ဒူးဒဏ်ရာပြဿနာကြောင့် (၅)လဝန်းကျင် အနားယူရမယ့် ဂါဗီ

ဒူးဒဏ်ရာပြဿနာကြောင့် (၅)လဝန်းကျင် အနားယူရမယ့် ဂါဗီ

==============

ဘာစီလိုနာအသင်းက ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ရတဲ့ ကွင်းလယ်ကစားသမား ဂါဗီအနေနဲ့ (၄)လကနေ (၅)လဝန်းကျင်အထိ အနားယူရမယ်လို အတည်ပြုကြေညာခဲ့ပါတယ်။

အသက်(၂၁)နှစ်သာရှိသေးတဲ့ စပိန်ကစားသမား ဂါဗီဟာ ၂၀၂၃ နိုဝင်ဘာတုန်းက ဒူးအရွတ်စုတ်ပြဲတဲ့ ဒဏ်ရာရရှိတာကြောင့် (၁၁)လဝန်းကျင် အနားယူခဲ့ရဖူးပါတယ်။

အခု ညာဘက်ဒူးမှာပဲ ဒဏ်ရာထပ်ရခဲ့တာဖြစ်ပြီး ပထမအကြိမ်ကထက် ပြင်းထန်တယ်လို သိရပါတယ်။

ဂါဗီအနေနဲ့ အစောဆုံးအဖြစ် ဇန်နဝါရီမှ ပြန်ကစားနိုင်တော့မှာဖြစ်တာကြောင့် ဘာစီလိုနာအသင်းရဲ့ ပွဲစဉ်အများအပြားကို လွဲချော်ရမှာဖြစ်သလို၊ စပိန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့်ရဖိုလည်း ခက်ခက်ခဲခဲကြိုးပမ်းရဖွယ်ရှိနေကြောင်း သိရပါတယ်။

ဂါဗီဟာ ဘာစီလိုနာအသင်းနဲ့ ၂၀၃၀ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး ယူရို(၁)ဘီလီယံတန် လျော်ကြေးစာချုပ် ချုပ်ဆိုထားသူလည်း ဖြစ်ပါတယ်။