႐ုံးပိတ္ရက္ရွည္ကာလအတြင္း ေငြေဆာင္ကမ္းေျခသို႔ အနယ္နယ္အရပ္ရပ္မွ ခရီးသြားဧည့္သည္မ်ား လာေရာက္ လည္ပတ္မႈမ်ားျပာ

႐ုံးပိတ္ရက္ရွည္ကာလအတြင္း ေငြေဆာင္ကမ္းေျခသို႔ အနယ္နယ္အရပ္ရပ္မွ ခရီးသြားဧည့္သည္မ်ား လာေရာက္ လည္ပတ္မႈမ်ားျပာ
==============================
ေဖေဖာ္ဝါရီ (၁၈)

ဧရာဝတီတိုင္းေဒသႀကီး ပုသိမ္ခ႐ိုင္ ေငြေဆာင္ၿမိဳ႕ရွိ ေငြေဆာင္ကမ္းေျခသို႔ ႐ုံးပိတ္ရက္ရွည္ကာလျဖစ္ေသာ ေဖေဖာ္ဝါရီလ ၁၂ ရက္မွစတင္ကာ အနယ္နယ္အရပ္ရပ္မွ ခရီးသြားဧည့္သည္မ်ား လာေရာက္လည္ပတ္မႈ မ်ားျပားေၾကာင္း ဟိုတယ္ႏွင့္ခရီးသြားၫႊန္ၾကားမႈဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦး၏ ေျပာၾကားခ်က္အရ သိရပါတယ္။

ေဖေဖာ္ဝါရီလ ၁၂ ရက္မွ ၁၇ ရက္အထိ ႐ုံးပိတ္ရက္ေျခာက္ရက္တြင္ ဟိုတယ္၊ တည္းခိုရိပ္သာမ်ား၌ အခန္းအားလုံးနီးပါး ငွားရမ္းထားရၿပီး ခရီးသြားဧည့္သည္စုစုေပါင္း ၁၀,၉၃၆ ဦး လာေရာက္အပန္းေျဖလ်က္ရွိပါတယ္။

ေငြေဆာင္ကမ္းေျခသို႔ လာေရာက္လည္ပတ္ၾကေသာ ခရီးသြားဧည့္သည္မ်ားအေနနဲ႔ ေရကစားျခင္း၊ သဲေသာင္ျပင္ လမ္းေလွ်ာက္ျခင္း၊ ေနဝင္ခ်ိန္ၾကည့္ရႈျခင္းတို႔ ျပဳလုပ္ၾကၿပီး စားေသာက္ဆိုင္မ်ား၊ အမွတ္တရပစၥည္းအေရာင္းဆိုင္ မ်ားတြင္လည္း ဝယ္ယူသူမ်ားျဖင့္ စည္ကားလ်က္ရွိပါတယ္။

ခရီးသြားမ်ား လုံၿခဳံအဆင္ေျပစြာ အပန္းေျဖအနားယူႏိုင္ရန္အတြက္ ၿမိဳ႕အုပ္ခ်ဳပ္ေရးမႉးဦးေဆာင္သည့္ ကမ္းေျခစည္းကမ္းထိန္းသိမ္းေရး အဖြဲ႕ဝင္မ်ားက ၫႊန္ၾကားခ်က္မ်ားထုတ္ျပန္ကာ ကမ္းေျခသန႔္ရွင္းေရး၊ ယာဥ္ေၾကာ ထိန္းသိမ္းေရးႏွင့္ ကယ္ဆယ္ေရးလုပ္ငန္းမ်ားကိုလည္း စဥ္ဆက္မျပတ္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရပါတယ္။


ရုံးပိတ်ရက်ရှည်ကာလအတွင်း ငွေဆောင်ကမ်းခြေသို့ အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များ လာရောက် လည်ပတ်မှုများပြာ
==============================
ဖေဖော်ဝါရီ (၁၈)

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငွေဆောင်မြို့ရှိ ငွေဆောင်ကမ်းခြေသို့ ရုံးပိတ်ရက်ရှည်ကာလဖြစ်သော ဖေဖော်ဝါရီလ ၁၂ ရက်မှစတင်ကာ အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု များပြားကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက်မှ ၁၇ ရက်အထိ ရုံးပိတ်ရက်ခြောက်ရက်တွင် ဟိုတယ်၊ တည်းခိုရိပ်သာများ၌ အခန်းအားလုံးနီးပါး ငှားရမ်းထားရပြီး ခရီးသွားဧည့်သည်စုစုပေါင်း ၁၀,၉၃၆ ဦး လာရောက်အပန်းဖြေလျက်ရှိပါတယ်။

ငွေဆောင်ကမ်းခြေသို့ လာရောက်လည်ပတ်ကြသော ခရီးသွားဧည့်သည်များအနေနဲ့ ရေကစားခြင်း၊ သဲသောင်ပြင် လမ်းလျှောက်ခြင်း၊ နေဝင်ချိန်ကြည့်ရှုခြင်းတို့ ပြုလုပ်ကြပြီး စားသောက်ဆိုင်များ၊ အမှတ်တရပစ္စည်းအရောင်းဆိုင် များတွင်လည်း ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိပါတယ်။

ခရီးသွားများ လုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူနိုင်ရန်အတွက် မြို့အုပ်ချုပ်ရေးမှူးဦးဆောင်သည့် ကမ်းခြေစည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များက ညွှန်ကြားချက်များထုတ်ပြန်ကာ ကမ်းခြေသန့်ရှင်းရေး၊ ယာဉ်ကြော ထိန်းသိမ်းရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။