တရုတ်ရှိကမ္ဘာ့အမြင့်ဆုံးတံတားပေါ် ယာဉ်များဖြတ်သန်းခွင့်ပြု

တရုတ်ရှိကမ္ဘာ့အမြင့်ဆုံးတံတားပေါ် ယာဉ်များဖြတ်သန်းခွင့်ပြု

=====================

တရုတ်နိုင်ငံတွင် ကမ္ဘာအမြင့်ဆုံးတံတားကို စက်တင်ဘာလ ၂၈ ရက်‌နေ့က ဖွင့်လှစ်ပေးခဲ့သည်။  သုံးနှစ်ကြာ တည်ဆောက်ခဲ့သောတံတားကြီးသည် အဆိုပါပြည်နယ်မှာပင်ရှိသည့် အခြားတံတားတစ်စင်း၏ စံချိန်ကိုချိုးဖျ-က်နိုင်ခဲ့သည်။

ဟွာကျန်းဂရင်းကင်ညွန်တံတားသည် Guizhou ပြည်နယ်ရှိ ကျယ်ပြန့်သောချောက်ကြီးနှင့် မြစ်တစ်စင်း၏ အထက် ၆၂၅ မီတာတွင် တည်ရှိသည်။ အဆိုပါပြည်နယ်တွင် လက်ရှိ၌ ကမ္ဘာ့ဒုတိယအမြင့်ဆုံးဖြစ်သွားသည့် အမြင့် ၅၆၅ မီတာရှိ ဘေဖန်ကျန်းတံတားလည်းတည်ရှိသည်။

စက်တင်ဘာလ ၂၈ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာက တို-က်ရို-က်ထုတ်လွှင့်ခဲ့သော ဗီဒီယိုတွင် ကြီးမားသောတံတားကြီးပေါ်မှ ယာဉ်များဖြတ်သန်းနေပြီး မြင့်မားသော အပြာရောင်တံတားတိုင်ကြီးများကို တိမ်များက တစ်စိတ်တစ်ပိုင်းဖုံးလွှမ်းနေသည်ကို တွေ့ရသည်။

တံတားဖွင့်လှစ်သည့် အထိမ်းအမှတ်အခမ်းအနားသို့ စီမံကိန်းအင်ဂျင်နီယာများနှင့် ဒေသဆိုင်ရာ တာဝန်ရှိသူများအပါအဝင် လာရောက်ကြည့်ရှု့ခဲ့သူများသည် နိုင်ငံပိုင်မီဒီယာနှင့် အင်တာဗျူးများလုပ်ခဲ့ရာတွင် ၎င်းတို့၏ ဂုဏ်ယူဝမ်းမြောက်မှု၊ ပျော်ရွှင်စိတ်လှုပ်ရှားမှုများကို ဖော်ပြခဲ့ကြသည်။

“ဟွာကျန်းတံတားကြီး ဖွင့်လှစ်လိုက်တာကြောင့် နှစ်ဖက်အကြား ခရီးသွားကြာချိန်ကို ယခင်က နှစ်နာရီကနေ   ယခုအခါ နှစ်မိနစ်နဲ့ရောက်သွားစေပါတယ် ” ဟု ပြည်နယ်ပို့ဆောင်ရေးဌာနအကြီးအကဲ ကျန်ယင်က စက်တင်ဘာ ၂၄ ရက်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ #Popular