တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ႏွင့္ ေတြ႕ဆုံရန္ အေမရိကန္သမၼတ ထရမ့္ ေပက်င္းေရာက္ရွိ

တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ႏွင့္ ေတြ႕ဆုံရန္ အေမရိကန္သမၼတ ထရမ့္ ေပက်င္းေရာက္ရွိ
===============================
တ႐ုတ္ႏိုင္ငံသမၼတ ရွီက်င့္ဖ်င္၏ ဖိတ္ၾကားခ်က္အရ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္သည္ ေမ ၁၃ ရက္ ညေနပိုင္းက အထူးေလယာဥ္ျဖင့္ တ႐ုတ္ႏိုင္ငံ ေပက်င္းၿမိဳသို ေရာက္ရွိလာေၾကာင္း သိရသည္။

ထရမ့္ကို တ႐ုတ္ႏိုင္ငံ ဒုတိယသမၼတ ဟန္က်ိန႔္က ေလဆိပ္တြင္ ႀကိဳဆိုႏႈတ္ဆက္ခဲ့ေၾကာင္း သိရသည္။

ထရမ့္သည္ ေမ ၁၃ ရက္မွ ေမ ၁၅ ရက္အထိ တ႐ုတ္ႏိုင္ငံတြင္ ခ်စ္ၾကည္ေရးခရီးစဥ္အျဖစ္ ေရာက္ရွိေနမည္ျဖစ္ၿပီး တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ႏွင့္ ေတြ႕ဆုံကာ တ႐ုတ္-အေမရိကန္ ႏွစ္ႏိုင္ငံဆက္ဆံေရးအျပင္ ကမာၻ႔ၿငိမ္းခ်မ္းေရးႏွင့္ ဖြံၿဖိဳးတိုးတက္ေရးဆိုင္ရာ ကိစၥရပ္မ်ားကို ေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ယခုေတြ႕ဆုံမႈသည္ ႏွစ္ႏိုင္ငံေခါင္းေဆာင္မ်ားအၾကား ၿပီးခဲ့သည့္ႏွစ္ ေအာက္တိုဘာလက ျပဳလုပ္ခဲ့သည့္ ဘူဆန္ေတြ႕ဆုံပြဲေနာက္ပိုင္း ထပ္မံေတြ႕ဆုံျခင္းျဖစ္ၿပီး အေမရိကန္သမၼတတစ္ဦးအေနျဖင့္ ကိုးႏွစ္အတြင္း ပထမဆုံးအႀကိမ္ တ႐ုတ္ႏိုင္ငံသို႔ လာေရာက္သည့္ ခရီးစဥ္ျဖစ္ေၾကာင္း သိရသည္။


တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံရန် အမေရိကန်သမ္မတ ထရမ့် ပေကျင်းရောက်ရှိ
===============================
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မေ ၁၃ ရက် ညနေပိုင်းက အထူးလေယာဉ်ဖြင့် တရုတ်နိုင်ငံ ပေကျင်းမြိုသို ရောက်ရှိလာကြောင်း သိရသည်။

ထရမ့်ကို တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့်က လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ထရမ့်သည် မေ ၁၃ ရက်မှ မေ ၁၅ ရက်အထိ တရုတ်နိုင်ငံတွင် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေမည်ဖြစ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံကာ တရုတ်-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးအပြင် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုတွေ့ဆုံမှုသည် နှစ်နိုင်ငံခေါင်းဆောင်များအကြား ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ပြုလုပ်ခဲ့သည့် ဘူဆန်တွေ့ဆုံပွဲနောက်ပိုင်း ထပ်မံတွေ့ဆုံခြင်းဖြစ်ပြီး အမေရိကန်သမ္မတတစ်ဦးအနေဖြင့် ကိုးနှစ်အတွင်း ပထမဆုံးအကြိမ် တရုတ်နိုင်ငံသို့ လာရောက်သည့် ခရီးစဉ်ဖြစ်ကြောင်း သိရသည်။