ေတာင္ႀကီး မီးပုံးပ်ံပြဲေတာ္ကာလ ခရီးသြားယာဥ္မ်ား လမ္းလႊဲမ်ားမွ ေမာင္းႏွင္ရန္သတ္မွတ္

ေတာင္ႀကီး မီးပုံးပ်ံပြဲေတာ္ကာလ ခရီးသြားယာဥ္မ်ားအေနျဖင့္ လမ္းလႊဲမ်ားမွ ေမာင္းႏွင္ၾကရန္သတ္မွတ္ထားေၾကာင္း ယာဥ္ထိန္းရဲတပ္ဖြဲ႕ႏွင့္ နီးစပ္သည့္ သတင္းရင္းျမစ္တစ္ဦးထံက သိရသည္။
ေတာင္ႀကီးၿမိဳ႕ကိုျဖတ္၍ သြားလာၾကမည့္ (၁၂) ဘီးကုန္တင္ယာဥ္မ်ားႏွင့္ ခရီးသည္တင္ မွန္လုံယာဥ္မ်ားကို ယမန္ေန႔ ေအာက္တိုဘာ (၄) ရက္၊ ညေန (၆) နာရီမွစတင္၍ ယာယီလမ္းလႊဲစနစ္သတ္မွတ္ကာ ျဖတ္သန္းေမာင္းႏွင္ခြင့္ျပဳထားေၾကာင္း သိရသည္။
ထိုသို႔ ျဖတ္သန္းေမာင္းႏွင္ရာ၌ ယခင္ ၿမိဳ႕တြင္းေမာင္းႏွင္သည့္ လမ္းမ်ားအစား အေနာက္ၿမိဳ႕ပတ္ (၁၆) ထပ္ ပန္းၿခံ မွတဆင့္ ဗိုလ္ခ်ဳပ္ပန္းၿခံ မီးပြိဳင့္မွ အေရွ႕ၿမိဳ႕ပတ္လမ္း ပန္းလွိုင္ေဆး႐ုံမီးပြိဳင့္အထိ ယာယီလမ္းလႊဲေမာင္းႏွင္ခြင့္ျပဳထားေၾကာင္း သိရသည္။
” ပြဲရက္နီးတာလည္းပါသလို အေနာက္ၿမိဳ႕ပတ္လမ္း ဝါးျပားလမ္းဆုံကေန ဧရာဝတီ ကေဖးအထိ လမ္းျပဳျပင္ေနလို႔လည္း သိရပါတယ္”ဟု ၎ကဆိုသည္။
၂၀၂၄ ခုႏွစ္ ေတာင္ႀကီး တန္ေဆာင္တိုင္ ရိုးရာမီးပုံးပ်ံပြဲ ေတာ္ကို နိုဝင္ဘာ (၉) ရက္မွ (၁၅) ရက္အထိ (၇)ရက္တိုင္တိုင္ စည္ကားသိုက္ၿမိဳက္စြာက်င္းပသြားမည္ျဖစ္သည္။
အဆိုပါ ပြဲေတာ္တြင္ ညမီးႀကီး မီးပုံးပ်ံ (၂၆) လုံး၊ စိန္နားပန္ မီးပုံးပ်ံ (၂၄) လုံး စုစုေပါင္းအလုံးေရ (၅၀) အပါအဝင္ ေန႔လႊတ္ေျခႏွစ္ေခ်ာင္း (၁၄၇) လုံး၊ ေျခေလးေခ်ာင္း (၃၈)လုံး၊ အ႐ုပ္အုပ္စု (၂၃) လုံး အသီးသီး လႊတ္တင္သြားမည္ျဖစ္ေၾကာင္း ေဒသခံသတင္းရင္းျမစ္မ်ားထံက သိရသည္။


တောင်ကြီး မီးပုံးပျံပွဲတော်ကာလ ခရီးသွားယာဉ်များ လမ်းလွှဲများမှ မောင်းနှင်ရန်သတ်မှတ်
=================
တောင်ကြီး မီးပုံးပျံပွဲတော်ကာလ ခရီးသွားယာဉ်များအနေဖြင့် လမ်းလွှဲများမှ မောင်းနှင်ကြရန်သတ်မှတ်ထားကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးထံက သိရသည်။
တောင်ကြီးမြို့ကိုဖြတ်၍ သွားလာကြမည့် (၁၂) ဘီးကုန်တင်ယာဉ်များနှင့် ခရီးသည်တင် မှန်လုံယာဉ်များကို ယမန်နေ့ အောက်တိုဘာ (၄) ရက်၊ ညနေ (၆) နာရီမှစတင်၍ ယာယီလမ်းလွှဲစနစ်သတ်မှတ်ကာ ဖြတ်သန်းမောင်းနှင်ခွင့်ပြုထားကြောင်း သိရသည်။
ထိုသို့ ဖြတ်သန်းမောင်းနှင်ရာ၌ ယခင် မြို့တွင်းမောင်းနှင်သည့် လမ်းများအစား အနောက်မြို့ပတ် (၁၆) ထပ် ပန်းခြံ မှတဆင့် ဗိုလ်ချုပ်ပန်းခြံ မီးပွိုင့်မှ အရှေ့မြို့ပတ်လမ်း ပန်းလှိုင်ဆေးရုံမီးပွိုင့်အထိ ယာယီလမ်းလွှဲမောင်းနှင်ခွင့်ပြုထားကြောင်း သိရသည်။
” ပွဲရက်နီးတာလည်းပါသလို အနောက်မြို့ပတ်လမ်း ဝါးပြားလမ်းဆုံကနေ ဧရာဝတီ ကဖေးအထိ လမ်းပြုပြင်နေလို့လည်း သိရပါတယ်”ဟု ၎င်းကဆိုသည်။
၂၀၂၄ ခုနှစ် တောင်ကြီး တန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲ တော်ကို နိုဝင်ဘာ (၉) ရက်မှ (၁၅) ရက်အထိ (၇)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ ပွဲတော်တွင် ညမီးကြီး မီးပုံးပျံ (၂၆) လုံး၊ စိန်နားပန် မီးပုံးပျံ (၂၄) လုံး စုစုပေါင်းအလုံးရေ (၅၀) အပါအဝင် နေ့လွှတ်ခြေနှစ်ချောင်း (၁၄၇) လုံး၊ ခြေလေးချောင်း (၃၈)လုံး၊ အရုပ်အုပ်စု (၂၃) လုံး အသီးသီး လွှတ်တင်သွားမည်ဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။