊ စားသောက်နေထိုင်စရိတ် နိုင်ငံတော်မှ အခမဲ့ထောက်ပံ့မည်
=============================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ မျက်မမြင်ကျောင်းများနှင့် နားမကြားသောကလေးများကျောင်းများတွင် ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူသစ်များကို လက်ခံခေါ်ယူနေပြီဖြစ်ကြောင်း မေလ ၁၃ ရက် တွင် အသိပေးထုတ်ပြန်လိုက်သည်။
လျှောက်ထားနိုင်သည့် ကျောင်းများ
မျက်မမြင်ကျောင်းများ
ရန်ကုန်မြို့ (ကြည့်မြင်တိုင်) နှင့် စစ်ကိုင်းမြို့ရှိ မျက်မမြင်ကျောင်းများတွင် လျှောက်ထားနိုင်သည်။
နားမကြားသောကလေးများကျောင်းများ
ရန်ကုန်ကျောင်းနှင့် မန္တလေးကျောင်းတို့တွင် သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ကလေးငယ်များ တက်ရောက်ရန် လျှောက်ထားနိုင်သည်။
ခံစားခွင့်နှင့် ထောက်ပံ့မှုများ
အဆိုပါကျောင်းများတွင် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝင်ကြေးနှင့် ကျောင်းလခများ ပေးသွင်းရန် မလိုသည့်အပြင်၊ ကျောင်းအိပ်ကျောင်းစား နေထိုင်စရိတ်နှင့် စားသောက်စရိတ်များကိုလည်း နိုင်ငံတော်က အခမဲ့ထောက်ပံ့ပေးသွားမည် ဖြစ်သည်။
ဆက်သွယ်စုံစမ်းရန်
ကျောင်းဝင်ခွင့်အတွက် လိုအပ်သည့် အသေးစိတ်သတ်မှတ်ချက်များနှင့် သိရှိလိုသည့် အချက်အလက်များကို လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ (သို့မဟုတ်) သက်ဆိုင်ရာကျောင်းများသို့ ရုံးချိန်အတွင်း လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သတင်းရရှိသည်။




