Apple က ကမ္ဘာ့ အပါးလွှာဆုံး ၁၅ လက်မ လက်ပ်တော့ကို ကြေညာ

Apple က WWDC 2023 မှာ ၁၅ လက်မ MacBook Air ကို ကြေညာလိုက်ပြီး ၁၅ လက်မ လက်ပ်တော့တွေထဲမှာ ကမ္ဘာ့ အပါးလွှာဆုံး ဖြစ်တယ်လို့ Apple က ပြောပါတယ်။ ၁၅ လက်မ MacBook Air မှာ M2 Processor တပ်ဆင်ထားပြီး 500 nits Brightness နဲ့ ၁ ဘီလီယမ် အရောင်တွေ ပြသပေးတဲ့ Retina Display အသစ် ထည့်ထားပါတယ်။
MacBook Air အသစ်ရဲ့ အထူက ၁၁.၅ မီလီမီတာပဲ ရှိပြီး အလေးချိန်က ၁.၄၉၆ ကီလိုဂရမ် ရှိပါတယ်။ ကုမ္ပဏီက အမြန်ဆုံး Intel MacBook Air မော်ဒယ်တွေထက် ၁၂ ဆ ပိုမြန်ပြီး ဘက်ထရီ သက်တမ်းက ၁၈ နာရီခံတယ်လို့ ပြောပါတယ်။
၁၅ လက်မ MacBook Air မှာ ၁၃ လက်မ မော်ဒယ်မှာ ပါတဲ့ M2 Chip ထည့်သွင်းထားပြီး CPU Core ၈ လုံး၊ GPU Core ၁၀ လုံးနဲ့ Neural Engine Core ၁၆ လုံး ပါပါတယ်။ 8GB Unified Memory တပ်ဆင်ထားပြီး 24GB အထိ မြှင့်တင်နိုင်ပါတယ်။
USB-C Thunderbolt Port ၂ ခု၊ MagSafe Charging Port ၁ ခုနဲ့ နားကြပ်ပေါက်တွေ ပါလာပြီး မိုက်ကရိုဖုန်း ၃ လုံးနဲ့ စပီကာ ၆ လုံး ထည့်ထားပါတယ်။
Midnight, Starlight, Space Gray နဲ့ Silver အရောင်တွေ ထုတ်လုပ်ထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၁,၂၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အမေရိကန်မှာ စတင် မှာယူနိုင်ပြီ ဖြစ်ပြီး နောက်တစ်ပတ် ပို့ဆောင်ပေးမှာပါ။
Ref : gizmochina