မူလတန္းေက်ာင္း တိုက္ခိုက္ခံရမႈအတြက္ အီရန္ေဘာလုံးသမားမ်ား ဆႏၵျပ

မူလတန္းေက်ာင္း တိုက္ခိုက္ခံရမႈအတြက္ အီရန္ေဘာလုံးသမားမ်ား ဆႏၵျပ
============================
အီရန္လက္ေ႐ြးစင္ေဘာလုံးသမားေတြဟာ အေမရိကန္/အစၥေရး-အီရန္စစ္ပြဲ ပထမေန႔မွာ မူလတန္းေက်ာင္း တိုက္ခိုက္ခံရမႈအတြက္ ႏိုင္ဂ်ီးရီးယားနဲ႔ ေျခစမ္းပြဲမစခင္မွာ ဆႏၵျပခဲ့ပါတယ္။
ႏိုင္ဂ်ီးရီးယားကို ၁-၂ ဂိုးနဲ႔ အေရးနိမ့္ခဲ့တဲ့ ေျခစမ္းပြဲမွာ အီရန္အသင္းသားေတြဟာ လက္ပတ္အနက္ ဝတ္ဆင္ကစားခဲ့ၿပီး ပြဲမစခင္ ႏိုင္ငံေတာ္သီခ်င္း သီဆိုခ်ိန္မွာ ကေလးေက်ာပိုးအိတ္မ်ား ကိုင္ေဆာင္ခဲ့ၾကတာျဖစ္တယ္။
Shajareh Tayyebeh စာသင္ေက်ာင္း ဗုံးႀကဲတိုက္ခိုက္ခံရမႈမွာ ကေလးငယ္ ၁၁၀ ဦးအပါဝင္ အနည္းဆုံး ၁၆၈ ဦး ေသဆုံးခဲ့ရတယ္လို အီရန္အာဏာပိုင္ေတြက သတင္းထုတ္ျပန္ခဲ့ပါတယ္။
အေမရိကန္ကေတာ့ ဒီတိုက္ခိုက္မႈအတြက္ စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနတယ္လိုသာ သတင္းထုတ္ျပန္ထားပါတယ္။
အီရန္-ႏိုင္ဂ်ီးရီးယားေျခစမ္းပြဲကို တူရကီႏိုင္ငံမွာ ကစားခဲ့တာျဖစ္တယ္။
၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အီရန္အသင္း ပါဝင္ယွဥ္ၿပိဳင္နဲ႔ ပတ္သက္ၿပီး မေသခ်ာေသးဘဲ အီရန္ဘက္ကေတာ့ မကၠဆီကိုႏိုင္ငံမွာ အုပ္စုပြဲေတြကို ေျပာင္းေ႐ႊ႕ကစားဖို ေတာင္းဆိုထားပါတယ္။
မူလတန်းကျောင်း တိုက်ခိုက်ခံရမှုအတွက် အီရန်ဘောလုံးသမားများ ဆန္ဒပြ
============================
အီရန်လက်ရွေးစင်ဘောလုံးသမားတွေဟာ အမေရိကန်/အစ္စရေး-အီရန်စစ်ပွဲ ပထမနေ့မှာ မူလတန်းကျောင်း တိုက်ခိုက်ခံရမှုအတွက် နိုင်ဂျီးရီးယားနဲ့ ခြေစမ်းပွဲမစခင်မှာ ဆန္ဒပြခဲ့ပါတယ်။
နိုင်ဂျီးရီးယားကို ၁-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲမှာ အီရန်အသင်းသားတွေဟာ လက်ပတ်အနက် ဝတ်ဆင်ကစားခဲ့ပြီး ပွဲမစခင် နိုင်ငံတော်သီချင်း သီဆိုချိန်မှာ ကလေးကျောပိုးအိတ်များ ကိုင်ဆောင်ခဲ့ကြတာဖြစ်တယ်။
Shajareh Tayyebeh စာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ ကလေးငယ် ၁၁၀ ဦးအပါဝင် အနည်းဆုံး ၁၆၈ ဦး သေဆုံးခဲ့ရတယ်လို အီရန်အာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်ကတော့ ဒီတိုက်ခိုက်မှုအတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လိုသာ သတင်းထုတ်ပြန်ထားပါတယ်။
အီရန်-နိုင်ဂျီးရီးယားခြေစမ်းပွဲကို တူရကီနိုင်ငံမှာ ကစားခဲ့တာဖြစ်တယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်အသင်း ပါဝင်ယှဉ်ပြိုင်နဲ့ ပတ်သက်ပြီး မသေချာသေးဘဲ အီရန်ဘက်ကတော့ မက္ကဆီကိုနိုင်ငံမှာ အုပ်စုပွဲတွေကို ပြောင်းရွှေ့ကစားဖို တောင်းဆိုထားပါတယ်။




