ျပည္ခိုင္ၿဖိဳးပါတီ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး ပါတီဌာနခ်ဳပ္ရွိ လူငယ္မ်ားႏွင့္ေတြ႕ဆုံ ျပည္ေထာင္စုစိတ္ဓါတ္၊ မ်ိဳးခ်စ္စိတ္ထားၾကရန္ေျပာၾကား

ျပည္ခိုင္ၿဖိဳးပါတီ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး ပါတီဌာနခ်ဳပ္ရွိ လူငယ္မ်ားႏွင့္ေတြ႕ဆုံ ျပည္ေထာင္စုစိတ္ဓါတ္၊ မ်ိဳးခ်စ္စိတ္ထားၾကရန္ေျပာၾကား
=========================
ဧၿပီ ၂၅၊ ေနျပည္ေတာ္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအးသည္ ၂၄-၄-၂၀၂၆ ရက္ေန႔ ေန႔လည္ ၃ နာရီအခ်ိန္မွ ညေန ၄ နာရီအခ်ိန္ထိ ပါတီဌာနခ်ဳပ္ ညီလာခံခန္းမ၌ ျပဳလုပ္သည့္ အသက္ (၁၈)ႏွစ္မွ (၃၅)ႏွစ္အတြင္းရွိ လူငယ္မ်ား အင္အား(၁၃၀)ေက်ာ္ႏွင့္ေတြ႕ဆုံပြဲသို႔ တက္ေရာက္ခဲ့ပါသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ ပါတီအေထြေထြအတြင္းေရးမႉး ဦးေသာင္းေအးက တက္ေရာက္လာေသာ လူငယ္မ်ားအား အမွတ္တရအက်ႌလက္ေဆာင္မ်ားေပးခဲ့ၿပီး လူငယ္မ်ားႏွင့္ ရင္းႏွီးပြင့္လင္းစြာ အျပန္အလွန္ေဆြးေႏြးကာ လူငယ္မ်ားအား ႏိုင္ငံကိုခ်စ္ၾကရန္၊ ျပည္ေထာင္စုစိတ္ဓါတ္၊ မ်ိဳးခ်စ္စိတ္ဓါတ္ေမြးျမဴၾကရန္၊ မိမိတို႔က်ရာတာဝန္မ်ားကို ေက်ပြန္စြာထမ္းေဆာင္ၾကရန္၊ လူငယ္မ်ားျဖစ္သည္ႏွင့္အညီ တိုးတက္လာေသာ ေခတ္မီနည္းပညာမ်ားအား သိရွိတတ္ကြၽမ္းေအာင္ေလ့လာၾကရန္၊ Social Media ၏အဆိပ္အေတာက္မ်ားအား သတိျပဳေနထိုင္ၿပီး အသိမွား အျမင္မွားၿပီး လမ္းမွားသို႔ေရာက္မသြားၾကရန္ လိုအပ္ေၾကာင္း ေျပာၾကားခဲ့ပါသည္။


ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး ပါတီဌာနချုပ်ရှိ လူငယ်များနှင့်တွေ့ဆုံ ပြည်ထောင်စုစိတ်ဓါတ်၊ မျိုးချစ်စိတ်ထားကြရန်ပြောကြား
=========================
ဧပြီ ၂၅၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးသည် ၂၄-၄-၂၀၂၆ ရက်နေ့ နေ့လည် ၃ နာရီအချိန်မှ ညနေ ၄ နာရီအချိန်ထိ ပါတီဌာနချုပ် ညီလာခံခန်းမ၌ ပြုလုပ်သည့် အသက် (၁၈)နှစ်မှ (၃၅)နှစ်အတွင်းရှိ လူငယ်များ အင်အား(၁၃၀)ကျော်နှင့်တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေးက တက်ရောက်လာသော လူငယ်များအား အမှတ်တရအင်္ကျီလက်ဆောင်များပေးခဲ့ပြီး လူငယ်များနှင့် ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးကာ လူငယ်များအား နိုင်ငံကိုချစ်ကြရန်၊ ပြည်ထောင်စုစိတ်ဓါတ်၊ မျိုးချစ်စိတ်ဓါတ်မွေးမြူကြရန်၊ မိမိတို့ကျရာတာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန်၊ လူငယ်များဖြစ်သည်နှင့်အညီ တိုးတက်လာသော ခေတ်မီနည်းပညာများအား သိရှိတတ်ကျွမ်းအောင်လေ့လာကြရန်၊ Social Media ၏အဆိပ်အတောက်များအား သတိပြုနေထိုင်ပြီး အသိမှား အမြင်မှားပြီး လမ်းမှားသို့ရောက်မသွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။