ဓာတ္ေျမဩဇာတင္သြင္းမႈအေပၚ ႀကိဳတင္ဝင္ေငြခြန္ကင္းလြတ္ခြင့္ ေမလကုန္အထိ တိုးျမႇင့္

ဓာတ္ေျမဩဇာတင္သြင္းမႈအေပၚ ႀကိဳတင္ဝင္ေငြခြန္ကင္းလြတ္ခြင့္ ေမလကုန္အထိ တိုးျမႇင့္
======================
ေမ ၇

ႏိုင္ငံေတာ္၏ စိုက္ပ်ိဳးေရးက႑ ဖြံ႕ၿဖိဳးတိုးတက္ေစေရးႏွင့္ ေတာင္သူလယ္သမားမ်ား၏ ကုန္ထုတ္လုပ္မႈစရိတ္မ်ား ေလ်ာ့နည္းေစေရးအတြက္ ဓာတ္ေျမဩဇာတင္သြင္းမႈအေပၚ ေကာက္ခံသည့္ ႀကိဳတင္ဝင္ေငြခြန္ (၂ ရာခိုင္ႏႈန္း) ကင္းလြတ္ခြင့္ကို ေမလကုန္အထိ ထပ္မံတိုးျမႇင့္ခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း ဘ႑ာေရးႏွင့္ အခြန္ဝန္ႀကီးဌာနက အသိေပးေၾကညာခဲ့သည္။

ယခင္က ၂၀၂၆ ခုႏွစ္ ဧၿပီ ၁ ရက္မွ ဧၿပီ ၃၀ ရက္အထိ ဓာတ္ေျမဩဇာတင္သြင္းမႈအေပၚ ႀကိဳတင္ဝင္ေငြခြန္ ၂ ရာခိုင္ႏႈန္း ကင္းလြတ္ခြင့္ျပဳခဲ့ၿပီးျဖစ္ကာ ယခုအခါ အဆိုပါကင္းလြတ္ခြင့္ကို ၂၀၂၆ ခုႏွစ္ ေမ ၁ ရက္မွ ေမ ၃၁ ရက္အထိ ဆက္လက္တိုးျမႇင့္ေပးလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ထုတ္ျပန္ခ်က္အရ ၂၀၂၆ ခုႏွစ္ ေမ ၃၁ ရက္ေန႔အထိ အေကာက္ခြန္ဦးစီးဌာနတြင္ Import Declaration (ID) ဖြင့္လွစ္၍ တင္သြင္းသည့္ ဓာတ္ေျမဩဇာမ်ားအေပၚ အဆိုပါအခြန္ကင္းလြတ္ခြင့္ အက်ဳံးဝင္မည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

ဘ႑ာေရးႏွင့္ အခြန္ဝန္ႀကီးဌာန၏ ယခုေဆာင္႐ြက္ခ်က္သည္ စိုက္ပ်ိဳးေရးက႑အတြက္ လိုအပ္သည့္ ထုတ္လုပ္မႈကုန္က်စရိတ္မ်ား ေလ်ာ့နည္းေစရန္ႏွင့္ ေတာင္သူလယ္သမားမ်ား၏ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ား အဆင္ေျပေခ်ာေမြ႕ေစရန္ ရည္႐ြယ္ျခင္းျဖစ္ေၾကာင္း သိရသည္။


ဓာတ်မြေဩဇာတင်သွင်းမှုအပေါ် ကြိုတင်ဝင်ငွေခွန်ကင်းလွတ်ခွင့် မေလကုန်အထိ တိုးမြှင့်
======================
မေ ၇

နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် တောင်သူလယ်သမားများ၏ ကုန်ထုတ်လုပ်မှုစရိတ်များ လျော့နည်းစေရေးအတွက် ဓာတ်မြေဩဇာတင်သွင်းမှုအပေါ် ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန် (၂ ရာခိုင်နှုန်း) ကင်းလွတ်ခွင့်ကို မေလကုန်အထိ ထပ်မံတိုးမြှင့်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက အသိပေးကြေညာခဲ့သည်။

ယခင်က ၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်မှ ဧပြီ ၃၀ ရက်အထိ ဓာတ်မြေဩဇာတင်သွင်းမှုအပေါ် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ပြုခဲ့ပြီးဖြစ်ကာ ယခုအခါ အဆိုပါကင်းလွတ်ခွင့်ကို ၂၀၂၆ ခုနှစ် မေ ၁ ရက်မှ မေ ၃၁ ရက်အထိ ဆက်လက်တိုးမြှင့်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် မေ ၃၁ ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာနတွင် Import Declaration (ID) ဖွင့်လှစ်၍ တင်သွင်းသည့် ဓာတ်မြေဩဇာများအပေါ် အဆိုပါအခွန်ကင်းလွတ်ခွင့် အကျုံးဝင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ ယခုဆောင်ရွက်ချက်သည် စိုက်ပျိုးရေးကဏ္ဍအတွက် လိုအပ်သည့် ထုတ်လုပ်မှုကုန်ကျစရိတ်များ လျော့နည်းစေရန်နှင့် တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။