အီရန္လႊတ္ေတာ္က ဥေရာပသမဂၢတပ္ဖြဲ႕မ်ားကို အၾကမ္းဖက္အဖြဲ႕မ်ားအျဖစ္ သတ္မွတ္ေၾကာင္းထုတ္ျပန္

အီရန္လႊတ္ေတာ္က ဥေရာပသမဂၢတပ္ဖြဲ႕မ်ားကို အၾကမ္းဖက္အဖြဲ႕မ်ားအျဖစ္ သတ္မွတ္ေၾကာင္းထုတ္ျပန္
=========================
ဥေရာပသမဂၢက အီရန္ႏိုင္ငံ၏အစၥလာမ္မစ္ေတာ္လွန္ေရးအေစာင့္တပ္ဖြဲ႕ကို အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ သတ္မွတ္ခဲ့ျခင္းအေပၚတုံ႔ျပန္သည့္အေနျဖင့္ အီရန္လႊတ္ေတာ္ကလည္း ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံမ်ား၏တပ္ဖြဲ႕မ်ားကို အၾကမ္းဖက္အဖြဲ႕မ်ားအျဖစ္ သတ္မွတ္ေၾကာင္း ေဖေဖာ္ဝါရီလ ၁ ရက္တြင္ ထုတ္ျပန္ေၾကညာသည္။

အီရန္လႊတ္ေတာ္ဥကၠ႒က အဆိုပါဆုံးျဖတ္ခ်က္ကို လႊတ္ေတာ္၌ ေၾကညာခဲ့ျခင္းျဖစ္ၿပီး အီရန္လႊတ္ေတာ္အမတ္မ်ားသည္ အစၥလာမ္မစ္ေတာ္လွန္ေရး အေစာင့္တပ္ဖြဲ႕၏ အစိမ္းေရာင္စစ္ဝတ္စုံမ်ားကို ဝတ္ဆင္ကာ ဥေရာပ၏လုပ္ရပ္အေပၚ ကန႔္ကြက္ေၾကာင္းျပသသည္။ ဥေရာပသမဂၢသည္ အစၥလာမ္မစ္ေတာ္လွန္ေရးအေစာင့္တပ္ဖြဲ႕ကို အၾကမ္းဖက္အဖြဲ႕အျဖစ္ စာရင္းသြင္းရန္ဇန္နဝါရီလ ၂၉ ရက္တြင္ သေဘာတူၿပီးေနာက္ ယခုကဲ့သို႔ အျပန္အလွန္တုံ႔ျပန္မႈမ်ား ျဖစ္ေပၚလာျခင္း ျဖစ္သည္။

ထို႔ျပင္ ဤလုပ္ရပ္ေၾကာင့္ ျဖစ္ေပၚလာမည့္ ေနာက္ဆက္တြဲအက်ိဳးဆက္အားလုံးကို ဥေရာပသမဂၢက တာဝန္ယူရမည္ဟုလည္း အီရန္လႊတ္ေတာ္ဥကၠ႒က သတိေပးထားသည္။ ထို႔ျပင္ လႊတ္ေတာ္၏ လုံၿခဳံေရးေကာ္မတီအေနျဖင့္ ႏိုင္ငံရွိ ဥေရာပစစ္သံမႉးမ်ားကို ႏွင္ထုတ္ေရးကိစၥႏွင့္ ပတ္သက္၍ ႏိုင္ငံျခားေရးဝန္ႀကီးဌာနႏွင့္ ဆက္လက္ညႇိႏႈိင္းသြားမည္ျဖစ္သည္။

ဥေရာပ၏ ဆုံးျဖတ္ခ်က္သည္ အေမရိကန္ႏိုင္ငံ၏ ၫႊန္ၾကားခ်က္ကို လိုက္နာျခင္းျဖစ္ၿပီး ေဒသတြင္းတည္ၿငိမ္ေရး ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ဟန႔္တားရာေရာက္သည္ဟု လႊတ္ေတာ္အမတ္မ်ားက ေျပာထားသည္။

Ref: Sputnik


အီရန်လွှတ်တော်က ဥရောပသမဂ္ဂတပ်ဖွဲ့များကို အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်ကြောင်းထုတ်ပြန်
=========================
ဥရောပသမဂ္ဂက အီရန်နိုင်ငံ၏အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ခြင်းအပေါ်တုံ့ပြန်သည့်အနေဖြင့် အီရန်လွှတ်တော်ကလည်း ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏တပ်ဖွဲ့များကို အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်ကြောင်း ဖေဖော်ဝါရီလ ၁ ရက်တွင် ထုတ်ပြန်ကြေညာသည်။

အီရန်လွှတ်တော်ဥက္ကဋ္ဌက အဆိုပါဆုံးဖြတ်ချက်ကို လွှတ်တော်၌ ကြေညာခဲ့ခြင်းဖြစ်ပြီး အီရန်လွှတ်တော်အမတ်များသည် အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ အစိမ်းရောင်စစ်ဝတ်စုံများကို ဝတ်ဆင်ကာ ဥရောပ၏လုပ်ရပ်အပေါ် ကန့်ကွက်ကြောင်းပြသသည်။ ဥရောပသမဂ္ဂသည် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် စာရင်းသွင်းရန်ဇန်နဝါရီလ ၂၉ ရက်တွင် သဘောတူပြီးနောက် ယခုကဲ့သို့ အပြန်အလှန်တုံ့ပြန်မှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ထို့ပြင် ဤလုပ်ရပ်ကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲအကျိုးဆက်အားလုံးကို ဥရောပသမဂ္ဂက တာဝန်ယူရမည်ဟုလည်း အီရန်လွှတ်တော်ဥက္ကဋ္ဌက သတိပေးထားသည်။ ထို့ပြင် လွှတ်တော်၏ လုံခြုံရေးကော်မတီအနေဖြင့် နိုင်ငံရှိ ဥရောပစစ်သံမှူးများကို နှင်ထုတ်ရေးကိစ္စနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဆက်လက်ညှိနှိုင်းသွားမည်ဖြစ်သည်။

ဥရောပ၏ ဆုံးဖြတ်ချက်သည် အမေရိကန်နိုင်ငံ၏ ညွှန်ကြားချက်ကို လိုက်နာခြင်းဖြစ်ပြီး ဒေသတွင်းတည်ငြိမ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ဟန့်တားရာရောက်သည်ဟု လွှတ်တော်အမတ်များက ပြောထားသည်။

Ref: Sputnik