၁၂ ရက္ၾကာစစ္ပြဲ အဆုံးသတ္လိုက္ေၾကာင္းႏွင့္ ျပန္လည္တည္ေဆာက္ေရးလုပ္ငန္းမ်ား စတင္ၿပီဟု အီရန္သမၼတ ေျပာၾကား
“၁၂ ရက္ၾကာစစ္ပြဲ အဆုံးသတ္လိုက္ေၾကာင္းႏွင့္ ျပန္လည္တည္ေဆာက္ေရးလုပ္ငန္းမ်ား စတင္ၿပီဟု အီရန္သမၼတ ေျပာၾကား”
—————–
အစၥေရးကစတင္ခဲ့သည့္ ၁၂ ရက္ၾကာ တိုက္ပြဲကို အီရန္ျပည္သူမ်ား၏ ရဲရဲေတာက္ခုခံေတာ္လွန္မႈျဖင့္ အဆုံးသတ္ လိုက္ေၾကာင္း အီရန္ႏိုင္ငံသမၼတ မာေဆာ့ ပါဇက္ရွ္ကီရမ္ ၏ ဇြန္လ ၂၄ ရက္ အီရန္ျပည္သူမ်ားသို႔ အိတ္ဖြင့္ေပးစာတြင္ ေဖာ္ျပထားသည္။
တစ္ခ်ိန္တည္းမွာပင္ ၎က ဌာနအသီးသီးကို ထိုေန႔မွစ၍ ျပန္လည္တည္ေဆာက္ေရးလုပ္ငန္းမ်ားတြင္ အာ႐ုံစိုက္ေဆာင္႐ြက္ရန္ ေတာင္းဆိုခဲ့သည္။
ရန္သူက အီရန္န်ဴကလီးယားအေဆာက္အဦမ်ားကို ဖ်က္ဆီးရန္ မျဖစ္ႏိုင္သည့္ႀကိဳးပမ္းမႈ၊ လူမႈအသိုင္းအဝိုင္း မၿငိမ္မသက္ျဖစ္ေစသည့္ အႀကံအစည္သည္ လုံးဝရႈံးနိမ့္ခဲ့ၿပီး အစၥေရး၏ အေရးႀကီးအေဆာက္အဦမ်ားသာ ျပင္းျပင္းထန္ထန္ ဖ်က္ဆီးျခင္းခံခဲ့ရေၾကာင္း၊ ယင္းမွာ အီရန္ကိုပစ္မွတ္ထားသည့္ အႏၲရာယ္မ်ားေသာလုပ္ရပ္သည္ ႀကီးမားသည့္ ဆုံးရႈံး နစ္နာမႈကို ခံစားရမည္ျဖစ္သည္ကို ေဖာ္ျပေၾကာင္း မာေဆာ့ ပါဇက္ရွ္ကီရမ္ က ေျပာၾကားခဲ့သည္ဟု အီရန္သမၼတ အိမ္ေတာ္က ယင္းေန႔တြင္ ထုတ္ျပန္ခဲ့သည့္ေၾကညာခ်က္အရ သိရသည္။
ဒါ့အျပင္ မာေဆာ့ ပါဇက္ရွ္ကီရမ္ သည္ ဇြန္လ ၂၄ ရက္တြင္ ေဆာ္ဒီအာေရဗ်အိမ္ေရွ႕မင္းသားႏွင့္ ဝန္ႀကီးခ်ဳပ္ ျဖစ္သူ မိုဟာမက္ဘင္ဆယ္မန္ တို႔အား ဖုန္းျဖင့္ဆက္သြယ္ရာတြင္ အီရန္အေနျဖင့္ ႏိုင္ငံတကာမူေဘာင္အတြင္းမွ အေမရိကန္ႏွင့္ ျပႆနာကို ေျဖရွင္းရန္ျပင္ဆင္ထားေၾကာင္း ေျပာၾကားခဲ့သည္။
“၁၂ ရက်ကြာစစ်ပွဲ အဆုံးသတ်လိုက်ကြောင်းနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ စတင်ပြီဟု အီရန်သမ္မတ ပြောကြား”
—————–
အစ္စရေးကစတင်ခဲ့သည့် ၁၂ ရက်ကြာ တိုက်ပွဲကို အီရန်ပြည်သူများ၏ ရဲရဲတောက်ခုခံတော်လှန်မှုဖြင့် အဆုံးသတ် လိုက်ကြောင်း အီရန်နိုင်ငံသမ္မတ မာဆော့ ပါဇက်ရှ်ကီရမ် ၏ ဇွန်လ ၂၄ ရက် အီရန်ပြည်သူများသို့ အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။
တစ်ချိန်တည်းမှာပင် ၎င်းက ဌာနအသီးသီးကို ထိုနေ့မှစ၍ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် အာရုံစိုက်ဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။
ရန်သူက အီရန်နျူကလီးယားအဆောက်အဦများကို ဖျက်ဆီးရန် မဖြစ်နိုင်သည့်ကြိုးပမ်းမှု၊ လူမှုအသိုင်းအဝိုင်း မငြိမ်မသက်ဖြစ်စေသည့် အကြံအစည်သည် လုံးဝရှုံးနိမ့်ခဲ့ပြီး အစ္စရေး၏ အရေးကြီးအဆောက်အဦများသာ ပြင်းပြင်းထန်ထန် ဖျက်ဆီးခြင်းခံခဲ့ရကြောင်း၊ ယင်းမှာ အီရန်ကိုပစ်မှတ်ထားသည့် အန္တရာယ်များသောလုပ်ရပ်သည် ကြီးမားသည့် ဆုံးရှုံး နစ်နာမှုကို ခံစားရမည်ဖြစ်သည်ကို ဖော်ပြကြောင်း မာဆော့ ပါဇက်ရှ်ကီရမ် က ပြောကြားခဲ့သည်ဟု အီရန်သမ္မတ အိမ်တော်က ယင်းနေ့တွင် ထုတ်ပြန်ခဲ့သည့်ကြေညာချက်အရ သိရသည်။
ဒါ့အပြင် မာဆော့ ပါဇက်ရှ်ကီရမ် သည် ဇွန်လ ၂၄ ရက်တွင် ဆော်ဒီအာရေဗျအိမ်ရှေ့မင်းသားနှင့် ဝန်ကြီးချုပ် ဖြစ်သူ မိုဟာမက်ဘင်ဆယ်မန် တို့အား ဖုန်းဖြင့်ဆက်သွယ်ရာတွင် အီရန်အနေဖြင့် နိုင်ငံတကာမူဘောင်အတွင်းမှ အမေရိကန်နှင့် ပြဿနာကို ဖြေရှင်းရန်ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။