ဘင်ဇီမာက ပြင်သစ်ရဲ့အကြီးကျယ်ဆုံးဘောလုံးသမားဖြစ်ကြောင်း ဇီဒန်း ချီးကျူး

ပြီးခဲ့တဲ့ရက်ပိုင်းက ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ဘလွန်းဒီအော် (Ballon d’Or) ကို ဆွတ်ခူးခဲ့တဲ့ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဘင်ဇီမာဟာ ပြင်သစ်နိုင်ငံရဲ့ထာဝရအကြီးကျယ်ဆုံးကစားသမားဖြစ်ကြောင်း ဂန္ထဝင်ဇီဒန်းက ထုတ်ဖော်ချီးကျူးခဲ့ပါတယ်။

ဘင်ဇီမာဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ရီးရဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲစုံ ၄၄ ဂိုးသွင်းယူပြီးခြေစွမ်းပြခဲ့တာကြောင့် ဘလွန်းဒီအော်ဆုကို ပထမဆုံးအကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ပြင်သစ်လက်ရွေးစင်ဟောင်းဖြစ်သလို ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းလည်းဖြစ်တဲ့ ဇီဒန်းက “ပြင်သစ်ဘောလုံး သမိုင်းတလျောက် အကောင်းဆုံးကစားသမားကိုပြပါဆိုရင် တစ်ဦးနဲ့တစ်ဦးအမြင်ချင်းမတူနိုင်ပါဘူး။ ကျွန်တော့် အမြင်ကတော့ ဘင်ဇီမာက အကောင်းဆုံးပါပဲ”လို့ ပြေကြားခဲ့ပါတယ်။

-Ref: goal.com