အေမရိကန္က ေနာက္ဆုံးေပၚဒုံးက်ည္စနစ္အသစ္မ်ားကို ဖိလစ္ပိုင္၌ျဖန႔္ၾကက္မည္

အေမရိကန္က ေနာက္ဆုံးေပၚဒုံးက်ည္စနစ္အသစ္မ်ားကို ဖိလစ္ပိုင္၌ျဖန႔္ၾကက္မည္
==================================
အေမရိကန္ႏိုင္ငံႏွင့္ ဖိလစ္ပိုင္ႏိုင္ငံတို႔ၾကား ကာကြယ္ေရးဆိုင္ရာပူးေပါင္းေဆာင္႐ြက္မႈကိုတိုးျမႇင့္မႈအျဖစ္ အေမရိကန္က ေနာက္ဆုံးေပၚဒုံးက်ည္စနစ္အသစ္မ်ားကို ဖိလစ္ပိုင္ႏိုင္ငံ၌ ျဖန႔္ၾကက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ႏွစ္ႏိုင္ငံစလုံးသည္ အေမရိကန္ႏိုင္ငံ၏ ေနာက္ဆုံးေပၚဒုံးက်ည္ႏွင့္ ေမာင္းသူမဲ့စနစ္မ်ားကို ဖိလစ္ပိုင္ႏိုင္ငံ၌ ဆက္လက္တိုးျမႇင့္ခ်ထားရန္ ကတိျပဳထားသည္ဟုေဖေဖာ္ဝါရီလ ၁၇ ရက္တြင္ထုတ္ျပန္ေသာပူးတြဲထုတ္ျပန္ခ်က္တစ္ခု၌ ေဖာ္ျပထားသည္။

အေမရိကန္ႏိုင္ငံသည္ ၂၀၂၄ ခုႏွစ္တြင္၎တို႔၏ Typhon ဒုံးက်ည္စနစ္ကို ဖိလစ္ပိုင္ႏိုင္ငံ၌ ျဖန႔္ၾကက္ခ်ထားၿပီးျဖစ္သည္။

ထိုစနစ္သည္ တိုမာေဟာ့အနိမ့္ပ်ံဒုံးက်ည္မ်ားအပါအဝင္ အမ်ိဳးမ်ိဳးေသာဒုံးက်ည္မ်ားကို ပစ္လႊတ္ႏိုင္စြမ္းရွိသည္။

၂၀၂၅ ခုႏွစ္တြင္ ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရးစစ္ေရးေလ့က်င့္မႈမ်ားအတြက္ အေမရိကန္က NMESIS သေဘၤာဖ်က္ဒုံးက်ည္စနစ္ကို ဖိလစ္ပိုင္ႏိုင္ငံသို႔ျဖန႔္ၾကက္ေပးထားသည္။

ေတာင္တ႐ုတ္ပင္လယ္အတြင္း ပထဝီႏိုင္ငံေရးတင္းမာမႈမ်ား ျဖစ္ေပၚေနစဥ္ အ‌ေမရိကန္က ဖိလစ္ပိုင္ႏိုင္ငံသို႔ စစ္လက္နက္ ပစၥည္းမ်ားစြာကို တိုးျမႇင့္ျဖန႔္ၾကက္လာေနျခင္း ျဖစ္သည္။ အေမရိကန္၏ ယင္းကဲ့သို႔စစ္လက္နက္ပစၥည္းမ်ား တိုးျမႇင့္ျဖန႔္ၾကက္မႈကို တ႐ုတ္ႏိုင္ငံက ဆန႔္က်င္ကန႔္ကြက္ထားၿပီး အေမရိကန္၏လုပ္ရပ္က ေဒသတြင္းတည္ၿငိမ္ေအးခ်မ္းေရးကို ပ်က္ျပားေစမည္ဟု ေျပာထားသည္။

Ref: ST


အမေရိကန်က နောက်ဆုံးပေါ်ဒုံးကျည်စနစ်အသစ်များကို ဖိလစ်ပိုင်၌ဖြန့်ကြက်မည်
==================================
အမေရိကန်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့ကြား ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်မှုအဖြစ် အမေရိကန်က နောက်ဆုံးပေါ်ဒုံးကျည်စနစ်အသစ်များကို ဖိလစ်ပိုင်နိုင်ငံ၌ ဖြန့်ကြက်သွားမည်ဖြစ်ကြောင်း သိရသည်။

နှစ်နိုင်ငံစလုံးသည် အမေရိကန်နိုင်ငံ၏ နောက်ဆုံးပေါ်ဒုံးကျည်နှင့် မောင်းသူမဲ့စနစ်များကို ဖိလစ်ပိုင်နိုင်ငံ၌ ဆက်လက်တိုးမြှင့်ချထားရန် ကတိပြုထားသည်ဟုဖေဖော်ဝါရီလ ၁၇ ရက်တွင်ထုတ်ပြန်သောပူးတွဲထုတ်ပြန်ချက်တစ်ခု၌ ဖော်ပြထားသည်။

အမေရိကန်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင်၎င်းတို့၏ Typhon ဒုံးကျည်စနစ်ကို ဖိလစ်ပိုင်နိုင်ငံ၌ ဖြန့်ကြက်ချထားပြီးဖြစ်သည်။

ထိုစနစ်သည် တိုမာဟော့အနိမ့်ပျံဒုံးကျည်များအပါအဝင် အမျိုးမျိုးသောဒုံးကျည်များကို ပစ်လွှတ်နိုင်စွမ်းရှိသည်။

၂၀၂၅ ခုနှစ်တွင် နှစ်နိုင်ငံချစ်ကြည်ရေးစစ်ရေးလေ့ကျင့်မှုများအတွက် အမေရိကန်က NMESIS သင်္ဘောဖျက်ဒုံးကျည်စနစ်ကို ဖိလစ်ပိုင်နိုင်ငံသို့ဖြန့်ကြက်ပေးထားသည်။

တောင်တရုတ်ပင်လယ်အတွင်း ပထဝီနိုင်ငံရေးတင်းမာမှုများ ဖြစ်ပေါ်နေစဉ် အ‌မေရိကန်က ဖိလစ်ပိုင်နိုင်ငံသို့ စစ်လက်နက် ပစ္စည်းများစွာကို တိုးမြှင့်ဖြန့်ကြက်လာနေခြင်း ဖြစ်သည်။ အမေရိကန်၏ ယင်းကဲ့သို့စစ်လက်နက်ပစ္စည်းများ တိုးမြှင့်ဖြန့်ကြက်မှုကို တရုတ်နိုင်ငံက ဆန့်ကျင်ကန့်ကွက်ထားပြီး အမေရိကန်၏လုပ်ရပ်က ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေမည်ဟု ပြောထားသည်။

Ref: ST