ပရီးမီးယားလိဂ္တြင္ ပထမဆုံးအႀကိမ္ ေျခာက္ပြဲဆက္ရႈံးနိမ့္သြားတဲ့ ခ်ယ္လ္ဆီး

ပရီးမီးယားလိဂ္တြင္ ပထမဆုံးအႀကိမ္ ေျခာက္ပြဲဆက္ရႈံးနိမ့္သြားတဲ့ ခ်ယ္လ္ဆီး
======================
ပရီးမီးယားလိဂ္ၿပိဳင္ပြဲ ပြဲစဥ္ (၃၅) အျဖစ္ ကစားသည့္ ခ်ယ္လ္ဆီးအသင္းႏွင့္ ေနာ္တင္ဟမ္အသင္းတို႔၏ ပြဲစဥ္တြင္ ခ်ယ္လ္ဆီးအသင္းသည္ အိမ္ကြင္း၌ ၃ ဂိုး – ၁ ဂိုးျဖင့္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ၁၉၉၃ ခုႏွစ္ေနာက္ပိုင္း ပရီးမီးယားလိဂ္ၿပိဳင္ပြဲတြင္ ပထမဆုံးအႀကိမ္အျဖစ္ ေျခာက္ပြဲဆက္ရႈံးနိမ့္သည့္ မွတ္တမ္းဆိုးတစ္ရပ္ကို ရရွိခဲ့ေၾကာင္း သိရသည္။

ခ်ယ္လ္ဆီးအသင္းသည္ ယခုေဘာလုံးရာသီအစပိုင္းတြင္ နည္းျပ မာရက္ကာ၏ လက္ေအာက္၌ ရလဒ္ေကာင္းမ်ား ရရွိခဲ့ေသာ္လည္း အသင္းတာဝန္ရွိသူမ်ားႏွင့္ နည္းျပ မာရက္ကာတို႔အၾကား ဆက္ဆံေရးတင္းမာမႈမ်ားေၾကာင့္ ၂၀၂၅ ခုႏွစ္ ဒီဇင္ဘာလတြင္ နည္းျပ မာရက္ကာက အသင္းနည္းျပရာထူးမွ ႏုတ္ထြက္ခဲ့သည္။

ထို႔ေနာက္ ခ်ယ္လ္ဆီးအသင္းသည္ နည္းျပ မာရက္ကာကို ရာထူးမွ ထုတ္ပယ္ၿပီး နည္းျပသစ္အျဖစ္ ႐ိုစင္နီယာကို ၂၀၃၂ ခုႏွစ္အထိ စာခ်ဳပ္ခ်ဳပ္ဆိုကာ ခန႔္အပ္ခဲ့ေသာ္လည္း ၎၏ လက္ေအာက္တြင္ ရလဒ္မ်ား ဆက္တိုက္ ဆိုး႐ြားလာသျဖင့္ နည္းျပ ႐ိုစင္နီယာကို စာခ်ဳပ္ဖ်က္သိမ္းကာ ရာထူးမွ ထုတ္ပယ္ခဲ့သည္။

နည္းျပ ႐ိုစင္နီယာကို ထုတ္ပယ္ၿပီးေနာက္ ယခုေဘာလုံးရာသီကုန္အထိ ယာယီနည္းျပအျဖစ္ မက္ဖာလန္ကို တာဝန္ေပးအပ္ခဲ့ေသာ္လည္း ယာယီနည္းျပ မက္ဖာလန္၏ လက္ေအာက္တြင္လည္း အသင္းရလဒ္မ်ား ဆက္လက္ဆိုး႐ြားေနကာ ႐ုန္းကန္ေနရသည္။

ခ်ယ္လ္ဆီးအသင္းသည္ ယခုႏွစ္ မတ္လ ၅ ရက္ေန႔တြင္ အက္စ္တြန္ဗီလာအသင္းကို အႏိုင္ရရွိၿပီးေနာက္ နယူးကာဆယ္အသင္းကို ၁ ဂိုး – ၀၊ အဲဗာတန္အသင္းကို ၃ ဂိုး – ၀၊ မန္စီးတီးအသင္းကို ၃ ဂိုး – ၀၊ မန္ယူအသင္းကို ၁ ဂိုး – ၀၊ ဘ႐ိုက္တန္အသင္းကို ၃ ဂိုး – ၀ ႏွင့္ ေနာ္တင္ဟမ္အသင္းကို ၃ ဂိုး – ၁ ျဖင့္ ရႈံးနိမ့္ခဲ့ျခင္းျဖစ္ၿပီး ေျခာက္ပြဲဆက္ရႈံးနိမ့္ခဲ့ျခင္းျဖစ္သည္။

