ေႏြရာသီကာလ လွ်ပ္စစ္ဓာတ္အား လိုအပ္ခ်က္ျမင့္တက္မႈေၾကာင့္ ဝန္အားမွ်တခြဲေဝမႈစနစ္ စတင္ေဆာင္႐ြက္မည္

ေႏြရာသီကာလ လွ်ပ္စစ္ဓာတ္အား လိုအပ္ခ်က္ျမင့္တက္မႈေၾကာင့္ ဝန္အားမွ်တခြဲေဝမႈစနစ္ စတင္ေဆာင္႐ြက္မည္
==========================
ျမန္မာႏိုင္ငံတစ္ဝွမ္း ေႏြရာသီသို႔ ေရာက္ရွိလာၿပီျဖစ္၍ လွ်ပ္စစ္သုံးစြဲမႈ ျမင့္တက္လာျခင္းႏွင့္အတူ လွ်ပ္စစ္ဓာတ္အား ဝန္အားမွ်တခြဲေဝျဖန႔္ျဖဴးမႈ (Planned Load Shedding) ကို မတ္လ ၁၈ ရက္ က စတင္၍ ေနရာႏွင့္ အခ်ိန္အလိုက္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနက ထုတ္ျပန္လိုက္ေၾကာင္းသိရသည္။

လက္ရွိတြင္ ျပည္သူလူထု၏ တစ္ေန႔တာ ပ်မ္းမွ်လွ်ပ္စစ္ဓာတ္အားလိုအပ္ခ်က္မွာ ၄,၆၆၄ မဂၢါဝပ္ရွိေနေသာ္လည္း ဓာတ္အားလိုင္းအခ်ိဳ႕ ဖ်က္ဆီးခံရျခင္းႏွင့္ သဘာဝဓာတ္ေငြ႕ရရွိမႈ ေလ်ာ့နည္းျခင္းတို႔ေၾကာင့္ ပုံမွန္ထုတ္လုပ္ႏိုင္မႈ၏ ၇၇ ရာခိုင္ႏႈန္းျဖစ္ေသာ ၃,၆၀၀ မဂၢါဝပ္ခန႔္ကိုသာ ျဖန႔္ျဖဴးေပးႏိုင္လ်က္ရွိေၾကာင္းသိရသည္။

လွ်ပ္စစ္ဝန္ႀကီးဌာနအေနျဖင့္ ပ်က္စီးသြားေသာ ဓာတ္အားလိုင္းမ်ားကို ျပန္လည္ျပင္ဆင္ေနသကဲ့သို႔ LNG သုံး ဓာတ္အားေပးစက္႐ုံမ်ားမွလည္း တိုးျမႇင့္ထုတ္လုပ္ႏိုင္ေရး ႀကိဳးပမ္းလ်က္ရွိေၾကာင္းလည္း သိရသည္။

ယခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲကာလအတြင္း ေက်ာင္းသား၊ ေက်ာင္းသူမ်ား အဆင္ေျပေစရန္အတြက္ ဆည္ေရျဖင့္ လွ်ပ္စစ္ဓာတ္အားကို တိုးျမႇင့္ထုတ္လုပ္ေပးခဲ့ရတာေၾကာင့္ ဆည္ေရပမာဏကို ဇြန္လအထိ ထိန္းသိမ္းအသုံးျပဳႏိုင္ရန္အတြက္ ယခုကဲ့သို႔ အခ်ိန္ပိုင္းခြဲေဝမႈမ်ား ျပဳလုပ္ရျခင္းျဖစ္ၿပီး LNG သုံး ဓာတ္အားေပးစက္႐ုံမ်ားမွ တိုက္႐ိုက္ခ်ိတ္ဆက္ထားေသာ လိုင္းမ်ားတြင္မူ ဝန္အားခြဲေဝမႈျပဳလုပ္မည္မဟုတ္ဘဲ ပုံမွန္အတိုင္း ဆက္လက္ျဖန႔္ျဖဴးေပးသြားမည္ျဖစ္ေၾကာင္းသိရသည္။

လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနအေနျဖင့္ စြမ္းအင္အရင္းအျမစ္မ်ိဳးစုံမွ ဓာတ္အားပိုမိုထုတ္လုပ္ႏိုင္ရန္ စီစဥ္ေနၿပီး လက္ရွိအေျခအေနအရ ျဖစ္ေပၚလာသည့္ ဝန္အားမွ်တခြဲေဝမႈအေပၚ ျပည္သူမ်ားအေနျဖင့္ နားလည္ေပးရန္ႏွင့္ လွ်ပ္စစ္ဓာတ္အားကို စနစ္တက် ေခြၽတာသုံးစြဲေပးၾကပါရန္ ေမတၱာရပ္ခံထားေၾကာင္းလည္း သိရသည္။


နွေရာသီကာလ လျှပ်စစ်ဓာတ်အား လိုအပ်ချက်မြင့်တက်မှုကြောင့် ဝန်အားမျှတခွဲဝေမှုစနစ် စတင်ဆောင်ရွက်မည်
==========================
မြန်မာနိုင်ငံတစ်ဝှမ်း နွေရာသီသို့ ရောက်ရှိလာပြီဖြစ်၍ လျှပ်စစ်သုံးစွဲမှု မြင့်တက်လာခြင်းနှင့်အတူ လျှပ်စစ်ဓာတ်အား ဝန်အားမျှတခွဲဝေဖြန့်ဖြူးမှု (Planned Load Shedding) ကို မတ်လ ၁၈ ရက် က စတင်၍ နေရာနှင့် အချိန်အလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ကြောင်းသိရသည်။

လက်ရှိတွင် ပြည်သူလူထု၏ တစ်နေ့တာ ပျမ်းမျှလျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ ၄,၆၆၄ မဂ္ဂါဝပ်ရှိနေသော်လည်း ဓာတ်အားလိုင်းအချို့ ဖျက်ဆီးခံရခြင်းနှင့် သဘာဝဓာတ်ငွေ့ရရှိမှု လျော့နည်းခြင်းတို့ကြောင့် ပုံမှန်ထုတ်လုပ်နိုင်မှု၏ ၇၇ ရာခိုင်နှုန်းဖြစ်သော ၃,၆၀၀ မဂ္ဂါဝပ်ခန့်ကိုသာ ဖြန့်ဖြူးပေးနိုင်လျက်ရှိကြောင်းသိရသည်။

လျှပ်စစ်ဝန်ကြီးဌာနအနေဖြင့် ပျက်စီးသွားသော ဓာတ်အားလိုင်းများကို ပြန်လည်ပြင်ဆင်နေသကဲ့သို့ LNG သုံး ဓာတ်အားပေးစက်ရုံများမှလည်း တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်းလည်း သိရသည်။

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစေရန်အတွက် ဆည်ရေဖြင့် လျှပ်စစ်ဓာတ်အားကို တိုးမြှင့်ထုတ်လုပ်ပေးခဲ့ရတာကြောင့် ဆည်ရေပမာဏကို ဇွန်လအထိ ထိန်းသိမ်းအသုံးပြုနိုင်ရန်အတွက် ယခုကဲ့သို့ အချိန်ပိုင်းခွဲဝေမှုများ ပြုလုပ်ရခြင်းဖြစ်ပြီး LNG သုံး ဓာတ်အားပေးစက်ရုံများမှ တိုက်ရိုက်ချိတ်ဆက်ထားသော လိုင်းများတွင်မူ ဝန်အားခွဲဝေမှုပြုလုပ်မည်မဟုတ်ဘဲ ပုံမှန်အတိုင်း ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်းသိရသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ဓာတ်အားပိုမိုထုတ်လုပ်နိုင်ရန် စီစဉ်နေပြီး လက်ရှိအခြေအနေအရ ဖြစ်ပေါ်လာသည့် ဝန်အားမျှတခွဲဝေမှုအပေါ် ပြည်သူများအနေဖြင့် နားလည်ပေးရန်နှင့် လျှပ်စစ်ဓာတ်အားကို စနစ်တကျ ချွေတာသုံးစွဲပေးကြပါရန် မေတ္တာရပ်ခံထားကြောင်းလည်း သိရသည်။