ထိုင်းဘုရင်နှင့် မိဖုရား COVID-19 ကူးစက်ခံရ
ထိုင်းဘုရင်နှင့် မိဖုရားသည် COVID-19 ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ရောဂါလက္ခဏာ မပြင်းထန်ဟု တော်ဝင်နန်း တော်က ဒီဇင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဆရာဝန်များသည် အသက် ရဝအရွယ် ဘုရင်မဟာဗာဂျီရာလောင်ကွန်းနှင့်အသက် ၄၄ နှစ်အရွယ်မိဖုရားဆုသီတာတို့ကို ဆေးကု သပေးလျက်ရှိပြီး တာဝန်များမှ ခေတ္တအနား ယူရန် တောင်းဆိုထားသည်ဟု တော်ဝင်မိသားစုဆိုင်ရာ ဗျူရိုက ဆိုသည်။ ဒီဇင်ဘာ၁၅ ရက်နှင့် ၁၆ ရက်အစောပိုင်းက ၎င်းတို့စုံတွဲသည် ဘန်ကောက်မြို့တော်ရှိ ချူလာလောင် ကွန်းဆေးရုံတွင် တက်ရောက်နေသောတော်ဝင်မင်းသမီး ဘတ်ရာကစ်တီယာဘာ့ထံ လာ ရောက် ကြည့်ရှုခဲ့သည်။ တော်ဝင်မင်းသမီးသည် ဒီဇင်ဘာ၁၄ရက်က နှလုံးရောဂါကြောင့် သတိမေ့မြောခဲ့ ပြီးနောက် ဆေးရုံတက် ရောက်ခဲ့ရခြင်းဖြစ်သည်။ ထိုင်းသည်၂၀၂၀ ပြည့်နှစ်ကတည်းက ကန့်သတ်ချက် များကို ဖြေလျှော့ခဲ့ပြီး နောက်ဘန်ကောက်မြို့တော် နှင့်အခြားခရီးသွားများ လာရောက်လည်ပတ် သည့်နေရာ များတွင် အိုမီခရွန်ထပ်ဆင့်မျိုးကွဲကူးစက်ခံရသူအရေအတွက် မြင့်တက်နေ သည်ဟုရောဂါ ထိန်းချုပ်ရေးဌာနက ထုတ်ပြန် ထားသည်။