ေနာ္တင္ဟမ္အသင္းကို ရႈံးနိမ့္ၿပီးေနာက္ ခ်ယ္လ္ဆီးအသင္းသည္ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ေနာက္ဆုံးေနရာျဖစ္ေသာ အဆင့္ (၅) မွ အက္စ္တြန္ဗီလာအသင္းႏွင့္ ရမွတ္ ၁၀ မွတ္ကြာဟေနၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ႏွင့္ လြဲေခ်ာ္ရမည့္အေျခအေနတြင္ ေရာက္ရွိေနေၾကာင္း သိရသည္။

Ref: ESPN


ပရီးမီးယားလိဂ်တွင် ပထမဆုံးအကြိမ် ခြောက်ပွဲဆက်ရှုံးနိမ့်သွားတဲ့ ချယ်လ်ဆီး
======================
ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ် (၃၅) အဖြစ် ကစားသည့် ချယ်လ်ဆီးအသင်းနှင့် နော်တင်ဟမ်အသင်းတို့၏ ပွဲစဉ်တွင် ချယ်လ်ဆီးအသင်းသည် အိမ်ကွင်း၌ ၃ ဂိုး – ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ၁၉၉၃ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပထမဆုံးအကြိမ်အဖြစ် ခြောက်ပွဲဆက်ရှုံးနိမ့်သည့် မှတ်တမ်းဆိုးတစ်ရပ်ကို ရရှိခဲ့ကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် ယခုဘောလုံးရာသီအစပိုင်းတွင် နည်းပြ မာရက်ကာ၏ လက်အောက်၌ ရလဒ်ကောင်းများ ရရှိခဲ့သော်လည်း အသင်းတာဝန်ရှိသူများနှင့် နည်းပြ မာရက်ကာတို့အကြား ဆက်ဆံရေးတင်းမာမှုများကြောင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် နည်းပြ မာရက်ကာက အသင်းနည်းပြရာထူးမှ နုတ်ထွက်ခဲ့သည်။

ထို့နောက် ချယ်လ်ဆီးအသင်းသည် နည်းပြ မာရက်ကာကို ရာထူးမှ ထုတ်ပယ်ပြီး နည်းပြသစ်အဖြစ် ရိုစင်နီယာကို ၂၀၃၂ ခုနှစ်အထိ စာချုပ်ချုပ်ဆိုကာ ခန့်အပ်ခဲ့သော်လည်း ၎င်း၏ လက်အောက်တွင် ရလဒ်များ ဆက်တိုက် ဆိုးရွားလာသဖြင့် နည်းပြ ရိုစင်နီယာကို စာချုပ်ဖျက်သိမ်းကာ ရာထူးမှ ထုတ်ပယ်ခဲ့သည်။

နည်းပြ ရိုစင်နီယာကို ထုတ်ပယ်ပြီးနောက် ယခုဘောလုံးရာသီကုန်အထိ ယာယီနည်းပြအဖြစ် မက်ဖာလန်ကို တာဝန်ပေးအပ်ခဲ့သော်လည်း ယာယီနည်းပြ မက်ဖာလန်၏ လက်အောက်တွင်လည်း အသင်းရလဒ်များ ဆက်လက်ဆိုးရွားနေကာ ရုန်းကန်နေရသည်။

ချယ်လ်ဆီးအသင်းသည် ယခုနှစ် မတ်လ ၅ ရက်နေ့တွင် အက်စ်တွန်ဗီလာအသင်းကို အနိုင်ရရှိပြီးနောက် နယူးကာဆယ်အသင်းကို ၁ ဂိုး – ၀၊ အဲဗာတန်အသင်းကို ၃ ဂိုး – ၀၊ မန်စီးတီးအသင်းကို ၃ ဂိုး – ၀၊ မန်ယူအသင်းကို ၁ ဂိုး – ၀၊ ဘရိုက်တန်အသင်းကို ၃ ဂိုး – ၀ နှင့် နော်တင်ဟမ်အသင်းကို ၃ ဂိုး – ၁ ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး ခြောက်ပွဲဆက်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

နော်တင်ဟမ်အသင်းကို ရှုံးနိမ့်ပြီးနောက် ချယ်လ်ဆီးအသင်းသည် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နောက်ဆုံးနေရာဖြစ်သော အဆင့် (၅) မှ အက်စ်တွန်ဗီလာအသင်းနှင့် ရမှတ် ၁၀ မှတ်ကွာဟနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်နှင့် လွဲချော်ရမည့်အခြေအနေတွင် ရောက်ရှိနေကြောင်း သိရသည်။

Ref: ESPN