ေက်ာ္စြာဝင္း ႏွင့္ ထိုင္းဖိုက္တာလိပ္နင္ဂ်ာတို႔ ပြဲစဥ္ကို ONE က တရားဝင္အတည္ျပဳ

ေက်ာ္စြာဝင္း ႏွင့္ ထိုင္းဖိုက္တာလိပ္နင္ဂ်ာတို႔ ပြဲစဥ္ကို ONE က တရားဝင္အတည္ျပဳ
=================
ONE Friday Fight -147 ပြဲစဥ္အတြင္း ပထမတန္း႐ိုးရာဖိုက္တာ ေက်ာ္စြာဝင္း ဝါရင့္ေမြထိုင္းဖိုက္တာ လိပ္နင္ဂ်ာ ဆမင္းဒမ္းႏွင့္ မတ္လ (၂၀) ရက္တြင္ ယွဥ္ၿပိဳင္ထိုးသ-တ္သြားမည္ျဖစ္ေၾကာင္း ONE က တရားဝင္အတည္ျပဳလာၿပီျဖစ္ပါတယ္။
႐ိုးရာဖိုက္တာေက်ာ္စြာဝင္းသည္ ONE တြင္ မ်ိဳးဆက္သစ္အေန ျဖင့္ ဝင္ေရာက္ယွဥ္ၿပိဳင္ေနသူျဖစ္ၿပီး ၿပီးခဲ့သည့္ ONE Friday Fights-139 ပြဲစဥ္တြင္ ဂ်ပန္ဖိုက္တာမူဂါ ကို ဒုတိယအခ်ီတြင္ အလဲထိုးျပထားႏိုင္သူျဖစ္ပါတယ္။
ေက်ာ္စြာဝင္းသည္ ၿပိဳင္ဘက္ျဖစ္သူကို တုံ႔ျပန္သည့္ေနရာ၌ Counter-striker ကစားပုံျဖင့္ တုန႔္ျပန္တတ္ၿပီး ေနာက္မဆုတ္တမ္း ေရွ႕တိုးထိုးသ-တ္တတ္ကာ ပါဝါပါသည့္ လက္သီးခ်က္ျဖင့္ ၿပိဳင္ဘက္ကို အလဲထိုး ကစားတတ္သူျဖစ္သည္။
ၿပိဳင္ဘက္လိပ္နင္ဂ်ာ ဆမင္းဒမ္းမွာမူ ONE Friday Fights ပြဲစဥ္တြင္ ေျခကန္ခ်က္မ်ားျဖင့္ အစြမ္းျပေနသူျဖစ္ၿပီး လက္ရွိအခ်ိန္အထိ ရလဒ္ေကာင္းမ်ား ပိုင္ဆိုင္ထားသူလည္းျဖစ္ပါတယ္။
ဆမင္းဒမ္းသည္ ေအာက္ေျခကန္ခ်က္မ်ားႏွင့္အတူ လက္သီးတြဲလုံးမ်ားက ၿပိဳင္ဘက္ကို အၿမဲဖိအားေပးကစားႏိုင္စြ မ္းရွိၿပီး ယခုႏွစ္အတြင္း ႏိုင္ပြဲ (၄) ပြဲဆက္တိုက္ အႏိုင္ရထားသူျဖစ္ပါတယ္။


ကျော်စွာဝင်း နှင့် ထိုင်းဖိုက်တာလိပ်နင်ဂျာတို့ ပွဲစဉ်ကို ONE က တရားဝင်အတည်ပြု
=================
ONE Friday Fight -147 ပွဲစဉ်အတွင်း ပထမတန်းရိုးရာဖိုက်တာ ကျော်စွာဝင်း ဝါရင့်မွေထိုင်းဖိုက်တာ လိပ်နင်ဂျာ ဆမင်းဒမ်းနှင့် မတ်လ (၂၀) ရက်တွင် ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း ONE က တရားဝင်အတည်ပြုလာပြီဖြစ်ပါတယ်။
ရိုးရာဖိုက်တာကျော်စွာဝင်းသည် ONE တွင် မျိုးဆက်သစ်အနေ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်နေသူဖြစ်ပြီး ပြီးခဲ့သည့် ONE Friday Fights-139 ပွဲစဉ်တွင် ဂျပန်ဖိုက်တာမူဂါ ကို ဒုတိယအချီတွင် အလဲထိုးပြထားနိုင်သူဖြစ်ပါတယ်။
ကျော်စွာဝင်းသည် ပြိုင်ဘက်ဖြစ်သူကို တုံ့ပြန်သည့်နေရာ၌ Counter-striker ကစားပုံဖြင့် တုန့်ပြန်တတ်ပြီး နောက်မဆုတ်တမ်း ရှေ့တိုးထိုးသ-တ်တတ်ကာ ပါဝါပါသည့် လက်သီးချက်ဖြင့် ပြိုင်ဘက်ကို အလဲထိုး ကစားတတ်သူဖြစ်သည်။
ပြိုင်ဘက်လိပ်နင်ဂျာ ဆမင်းဒမ်းမှာမူ ONE Friday Fights ပွဲစဉ်တွင် ခြေကန်ချက်များဖြင့် အစွမ်းပြနေသူဖြစ်ပြီး လက်ရှိအချိန်အထိ ရလဒ်ကောင်းများ ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။
ဆမင်းဒမ်းသည် အောက်ခြေကန်ချက်များနှင့်အတူ လက်သီးတွဲလုံးများက ပြိုင်ဘက်ကို အမြဲဖိအားပေးကစားနိုင်စွ မ်းရှိပြီး ယခုနှစ်အတွင်း နိုင်ပွဲ (၄) ပွဲဆက်တိုက် အနိုင်ရထားသူဖြစ်ပါတယ်။