ျမန္မာအမ်ိဳးသား၊ အမ်ိဳးသမီးေဘာလုံးအသင္းေတြရဲ႕ ဆီးဂိမ္းစ္အုပ္စုအဖြင့္ပြဲေတြ ယေန႔ ယွဥ္ၿပိဳင္ကစားမည္

ျမန္မာအမ်ိဳးသား၊ အမ်ိဳးသမီးေဘာလုံးအသင္းေတြရဲ႕ ဆီးဂိမ္းစ္အုပ္စုအဖြင့္ပြဲေတြ ယေန႔ ယွဥ္ၿပိဳင္ကစားမည္
====================
ထိုင္းႏိုင္ငံမွာ က်င္းပေနတဲ့ (၃၃)ႀကိမ္ေျမာက္ ဆီးဂိမ္းစ္ၿပိဳင္ပြဲမွာ ျမန္မာအမ်ိဳးသား၊ အမ်ိဳးသမီးေဘာလုံးအသင္းေတြရဲ႕ အုပ္စုအဖြင့္ပြဲေတြကို ယေန႔ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။

အမ်ိဳးသားေဘာလုံးအသင္းက ျမန္မာစံေတာ္ခ်ိန္ ညေန (၅း၃၀)နာရီမွာ ဖိလစ္ပိုင္အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္သလို၊ အမ်ိဳးသမီးေဘာလုံးအသင္းကလည္း ျမန္မာစံေတာ္ခ်ိန္ ညေန (၃း၃၀)နာရီမွာ ဖိလစ္ပိုင္အမ်ိဳးသမီးအသင္းနဲ႔ပဲ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။

အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲမွာ အသက္(၂၂)ႏွစ္ေအာက္ ယူ-၂၂ အသင္းေတြသာ ယွဥ္ၿပိဳင္ရတာျဖစ္ၿပီး ျမန္မာအသင္းဟာ အုပ္စု(C)မွာ အင္ဒိုနီးရွား၊ ဖိလစ္ပိုင္တို႔နဲ႔အတူ က်ေရာက္ေနပါတယ္။

အမ်ိဳးသမီးေဘာလုံးၿပိဳင္ပြဲမွာေတာ့ လက္ေ႐ြးစင္အဆင့္အျဖစ္ အသက္ကန႔္သတ္မထားဘဲ ယွဥ္ၿပိဳင္ရတာျဖစ္ၿပီး ျမန္မာအသင္းဟာ အုပ္စု(B)မွာ ဗီယက္နမ္၊ ဖိလစ္ပိုင္၊ မေလးရွားတို႔နဲ႔အတူ က်ေရာက္ေနပါတယ္။

အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲမွာ အုပ္စု(၃)ခုက အုပ္စုပထမရတဲ့အသင္းေတြနဲ႔ အေကာင္းဆုံးအုပ္စုဒုတိယရရွိတဲ့တစ္သင္းသာ ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ခြင့္ရမွာျဖစ္ၿပီး အမ်ိဳးသမီးၿပိဳင္ပြဲမွာေတာ့ အုပ္စုပထမနဲ႔ ဒုတိယရတဲ့ အသင္းေတြ ဆီမီးဖိုင္နယ္အဆင့္ တက္ေရာက္ႏိုင္မွာျဖစ္ပါတယ္။

အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲရဲ႕ လက္ရွိခ်န္ပီယံက အင္ဒိုနီးရွားျဖစ္ၿပီး၊ အမ်ိဳးသမီးေဘာလုံးၿပိဳင္ပြဲရဲ႕ လက္ရွိခ်န္ပီယံက ဗီယက္နမ္ျဖစ္တာေၾကာင့္ ျမန္မာအသင္းေတြက လက္ရွိခ်န္ပီယံအသင္းေတြနဲ႔ အုပ္စုအဆင့္မွာ ဆုံေတြ႕ေနၾကျခင္းလည္းျဖစ္ပါတယ္။


မြန်မာအမျိုးသား၊ အမျိုးသမီးဘောလုံးအသင်းတွေရဲ့ ဆီးဂိမ်းစ်အုပ်စုအဖွင့်ပွဲတွေ ယနေ့ ယှဉ်ပြိုင်ကစားမည်
====================
ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ (၃၃)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာအမျိုးသား၊ အမျိုးသမီးဘောလုံးအသင်းတွေရဲ့ အုပ်စုအဖွင့်ပွဲတွေကို ယနေ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

အမျိုးသားဘောလုံးအသင်းက မြန်မာစံတော်ချိန် ညနေ (၅း၃၀)နာရီမှာ ဖိလစ်ပိုင်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်သလို၊ အမျိုးသမီးဘောလုံးအသင်းကလည်း မြန်မာစံတော်ချိန် ညနေ (၃း၃၀)နာရီမှာ ဖိလစ်ပိုင်အမျိုးသမီးအသင်းနဲ့ပဲ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

အမျိုးသားဘောလုံးပြိုင်ပွဲမှာ အသက်(၂၂)နှစ်အောက် ယူ-၂၂ အသင်းတွေသာ ယှဉ်ပြိုင်ရတာဖြစ်ပြီး မြန်မာအသင်းဟာ အုပ်စု(C)မှာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့နဲ့အတူ ကျရောက်နေပါတယ်။

အမျိုးသမီးဘောလုံးပြိုင်ပွဲမှာတော့ လက်ရွေးစင်အဆင့်အဖြစ် အသက်ကန့်သတ်မထားဘဲ ယှဉ်ပြိုင်ရတာဖြစ်ပြီး မြန်မာအသင်းဟာ အုပ်စု(B)မှာ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားတို့နဲ့အတူ ကျရောက်နေပါတယ်။

အမျိုးသားဘောလုံးပြိုင်ပွဲမှာ အုပ်စု(၃)ခုက အုပ်စုပထမရတဲ့အသင်းတွေနဲ့ အကောင်းဆုံးအုပ်စုဒုတိယရရှိတဲ့တစ်သင်းသာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ခွင့်ရမှာဖြစ်ပြီး အမျိုးသမီးပြိုင်ပွဲမှာတော့ အုပ်စုပထမနဲ့ ဒုတိယရတဲ့ အသင်းတွေ ဆီမီးဖိုင်နယ်အဆင့် တက်ရောက်နိုင်မှာဖြစ်ပါတယ်။

အမျိုးသားဘောလုံးပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံက အင်ဒိုနီးရှားဖြစ်ပြီး၊ အမျိုးသမီးဘောလုံးပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံက ဗီယက်နမ်ဖြစ်တာကြောင့် မြန်မာအသင်းတွေက လက်ရှိချန်ပီယံအသင်းတွေနဲ့ အုပ်စုအဆင့်မှာ ဆုံတွေ့နေကြခြင်းလည်းဖြစ်ပါတယ်။