အာဂ်င္တီးနားအသင္းႏွင့္ စပိန္အသင္းတို႔ကစားမည့္ Finalissima ဗိုလ္လုပြဲကို၂၀၂၆ ခုႏွစ္ မတ္လ၂၇ ရက္တြင္ က်င္းပမည္

အာဂ်င္တီးနားအသင္းႏွင့္ စပိန္အသင္းတို႔ကစားမည့္ Finalissima ဗိုလ္လုပြဲကို၂၀၂၆ ခုႏွစ္ မတ္လ၂၇ ရက္တြင္ က်င္းပမည္
==========================
အာဂ်င္တီးနားအသင္းႏွင့္ စပိန္အသင္းတို႔ကစား မည့္ Finalissima ဗိုလ္လုပြဲကို ၂၀၂၆ ခုႏွစ္ မတ္လ ၂၇ ရက္တြင္ က်င္းပမည္ ျဖစ္ေၾကာင္း သိရသည္။

Finalissima ဗိုလ္လုပြဲသည္ ေတာင္အေမရိကေဘာလုံးအဖြဲ႕ခ်ဳပ္မွ ႀကီးမႉးက်င္းပေသာ အျမင့္ဆုံး ၿပိဳင္ပြဲျဖစ္သည့္ ကိုပါအေမရိက ဖလားခ်န္ပီယံအသင္း ႏွင့္ ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္မွ ႀကီးမႉးက်င္းပေသာ အျမင့္ဆုံးၿပိဳင္ပြဲ ျဖစ္သည့္ ယူ႐ိုခ်န္ပီယံအသင္းတို႔ ယွဥ္ၿပိဳင္ကစားျခင္း ျဖစ္သည္။

ေတာင္အေမရိကေဘာလုံးအဖြဲ႕ခ်ဳပ္ႏွင့္ ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္တို႔မွ ႀကီးမႉးၿပီး ကိုပါအေမရိက ဖလားခ်န္ပီယံ အသင္းႏွင့္ ယူ႐ိုခ်န္ပီယံအသင္းတို႔ ကစားခဲ့သည့္ Finalissima ဗိုလ္လုပြဲကို ၂၀၂၂ ခုႏွစ္က စတင္က်င္းပျခင္းျဖစ္ၿပီး အမ်ိဳးသား Finalissima ဗိုလ္လုပြဲအျပင္ အမ်ိဳးသမီး Finalissima ဗိုလ္လုပြဲ ကိုပါ ထည့္သြင္း က်င္းပေနျခင္း ျဖစ္သည္။

ၿပီးခဲ့သည့္ ယူ႐ို ၂၀၂၄ ၿပိဳင္ပြဲတြင္ စပိန္အသင္းက ခ်န္ပီယံဆု ဆြတ္ခူးထားျခင္းျဖစ္ၿပီး ၂၀၂၄ ကိုပါ အေမရိကဖလားကိုလည္း အာဂ်င္တီးနားအသင္းက ဆြတ္ခူးထားႏိုင္သည့္အတြက္ ၎တို႔ႏွစ္သင္းအေနျဖင့္ Finalissima ဗိုလ္လုပြဲကိုကစားရမည္ျဖစ္ကာ‌Finalissima ဗိုလ္လုပြဲ၌ အာဂ်င္တီးနားအသင္းက ခ်န္ပီယံ ဆုႏွစ္ႀကိမ္အထိ ဆြတ္ခူးထားၿပီး အေအာင္ ျမင္ဆုံးအသင္းအျဖစ္ ရပ္တည္လ်က္ရွိသည့္အျပင္ လက္ရွိခ်န္ပီယံ အသင္းအျဖစ္ပါ ရပ္တည္ေနသည္။

အာဂ်င္တီးနားအသင္းႏွင့္ စပိန္အသင္းတို႔ ကစားမည့္ Finalissima ဗိုလ္လုပြဲကို ၂၀၂၆ ခုႏွစ္ မတ္လ ၂၇ ရက္တြင္ ကာတာႏိုင္ငံ ဒိုဟာၿမိဳ႕ရွိ Lusail Stadium ၌ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

Ref;Techno Sports


အာဂျင်တီးနားအသင်းနှင့် စပိန်အသင်းတို့ကစားမည့် Finalissima ဗိုလ်လုပွဲကို၂၀၂၆ ခုနှစ် မတ်လ၂၇ ရက်တွင် ကျင်းပမည်
==========================
အာဂျင်တီးနားအသင်းနှင့် စပိန်အသင်းတို့ကစား မည့် Finalissima ဗိုလ်လုပွဲကို ၂၀၂၆ ခုနှစ် မတ်လ ၂၇ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

Finalissima ဗိုလ်လုပွဲသည် တောင်အမေရိကဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော အမြင့်ဆုံး ပြိုင်ပွဲဖြစ်သည့် ကိုပါအမေရိက ဖလားချန်ပီယံအသင်း နှင့် ဥရောပဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော အမြင့်ဆုံးပြိုင်ပွဲ ဖြစ်သည့် ယူရိုချန်ပီယံအသင်းတို့ ယှဉ်ပြိုင်ကစားခြင်း ဖြစ်သည်။

တောင်အမေရိကဘောလုံးအဖွဲ့ချုပ်နှင့် ဥရောပဘောလုံးအဖွဲ့ချုပ်တို့မှ ကြီးမှူးပြီး ကိုပါအမေရိက ဖလားချန်ပီယံ အသင်းနှင့် ယူရိုချန်ပီယံအသင်းတို့ ကစားခဲ့သည့် Finalissima ဗိုလ်လုပွဲကို ၂၀၂၂ ခုနှစ်က စတင်ကျင်းပခြင်းဖြစ်ပြီး အမျိုးသား Finalissima ဗိုလ်လုပွဲအပြင် အမျိုးသမီး Finalissima ဗိုလ်လုပွဲ ကိုပါ ထည့်သွင်း ကျင်းပနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ယူရို ၂၀၂၄ ပြိုင်ပွဲတွင် စပိန်အသင်းက ချန်ပီယံဆု ဆွတ်ခူးထားခြင်းဖြစ်ပြီး ၂၀၂၄ ကိုပါ အမေရိကဖလားကိုလည်း အာဂျင်တီးနားအသင်းက ဆွတ်ခူးထားနိုင်သည့်အတွက် ၎င်းတို့နှစ်သင်းအနေဖြင့် Finalissima ဗိုလ်လုပွဲကိုကစားရမည်ဖြစ်ကာ‌Finalissima ဗိုလ်လုပွဲ၌ အာဂျင်တီးနားအသင်းက ချန်ပီယံ ဆုနှစ်ကြိမ်အထိ ဆွတ်ခူးထားပြီး အအောင် မြင်ဆုံးအသင်းအဖြစ် ရပ်တည်လျက်ရှိသည့်အပြင် လက်ရှိချန်ပီယံ အသင်းအဖြစ်ပါ ရပ်တည်နေသည်။

အာဂျင်တီးနားအသင်းနှင့် စပိန်အသင်းတို့ ကစားမည့် Finalissima ဗိုလ်လုပွဲကို ၂၀၂၆ ခုနှစ် မတ်လ ၂၇ ရက်တွင် ကာတာနိုင်ငံ ဒိုဟာမြို့ရှိ Lusail Stadium ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Ref;Techno Sports