လိုင်ယွန်နောက်ခံလူ အွမ်တီတီကို ဘာကာ ယူရိုသန်း ၃၀ ဖြင့် ခေါ်ယူ

Sports_11

လိုင်ယွန်နောက်ခံလူ ဆမ်မြူရယ်အွမ်တီတီသည် ဘာ စီလိုနာအသင်းသို့ ပြောင်းရွှေ့ရန် သဘောတူလိုက်ပြီ ဖြစ်ကြောင်း လိုင်ယွန်ဥက္ကဋ္ဌ ဂျိန်းမီချဲလ်အူလာ့စ်က အတည်ပြုပြောကြား သည်။

အွမ်တီတီ (၂၂) နှစ်သည် ပီအက်စ်ဂျီမှ မာကွင်မိုနှင့်အတူ စပိန်ချန်ပီယံဘာစီလိုနာက ယခု နွေရာသီတွင် အဓိက ခေါ်ယူလို သော ပစ်မှတ်များအနက် တစ်ခု ဖြစ်သည်။

ဘာစီလိုနာအသင်းက လာမည့်ရာသီအတွက် အသင်းခံစစ်အားဖြည့်ရန် ကြိုးစားနေစဉ် အွမ်တီတီကို ယူရိုသန်း ၃၀ ဖြင့်ခေါ် ယူရန် သဘောတူညီလိုက်သည်။

ထိုအတောအတွင်း ဘရာဇီး တိုက်စစ်မှူး နေမာသည် ဘာစီလိုနာမှ ထွက်ခွာမည်မဟုတ်ဘဲ ငါးနှစ် စာချုပ်သစ် တစ်ရပ်ချုပ်ဆိုမည်ဖြစ်ကြောင်း အသင်းက အတည်ပြုကြေညာသည်။

၂၀၁၃ က ဆန်းတို့စ်အသင်းမှ ဘာစီလိုနာသို့ ရောက်ရှိလာသည့် နေမာသည် စာချုပ်သက်တမ်းတိုးရန် လာမည့် ရက်ပိုင်းအတွင်း အပြီးသတ် ဆောင်ရွက်မည်ဖြစ်ကြောင်း ဘာစီလိုနာ ဥက္ကဋ္ဌ မာရီယာဘာတိုမျုက ပြောကြားသည်။

နေမာသည် ပီအက်စ်ဂျီနှင့် မန်ယူအသင်းများသို့ ပြောင်းရွှေ့  မည်ဆိုသော သတင်းများထွက် ပေါ်ခဲ့သော်လည်း ဘာကာတွင် နောက်ထပ် ငါးနှစ်ဆက်နေရန် သဘောတူလိုက်ကြောင်း ဘာတို မျုက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ထို့အပြင် ပြီးခဲ့သည့် ရာသီ က ဘာစီလိုနာအသင်းသည် ၀င်ငွေယူရိုသန်း ၆၇၀ ရရှိခဲ့သည်ဟုလည်း ဘာတိုမျုက ပြောသည်။ ကာတာလေကြောင်းလိုင်း၊ အခြားကုမ္ပဏီနှစ်ခုတို့နှင့် အားကစားအင်္ကျီစပွန်ဆာအတွက် ဘာကာအသင်း ဆွေးနွေးနေသည်ဟု ၎င်းက ပြောသည်။

Goal/Marca


Leave a Reply