ပုဂံေဒသရွိ ေရွးေဟာင္းေစတီပုထိုး အေဆာက္အအုံမ်ား၏ ေခတ္အလိုက္အုတ္ျမစ္ တည္ေဆာက္မႈစနစ္အား တူးေဖာ္သုေတသနျပဳလ်က္ရွိ မည္သူမဆို လာေရာက္ေလ့လာႏိုင္

ပုဂံေဒသရွိ ေရွးေဟာင္းေစတီပုထိုး အေဆာက္အအုံမ်ား၏ ေခတ္အလိုက္အုတ္ျမစ္ တည္ေဆာက္မႈစနစ္အား တူးေဖာ္သုေတသနျပဳလ်က္ရွိ မည္သူမဆို လာေရာက္ေလ့လာႏိုင္
==========================
ပုဂံေဒသရွိ ေခတ္အဆက္ဆက္ တည္ေဆာက္ခဲ့ေသာ ေရွးေဟာင္းေစတီပုထိုး အေဆာက္အအုံမ်ား၏ ေျမျပင္ေအာက္တြင္ တည္ေဆာက္ခဲ့သည့္ အုတ္ျမစ္တည္ေဆာက္မႈစနစ္အား သိရွိႏိုင္ရန္ ဟိုတယ္၊ ခရီးသြားလာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန၊ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန (ပုဂံဌာနခြဲ) သုေတသနဌာနစုက တူးေဖာ္သုေတသနျပဳ ေလ့လာလ်က္ရွိသည္။
၂၀၂၃ ခုႏွစ္မွစ၍ ေခတ္ကာလမတူညီေသာ ေရွးေဟာင္းေစတီပုထိုးအေဆာက္အအုံ ၁၂ ခု၏ အုတ္ျမစ္တည္ေဆာက္မႈစနစ္ကို တူးေဖာ္သုေတသနျပဳ ေလ့လာခဲ့ၿပီး ယခု ၂၀၂၆ ခုႏွစ္တြင္ သဗၺညဳဂူဘုရား အေနာက္ဘက္ မီးမေလာင္ေက်ာင္းအနီးရွိ ငကြၽဲနားေတာင္းေစတီ (ေရွးေဟာင္းအေဆာက္အအုံအမွတ္-၁၆၀၃)၊ ပုဂံေရွးေဟာင္းသုေတသနျပတိုက္ေရွ႕ရွိ ေပါက္ပင္ရာေစတီ (ေရွးေဟာင္းအေဆာက္အအုံအမွတ္-၁၆၁၄)၊ ေညာင္ဦး-ပုဂံၿမိဳ႕ေဟာင္း ကားလမ္းေဘး မင္းအိုခ်မ္းသာဘုရား အေရွ႕ဘက္ရွိ ေရွးေဟာင္းအေဆာက္အအုံအမွတ္-၁၉၀၅ တို႔၏ အုတ္ျမစ္တည္ေဆာက္မႈစနစ္ကို တူးေဖာ္သုေတသနျပဳမည္ျဖစ္သည္။
တူးေဖာ္သုေတသနျပဳေနမႈမ်ားႏွင့္ပတ္သက္၍ ေလ့လာလိုသည့္ သုေတသီမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေရွးေဟာင္းသုေတသနဆိုင္ရာ တူးေဖာ္သုေတသနျပဳမႈမ်ားကို စိတ္ပါဝင္စားသည့္ မည္သူမဆို လာေရာက္ေလ့လာႏိုင္ေၾကာင္း ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန (ပုဂံဌာနခြဲ) ၫႊန္ၾကားေရးမႉးထံမွ သိရသည္။
#MWD
ပုဂံဒေသရှိ ရှေးဟောင်းစေတီပုထိုး အဆောက်အအုံများ၏ ခေတ်အလိုက်အုတ်မြစ် တည်ဆောက်မှုစနစ်အား တူးဖော်သုတေသနပြုလျက်ရှိ မည်သူမဆို လာရောက်လေ့လာနိုင်
==========================
ပုဂံဒေသရှိ ခေတ်အဆက်ဆက် တည်ဆောက်ခဲ့သော ရှေးဟောင်းစေတီပုထိုး အဆောက်အအုံများ၏ မြေပြင်အောက်တွင် တည်ဆောက်ခဲ့သည့် အုတ်မြစ်တည်ဆောက်မှုစနစ်အား သိရှိနိုင်ရန် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) သုတေသနဌာနစုက တူးဖော်သုတေသနပြု လေ့လာလျက်ရှိသည်။
၂၀၂၃ ခုနှစ်မှစ၍ ခေတ်ကာလမတူညီသော ရှေးဟောင်းစေတီပုထိုးအဆောက်အအုံ ၁၂ ခု၏ အုတ်မြစ်တည်ဆောက်မှုစနစ်ကို တူးဖော်သုတေသနပြု လေ့လာခဲ့ပြီး ယခု ၂၀၂၆ ခုနှစ်တွင် သဗ္ဗညုဂူဘုရား အနောက်ဘက် မီးမလောင်ကျောင်းအနီးရှိ ငကျွဲနားတောင်းစေတီ (ရှေးဟောင်းအဆောက်အအုံအမှတ်-၁၆၀၃)၊ ပုဂံရှေးဟောင်းသုတေသနပြတိုက်ရှေ့ရှိ ပေါက်ပင်ရာစေတီ (ရှေးဟောင်းအဆောက်အအုံအမှတ်-၁၆၁၄)၊ ညောင်ဦး-ပုဂံမြို့ဟောင်း ကားလမ်းဘေး မင်းအိုချမ်းသာဘုရား အရှေ့ဘက်ရှိ ရှေးဟောင်းအဆောက်အအုံအမှတ်-၁၉၀၅ တို့၏ အုတ်မြစ်တည်ဆောက်မှုစနစ်ကို တူးဖော်သုတေသနပြုမည်ဖြစ်သည်။
တူးဖော်သုတေသနပြုနေမှုများနှင့်ပတ်သက်၍ လေ့လာလိုသည့် သုတေသီများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်သုတေသနပြုမှုများကို စိတ်ပါဝင်စားသည့် မည်သူမဆို လာရောက်လေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူးထံမှ သိရသည်။
#MWD




