အင္ဒိုနီးရွားက ႏိုင္ငံ့ဝန္ထမ္း ၄၀၀၀ ကို အမ်ိဳးသားကာကြယ္ေရးအတြက္ စစ္သင္တန္းေပးမည္

အင္ဒိုနီးရွားက ႏိုင္ငံ့ဝန္ထမ္း ၄၀၀၀ ကို အမ်ိဳးသားကာကြယ္ေရးအတြက္ စစ္သင္တန္းေပးမည္
=======================
အင္ဒိုနီးရွားႏိုင္ငံ၏ အမ်ိဳးသားကာကြယ္ေရးက႑ကိုျမႇင့္တင္ရန္ ၂၀၂၆ ခုႏွစ္ ႏွစ္ဦးပိုင္းတြင္ ႏိုင္ငံ့ဝန္ထမ္း ၄၀၀၀ ကို စစ္ဘက္အရန္အင္အားစုအျဖစ္ စစ္ပညာသင္ေပးရန္စီစဥ္ေနေၾကာင္း ကာကြယ္ေရးဝန္ႀကီးကေျပာသည္။

ထိုအစီအစဥ္သည္ ႏိုင္ငံ့ဝန္ထမ္းမ်ားအၾကား မ်ိဳးခ်စ္စိတ္ဓာတ္ႏွင့္ ႏိုင္ငံအေပၚ တာဝန္သိစိတ္ ပိုမိုခိုင္မာလာေစရန္ရည္႐ြယ္ျခင္းျဖစ္ေၾကာင္း အမ်ိဳးသားကာကြယ္ေရးဆိုင္ရာေဆြးေႏြးပြဲတြင္ ကာကြယ္ေရးဝန္ႀကီးက ထည့္သြင္းေျပာျခင္းျဖစ္သည္။

အသက္ ၁၈ ႏွစ္မွ ၃၅ ႏွစ္အတြင္းရွိ ဝန္ထမ္းမ်ားသည္ အေျခခံစစ္ပညာကို အဆင့္လိုက္ သင္ယူရမည္ျဖစ္ေသာ္လည္း ၎တို႔သည္ ပုံမွန္တပ္မေတာ္သားတစ္ဦးကဲ့သို႔ ပင္မတာဝန္မ်ားကို အစားထိုးထမ္းေဆာင္မည္မဟုတ္ဘဲ သင္တန္းၿပီးပါက သက္ဆိုင္ရာဌာနမ်ားတြင္သာျပန္လည္တာဝန္ထမ္းေဆာင္ရမည္ျဖစ္သည္။

အဆိုပါစစ္သင္တန္းမ်ားကို ဧၿပီလတြင္ စတင္ႏိုင္ဖြယ္ရွိၿပီး ဝန္ႀကီးဌာနႏွင့္ အစိုးရအဖြဲ႕အစည္း ၄၉ ခုကို အဓိကထားမည္ဟု ကာကြယ္ေရးဝန္ႀကီးဌာနမွေျပာေရးဆိုခြင့္ရွိသူကေျပာသည္။ အဆိုပါသင္တန္းသည္ မျဖစ္မေနတက္ေရာက္ရမည့္သင္တန္းမ်ိဳးမဟုတ္ဘဲ မိမိဆႏၵအေလ်ာက္သာတက္ေရာက္ရမည့္သင္တန္းျဖစ္ေၾကာင္း ၎က ရွင္းျပသည္။ ယခုအစီအစဥ္သည္ ၂၀၂၁ ခုႏွစ္မွစတင္ခ်မွတ္သည့္မူဝါဒကို အေကာင္အထည္ေဖာ္ျခင္းျဖစ္ၿပီး၂၀၂၁ ခုႏွစ္မွ ၂၀၂၅ခုႏွစ္အတြင္း ကာကြယ္ေရးဝန္ႀကီးဌာနမွ ဝန္ထမ္း ၁၃၃၃ ဦး သင္တန္းဆင္းၿပီးျဖစ္ေၾကာင္းသိရသည္။

Ref: AGC


အင်ဒိုနီးရှားက နိုင်ငံ့ဝန်ထမ်း ၄၀၀၀ ကို အမျိုးသားကာကွယ်ရေးအတွက် စစ်သင်တန်းပေးမည်
=======================
အင်ဒိုနီးရှားနိုင်ငံ၏ အမျိုးသားကာကွယ်ရေးကဏ္ဍကိုမြှင့်တင်ရန် ၂၀၂၆ ခုနှစ် နှစ်ဦးပိုင်းတွင် နိုင်ငံ့ဝန်ထမ်း ၄၀၀၀ ကို စစ်ဘက်အရန်အင်အားစုအဖြစ် စစ်ပညာသင်ပေးရန်စီစဉ်နေကြောင်း ကာကွယ်ရေးဝန်ကြီးကပြောသည်။

ထိုအစီအစဉ်သည် နိုင်ငံ့ဝန်ထမ်းများအကြား မျိုးချစ်စိတ်ဓာတ်နှင့် နိုင်ငံအပေါ် တာဝန်သိစိတ် ပိုမိုခိုင်မာလာစေရန်ရည်ရွယ်ခြင်းဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးဆိုင်ရာဆွေးနွေးပွဲတွင် ကာကွယ်ရေးဝန်ကြီးက ထည့်သွင်းပြောခြင်းဖြစ်သည်။

အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ ဝန်ထမ်းများသည် အခြေခံစစ်ပညာကို အဆင့်လိုက် သင်ယူရမည်ဖြစ်သော်လည်း ၎င်းတို့သည် ပုံမှန်တပ်မတော်သားတစ်ဦးကဲ့သို့ ပင်မတာဝန်များကို အစားထိုးထမ်းဆောင်မည်မဟုတ်ဘဲ သင်တန်းပြီးပါက သက်ဆိုင်ရာဌာနများတွင်သာပြန်လည်တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

အဆိုပါစစ်သင်တန်းများကို ဧပြီလတွင် စတင်နိုင်ဖွယ်ရှိပြီး ဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်း ၄၉ ခုကို အဓိကထားမည်ဟု ကာကွယ်ရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူကပြောသည်။ အဆိုပါသင်တန်းသည် မဖြစ်မနေတက်ရောက်ရမည့်သင်တန်းမျိုးမဟုတ်ဘဲ မိမိဆန္ဒအလျောက်သာတက်ရောက်ရမည့်သင်တန်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ ယခုအစီအစဉ်သည် ၂၀၂၁ ခုနှစ်မှစတင်ချမှတ်သည့်မူဝါဒကို အကောင်အထည်ဖော်ခြင်းဖြစ်ပြီး၂၀၂၁ ခုနှစ်မှ ၂၀၂၅ခုနှစ်အတွင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်း ၁၃၃၃ ဦး သင်တန်းဆင်းပြီးဖြစ်ကြောင်းသိရသည်။

Ref: AGC