အီရန္သို႔ ေဟာ္မုေရလက္ၾကား ျဖတ္သန္းခေပးသူမ်ားကို အေမရိကန္ ဒဏ္ခတ္ပိတ္ဆို႔မည္အီရန္သို႔ ေဟာ္မုေရလက္ၾကား ျဖတ္သန္းခေပးသူမ်ားကို အေမရိကန္ ဒဏ္ခတ္ပိတ္ဆို႔မည္

အီရန္သို႔ ေဟာ္မုေရလက္ၾကား ျဖတ္သန္းခေပးသူမ်ားကို အေမရိကန္ ဒဏ္ခတ္ပိတ္ဆို႔မည္အီရန္သို႔ ေဟာ္မုေရလက္ၾကား ျဖတ္သန္းခေပးသူမ်ားကို အေမရိကန္ ဒဏ္ခတ္ပိတ္ဆို႔မည္
=======================
အီရန္ႏိုင္ငံသို႔ ေဟာ္မုေရလက္ၾကား ျဖတ္သန္းခေပးေနသည့္ သေဘၤာကုမၸဏီမ်ားကို ဒဏ္ခတ္ပိတ္ဆို႔သြားမည္ဟု အေမရိကန္အစိုးရက သတိေပးလိုက္သည္။
ေဖေဖာ္ဝါရီလေႏွာင္းပိုင္းမွစတင္၍ အေမရိကန္ႏွင့္ အစၥေရးတို႔၏ တိုက္ခိုက္မႈမ်ားေၾကာင့္ ထိုေရလက္ၾကားမွာ ပိတ္ဆို႔ေနၿပီး အီရန္၏ အစၥလာမ္မစ္ေတာ္လွန္ေရးအေစာင့္တပ္ဖြဲ႕က ထိန္းခ်ဳပ္ထားသည့္ လမ္းေၾကာင္းတစ္ခုတည္းမွသာ သေဘၤာမ်ားကို ျဖတ္သန္းခေပး၍ သြားလာခြင့္ျပဳေနျခင္းျဖစ္သည္။
အနည္းဆုံး သေဘၤာႏွစ္စင္းက ေဒၚလာ ၁ သန္းမွ ၂ သန္းၾကားတန္ဖိုးရွိသည့္ ယြမ္ေငြျဖင့္ ျဖတ္သန္းခေပးေခ်ေၾကာင္း သတင္းမ်ား ထြက္ေပၚေနစဥ္ အေမရိကန္ႏိုင္ငံျခားပိုင္ဆိုင္မႈထိန္းခ်ဳပ္ေရး႐ုံးက ယင္းသို႔ ေငြေပးေခ်မႈမ်ားသည္ ျပင္းထန္ေသာ ဒဏ္ခတ္ပိတ္ဆို႔မႈမ်ားႏွင့္ ရင္ဆိုင္ရမည္ဟု ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။
ထိုေရလက္ၾကားတစ္ဝိုက္တြင္ သေဘၤာအစင္းေရ ၂၀၀၀ ခန႔္ႏွင့္ သေဘၤာသားဦးေရ ၂၀၀၀၀ ခန႔္ ပိတ္မိေနၿပီး စားနပ္ရိကၡာျပတ္လပ္မႈမ်ားႏွင့္ ရင္ဆိုင္ေနရသည္။
သမၼတ ေဒၚနယ္ထရမ့္က ၾကားေနသေဘၤာမ်ား ေရလက္ၾကားမွ လြတ္လပ္စြာ ျဖတ္သန္းႏိုင္ေရးအတြက္ Project Freedom စစ္ဆင္ေရး စတင္ေၾကာင္း ေၾကညာထားၿပီး ယင္းစစ္ဆင္ေရးတြင္ စစ္သည္ ၁၅၀၀၀၊ ဖ်က္သေဘၤာမ်ားႏွင့္ ေလယာဥ္အစင္း ၁၀၀ ေက်ာ္တို႔ျဖင့္ ကူညီေပးမည္ဟု သိရသည္။
Ref: RT
အီရန်သို့ ဟော်မုရေလက်ကြား ဖြတ်သန်းခပေးသူများကို အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မည်
=======================
အီရန်နိုင်ငံသို့ ဟော်မုရေလက်ကြား ဖြတ်သန်းခပေးနေသည့် သင်္ဘောကုမ္ပဏီများကို ဒဏ်ခတ်ပိတ်ဆို့သွားမည်ဟု အမေရိကန်အစိုးရက သတိပေးလိုက်သည်။
ဖေဖော်ဝါရီလနှောင်းပိုင်းမှစတင်၍ အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကြောင့် ထိုရေလက်ကြားမှာ ပိတ်ဆို့နေပြီး အီရန်၏ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ထိန်းချုပ်ထားသည့် လမ်းကြောင်းတစ်ခုတည်းမှသာ သင်္ဘောများကို ဖြတ်သန်းခပေး၍ သွားလာခွင့်ပြုနေခြင်းဖြစ်သည်။
အနည်းဆုံး သင်္ဘောနှစ်စင်းက ဒေါ်လာ ၁ သန်းမှ ၂ သန်းကြားတန်ဖိုးရှိသည့် ယွမ်ငွေဖြင့် ဖြတ်သန်းခပေးချေကြောင်း သတင်းများ ထွက်ပေါ်နေစဉ် အမေရိကန်နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံးက ယင်းသို့ ငွေပေးချေမှုများသည် ပြင်းထန်သော ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ရင်ဆိုင်ရမည်ဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထိုရေလက်ကြားတစ်ဝိုက်တွင် သင်္ဘောအစင်းရေ ၂၀၀၀ ခန့်နှင့် သင်္ဘောသားဦးရေ ၂၀၀၀၀ ခန့် ပိတ်မိနေပြီး စားနပ်ရိက္ခာပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရသည်။
သမ္မတ ဒေါ်နယ်ထရမ့်က ကြားနေသင်္ဘောများ ရေလက်ကြားမှ လွတ်လပ်စွာ ဖြတ်သန်းနိုင်ရေးအတွက် Project Freedom စစ်ဆင်ရေး စတင်ကြောင်း ကြေညာထားပြီး ယင်းစစ်ဆင်ရေးတွင် စစ်သည် ၁၅၀၀၀၊ ဖျက်သင်္ဘောများနှင့် လေယာဉ်အစင်း ၁၀၀ ကျော်တို့ဖြင့် ကူညီပေးမည်ဟု သိရသည်။
Ref: RT




