ကေမာၻဒီးယားက တ႐ုတ္ခရီးသြားမ်ားကို ေလးလဗီဇာ ကင္းလြတ္ခြင့္ျပဳ

ကေမာၻဒီးယားက တ႐ုတ္ခရီးသြားမ်ားကို ေလးလဗီဇာ ကင္းလြတ္ခြင့္ျပဳ
===========================
ကေမာၻဒီးယားႏိုင္ငံသည္ ခရီးသြားလာေရး ျပန္လည္ေကာင္းမြန္လာေစရန္အတြက္ ယခုႏွစ္ေႏြရာသီမွစတင္၍ တ႐ုတ္ခရီးသြားမ်ားအတြက္ ဗီဇာလိုအပ္ခ်က္မ်ားကို ေလးလ ေလွ်ာ့ေပါ့ေပးမည္ျဖစ္ေၾကာင္း ခရီးသြားလုပ္ငန္းဝန္ႀကီးဌာနက သတင္းထုတ္ျပန္သည္။

ဝန္ႀကီးခ်ဳပ္ ဟြန္မာနက္က အတည္ျပဳထားေသာ ယာယီကင္းလြတ္ခြင့္သည္ ဇြန္လ ၁၅ ရက္မွ ေအာက္တိုဘာလ ၁၅ ရက္ေန႔အထိ ျဖစ္သည္။ မူဝါဒအရ ျပည္မႀကီး၊ ေဟာင္ေကာင္ႏွင့္ မကာအိုတိုမွ ႏိုင္ငံကူးလက္မွတ္ကိုင္ေဆာင္သူမ်ားသည္ ဗီဇာမေလွ်ာက္ဘဲ သိုမဟုတ္ ဗီဇာေၾကမေပးဘဲ ၁၄ ရက္အထိ ႏိုင္ငံအတြင္း ေနထိုင္ ႏိုင္သည္။

အဆိုပါ ကင္းလြတ္ခြင့္မွာ ထိုင္ဝမ္မွ ခရီးသြားမ်ားႏွင့္ မသက္ဆိုင္ပါ။

အရည္အခ်င္းျပည့္မီေသာဧည့္သည္မ်ားသည္ ဒစ္ဂ်စ္တယ္ “ကေမာၻဒီးယား အီး-ဆိုက္ေရာက္” ကတ္ကို ျဖည့္သြင္းရမည္။ ၎တိုသည္ တ႐ုတ္ႏိုင္ငံမွ တိုက္႐ိုက္ေရာက္ရွိလာသည္ျဖစ္ေစ၊ တတိယႏိုင္ငံမွ ေရာက္ရွိလာသည္ျဖစ္ေစ ဗီဇာအတြက္ ႀကိဳတင္ေလွ်ာက္ထားရန္ မလိုပါ။

ေလးလ အစမ္းကာလ အတြင္း အႀကိမ္ႀကိမ္ ဝင္ထြက္မႈကို ခြင့္ျပဳသည္။

ကေမာၻဒီးယားစီးပြားေရး၏ အေရးႀကီးေသာမ႑ိဳင္အျဖစ္ ရွိေနဆဲျဖစ္သည့္ ခရီးသြားက႑၏ တိုးတက္မႈအရွိန္ျမႇင့္ရန္ ရည္႐ြယ္သည္။

တာဝန္ရွိသူမ်ားက ကေမာၻဒီးယားကို ေဒသတြင္း ထိပ္တန္း ေနရာတစ္ခုအျဖစ္ သတ္မွတ္ရန္ ပိုမိုက်ယ္ျပန႔္ေသာ ႀကိဳးပမ္းမႈ တစ္စိတ္တစ္ပိုင္းအေနျဖင့္ မူဝါဒအသစ္ကို ျမႇင့္တင္ရန္ ခရီးသြားလုပ္ငန္းရွင္မ်ားႏွင့္ ပုဂၢလိက အက်ိဳးစီးပြားသက္ဆိုင္သူမ်ားကို တိုက္တြန္းထားေၾကာင္းသိရွိရသည္။

Ref ခမာတိုင္မ္းစ္


ကမ္ဘောဒီးယားက တရုတ်ခရီးသွားများကို လေးလဗီဇာ ကင်းလွတ်ခွင့်ပြု
===========================
ကမ္ဘောဒီးယားနိုင်ငံသည် ခရီးသွားလာရေး ပြန်လည်ကောင်းမွန်လာစေရန်အတွက် ယခုနှစ်နွေရာသီမှစတင်၍ တရုတ်ခရီးသွားများအတွက် ဗီဇာလိုအပ်ချက်များကို လေးလ လျှော့ပေါ့ပေးမည်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဝန်ကြီးချုပ် ဟွန်မာနက်က အတည်ပြုထားသော ယာယီကင်းလွတ်ခွင့်သည် ဇွန်လ ၁၅ ရက်မှ အောက်တိုဘာလ ၁၅ ရက်နေ့အထိ ဖြစ်သည်။ မူဝါဒအရ ပြည်မကြီး၊ ဟောင်ကောင်နှင့် မကာအိုတိုမှ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများသည် ဗီဇာမလျှောက်ဘဲ သိုမဟုတ် ဗီဇာကြေမပေးဘဲ ၁၄ ရက်အထိ နိုင်ငံအတွင်း နေထိုင် နိုင်သည်။

အဆိုပါ ကင်းလွတ်ခွင့်မှာ ထိုင်ဝမ်မှ ခရီးသွားများနှင့် မသက်ဆိုင်ပါ။

အရည်အချင်းပြည့်မီသောဧည့်သည်များသည် ဒစ်ဂျစ်တယ် “ကမ္ဘောဒီးယား အီး-ဆိုက်ရောက်” ကတ်ကို ဖြည့်သွင်းရမည်။ ၎င်းတိုသည် တရုတ်နိုင်ငံမှ တိုက်ရိုက်ရောက်ရှိလာသည်ဖြစ်စေ၊ တတိယနိုင်ငံမှ ရောက်ရှိလာသည်ဖြစ်စေ ဗီဇာအတွက် ကြိုတင်လျှောက်ထားရန် မလိုပါ။

လေးလ အစမ်းကာလ အတွင်း အကြိမ်ကြိမ် ဝင်ထွက်မှုကို ခွင့်ပြုသည်။

ကမ္ဘောဒီးယားစီးပွားရေး၏ အရေးကြီးသောမဏ္ဍိုင်အဖြစ် ရှိနေဆဲဖြစ်သည့် ခရီးသွားကဏ္ဍ၏ တိုးတက်မှုအရှိန်မြှင့်ရန် ရည်ရွယ်သည်။

တာဝန်ရှိသူများက ကမ္ဘောဒီးယားကို ဒေသတွင်း ထိပ်တန်း နေရာတစ်ခုအဖြစ် သတ်မှတ်ရန် ပိုမိုကျယ်ပြန့်သော ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် မူဝါဒအသစ်ကို မြှင့်တင်ရန် ခရီးသွားလုပ်ငန်းရှင်များနှင့် ပုဂ္ဂလိက အကျိုးစီးပွားသက်ဆိုင်သူများကို တိုက်တွန်းထားကြောင်းသိရှိရသည်။

Ref ခမာတိုင်မ်းစ်