ေကာ္ဖီေသာက္ျခင္းက အ႐ြယ္ရလာခ်ိန္တြင္ ဦးေႏွာက္က်န္းမာေရးကို အေထာက္အကူျပဳႏိုင္

ေကာ္ဖီေသာက္ျခင္းက အ႐ြယ္ရလာခ်ိန္တြင္ ဦးေႏွာက္က်န္းမာေရးကို အေထာက္အကူျပဳႏိုင္
=============================
ေကာ္ဖီေသာက္တာက အ႐ြယ္ေရာက္လာခ်ိန္မွာ ဦးေႏွာက္က်န္းမာေရးကိုမ်ားစြာအေထာက္အကူျပဳႏိုင္ၿပီး အသက္ႀကီးလာတဲ့အခါ ျဖစ္တတ္တဲ့ သူငယ္ျပန္ေရာဂါကို ကာကြယ္ေပးႏိုင္တယ္လို႔ ႏွစ္ေပါင္း ၄၀ ေက်ာ္ၾကာျပဳလုပ္တဲ့ ေလ့လာမႈအသစ္မွာ ေတြ႕ရွိခဲ့ပါတယ္။ လူေပါင္း ၁၃၀၀၀၀ ေက်ာ္ကို ဆယ္စုႏွစ္ေလးခုစာေလာက္ အခ်ိန္ယူေလ့လာခဲ့ရာမွာ ကဖင္းဓာတ္ပါတဲ့ေကာ္ဖီကို တစ္ေန႔ႏွစ္ခြက္ကေန သုံးခြက္ ဒါမွမဟုတ္ လက္ဖက္ရည္ကို တစ္ခြက္ကေန ႏွစ္ခြက္သာအသင့္အတင့္ ေသာက္သုံးသူေတြအေနနဲ႔
ဦးေႏွာက္မွတ္ဉာဏ္က်ဆင္းမႈႏႈန္း သိသိသာသာေလ်ာ့နည္းတာကို ေတြ႕ရတာပါ။
Mass General Brigham၊ Harvard T.H. Chan School of Public Health နဲ႔ Broad Institute of MIT and Harvard တို႔မွသုေတသီမ်ားက အခုသုေတသနကို ထုတ္ျပန္ခဲ့တာျဖစ္ၿပီး ကဖင္းဓာတ္ပါတဲ့ ေသာက္စရာေတြက ဦးေႏွာက္ေရာင္ရမ္းမႈကို ေလွ်ာ့ခ်ေပးသလို ကလာပ္စည္းေတြ ပ်က္စီးတာကိုလည္း ကာကြယ္ေပးႏိုင္တယ္လို႔ဆိုပါတယ္။ မ်ိဳး႐ိုးဗီဇအရ သူငယ္ျပန္ေရာဂါ ျဖစ္ႏိုင္ေျခ ရွိသူေတြမွာလည္း ေကာ္ဖီေသာက္သုံးျခင္းက တူညီတဲ့အက်ိဳးေက်းဇူးရႏိုင္တာကို ေတြ႕ရွိခဲ့ပါတယ္။ ဒါဟာ ဦးေႏွာက္ က်န္းမာေရးအတြက္ လူေနမႈပုံစံေျပာင္းလဲၿပီး ကာကြယ္ႏိုင္တဲ့ အေျခအေနျဖစ္ႏိုင္ေပမယ့္ တျခားက်န္းမာေရး အေလ့အက်င့္ ေတြကိုလည္း ဂ႐ုစိုက္ဖို႔ လိုအပ္ပါေသးတယ္။
#MWD Ref: IE
ကော်ဖီသောက်ခြင်းက အရွယ်ရလာချိန်တွင် ဦးနှောက်ကျန်းမာရေးကို အထောက်အကူပြုနိုင်
=============================
ကော်ဖီသောက်တာက အရွယ်ရောက်လာချိန်မှာ ဦးနှောက်ကျန်းမာရေးကိုများစွာအထောက်အကူပြုနိုင်ပြီး အသက်ကြီးလာတဲ့အခါ ဖြစ်တတ်တဲ့ သူငယ်ပြန်ရောဂါကို ကာကွယ်ပေးနိုင်တယ်လို့ နှစ်ပေါင်း ၄၀ ကျော်ကြာပြုလုပ်တဲ့ လေ့လာမှုအသစ်မှာ တွေ့ရှိခဲ့ပါတယ်။ လူပေါင်း ၁၃၀၀၀၀ ကျော်ကို ဆယ်စုနှစ်လေးခုစာလောက် အချိန်ယူလေ့လာခဲ့ရာမှာ ကဖင်းဓာတ်ပါတဲ့ကော်ဖီကို တစ်နေ့နှစ်ခွက်ကနေ သုံးခွက် ဒါမှမဟုတ် လက်ဖက်ရည်ကို တစ်ခွက်ကနေ နှစ်ခွက်သာအသင့်အတင့် သောက်သုံးသူတွေအနေနဲ့
ဦးနှောက်မှတ်ဉာဏ်ကျဆင်းမှုနှုန်း သိသိသာသာလျော့နည်းတာကို တွေ့ရတာပါ။
Mass General Brigham၊ Harvard T.H. Chan School of Public Health နဲ့ Broad Institute of MIT and Harvard တို့မှသုတေသီများက အခုသုတေသနကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး ကဖင်းဓာတ်ပါတဲ့ သောက်စရာတွေက ဦးနှောက်ရောင်ရမ်းမှုကို လျှော့ချပေးသလို ကလာပ်စည်းတွေ ပျက်စီးတာကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ဆိုပါတယ်။ မျိုးရိုးဗီဇအရ သူငယ်ပြန်ရောဂါ ဖြစ်နိုင်ခြေ ရှိသူတွေမှာလည်း ကော်ဖီသောက်သုံးခြင်းက တူညီတဲ့အကျိုးကျေးဇူးရနိုင်တာကို တွေ့ရှိခဲ့ပါတယ်။ ဒါဟာ ဦးနှောက် ကျန်းမာရေးအတွက် လူနေမှုပုံစံပြောင်းလဲပြီး ကာကွယ်နိုင်တဲ့ အခြေအနေဖြစ်နိုင်ပေမယ့် တခြားကျန်းမာရေး အလေ့အကျင့် တွေကိုလည်း ဂရုစိုက်ဖို့ လိုအပ်ပါသေးတယ်။
#MWD / Ref: IE




