ျမန္မာနိုင္ငံေတာ္အလံ ပထမဆုံးသယ္ေဆာင္ခြင့္ရမယ့္ MMA ဖိုက္တာ ဂ်ိဳရွူအာဗန္
ခ်င္းတိုင္းရင္းသား ျမန္မာ MMA ဖိုက္တာ ဂ်ိဳရွူအာဗန္သည္ UFC-313 ၿပိဳင္ပြဲတြင္ ျမန္မာနိုင္ငံေတာ္အလံကို ပထမဆုံးသယ္ေဆာင္လာခြင့္ရမည္ျဖစ္ေၾကာင္း သိရသည္။
ခ်င္းတိုင္းရင္းသား ျမန္မာ MMA ဖိုက္တာ ဂ်ိဳရွူအာဗန္သည္ ယခုကဲ့သို႔ ျမန္မာနိုင္ငံေတာ္အလံကို သယ္ေဆာင္ခြင့္ရရန္ သက္ဆိုင္ရာ အေမရိကန္ျပည္နယ္ အားကစားေကာ္မရွင္ႏွင့္ UFC ပရိုမိုးရွင္းမွ တာဝန္ရွိသူမ်ားကို ေသေသခ်ာခ်ာရွင္းျပကာ မဆုတ္မနစ္ႀကိဳးစားခဲ့ရေၾကာင္း သိရသည္။
ခ်င္းတိုင္းရင္းသား ျမန္မာ MMA ဖိုက္တာ ဂ်ိဳရွူအာဗန္သည္ UFC-313 ၿပိဳင္ပြဲတြင္ ဂ်ပန္ဖိုက္တာ ရီးဆူယူရာႏွင့္ ယွဥ္ၿပိဳင္ထိုးသတ္ရမည္ျဖစ္သည္။
ဂ်ိဳရွူအာဗန္သည္ မူလက ယင္းၿပိဳင္ပြဲတြင္ ဘရာဇီးလ္ဖိုက္တာ ဘ႐ူနိုေဆးလ္ဗားႏွင့္ ယွဥ္ၿပိဳင္ထိုးသတ္ရမည္ျဖစ္ေသာ္လည္း ၿပိဳင္ဘက္အေျပာင္းအလဲျဖစ္ေပၚခဲ့ျခင္းျဖစ္သည္။
UFC-313 ၿပိဳင္ပြဲကို လာမည့္မတ္(၈) ရက္တြင္ အေမရိကန္နိုင္ငံ၊ နီဗားဒါးျပည္နယ္၊ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕ရွိ T-Mobile Arena ၌ က်င္းပျပဳလုပ္မည္ျဖစ္သည္။
UFC ပရိုမိုးရွင္းသည္ UFC-313 ၿပိဳင္ပြဲအတြက္ တြဲဆိုင္း(၁၁) ဆိုင္း ထုတ္ျပန္ထားၿပီး ယင္းတြဲဆိုင္းမ်ားထဲတြင္ ဂ်ိဳရွူအာဗန္ႏွင့္ ဂ်ပန္ဖိုက္တာ ရီးဆူယူရာတို႔၏တြဲဆိုင္းမွာ ပြဲစဥ္(၅) တြင္ ပါဝင္ေနလ်က္ရွိသည္။
မြန်မာနိုင်ငံတော်အလံ ပထမဆုံးသယ်ဆောင်ခွင့်ရမယ့် MMA ဖိုက်တာ ဂျိုရှူအာဗန်
==============
ချင်းတိုင်းရင်းသား မြန်မာ MMA ဖိုက်တာ ဂျိုရှူအာဗန်သည် UFC-313 ပြိုင်ပွဲတွင် မြန်မာနိုင်ငံတော်အလံကို ပထမဆုံးသယ်ဆောင်လာခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
ချင်းတိုင်းရင်းသား မြန်မာ MMA ဖိုက်တာ ဂျိုရှူအာဗန်သည် ယခုကဲ့သို့ မြန်မာနိုင်ငံတော်အလံကို သယ်ဆောင်ခွင့်ရရန် သက်ဆိုင်ရာ အမေရိကန်ပြည်နယ် အားကစားကော်မရှင်နှင့် UFC ပရိုမိုးရှင်းမှ တာဝန်ရှိသူများကို သေသေချာချာရှင်းပြကာ မဆုတ်မနစ်ကြိုးစားခဲ့ရကြောင်း သိရသည်။
ချင်းတိုင်းရင်းသား မြန်မာ MMA ဖိုက်တာ ဂျိုရှူအာဗန်သည် UFC-313 ပြိုင်ပွဲတွင် ဂျပန်ဖိုက်တာ ရီးဆူယူရာနှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။
ဂျိုရှူအာဗန်သည် မူလက ယင်းပြိုင်ပွဲတွင် ဘရာဇီးလ်ဖိုက်တာ ဘရူနိုဆေးလ်ဗားနှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သော်လည်း ပြိုင်ဘက်အပြောင်းအလဲဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
UFC-313 ပြိုင်ပွဲကို လာမည့်မတ်(၈) ရက်တွင် အမေရိကန်နိုင်ငံ၊ နီဗားဒါးပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့ရှိ T-Mobile Arena ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။
UFC ပရိုမိုးရှင်းသည် UFC-313 ပြိုင်ပွဲအတွက် တွဲဆိုင်း(၁၁) ဆိုင်း ထုတ်ပြန်ထားပြီး ယင်းတွဲဆိုင်းများထဲတွင် ဂျိုရှူအာဗန်နှင့် ဂျပန်ဖိုက်တာ ရီးဆူယူရာတို့၏တွဲဆိုင်းမှာ ပွဲစဉ်(၅) တွင် ပါဝင်နေလျက်ရှိသည်။