ရုရှား၏ကင်ဆာကာကွယ်ဆေး အသုံးပြုနိုင်တော့မည် FMBA

ရုရှား၏ကင်ဆာကာကွယ်ဆေး အသုံးပြုနိုင်တော့မည် FMBA

=============

ရုရှ၏ ပြည်ထောင်စုဆေးနှင့်ဇီဝဗေဒဆိုင်ရာအေဂျင်စီအကြီးအကဲ Skvortsova က “လွန်ခဲ့တဲ့ ၃ နှစ် အတွင်းမှာ ဒီကင်ဆာကာကွယ်ဆေးကို ထပ်ခါတလဲလဲ ကြိမ်ဖန်များစွာ အသုံးပြုခဲ့ကြတယ်၊ အလွန်ဆေးစွမ်းထက်တယ် ဆိုတာ တွေတင်မကဘဲ ဒီကင်ဆာကာကွယ်ဆေးက ဘေးကင်းတယ် ဆိုတာကိုလည်း သက်သေပြနိုင်ခဲ့ပြီးပါပြီ”ဟုသူကဆိုသည်။

 

ပြည်ထောင်စုဆေးနှင့် ဇီဝဗေဒဆိုင်ရာ အေဂျင်စီက ရုရှားကာကွယ်ဆေးသည် ကင်ဆာအကျိတ်အရွယ်အစားကို လျှော့ချပေးပြီး အကြိတ်၏ ကြီးထွားမှုကိုလည်း နှေးကွေးစေသည်ဟုဆိုသည်။

 

FMBA က ၎င်း၏ကင်ဆာကာကွယ်ဆေးကို စမ်းသပ်မှုများကို အောင်မြင်စွာဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ယခုအခါကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြောင်း RTကဖော်ပြခဲ့သည်။

#Popular