ဘယ်လ်ဂျီယံကွင်းလယ်လူကို နော်တင်ဟမ် ခေါ်ယူ

ပရီးမီးယားလိဂ် တန်းတက်အသင်းတွေထဲမှာ ပြင်ဆင်မှုအများဆုံးဖြစ်နေတဲ့ နော်တင်ဟမ်ဖောရက်စ် အသင်းဟာ ဘယ်လ်ဂျီယံကွင်းလယ်လူ မန်ဂါလာကို ထပ်မံခေါ်ယူလိုက်ပါတယ်။ အသက် ၂၄ နှစ် အရွယ် မန်ဂါလာကို ဘွန်ဒက်စ်လီဂါကလပ် စတုဂတ်ကနေ ပေါင် ၁၂ ဒဿမ ၇ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ကာလရှည်စာချုပ်ခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီက စတုဂတ်နဲ့အတူ ဘွန်ဒက်စ်လီဂါ ၂၉ ပွဲအထိ ကစားခွင့်ရခဲ့တဲ့ မန်ဂလာအနေနဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင်အဖြစ်လည်း ၂ ပွဲ ပါဝင်ကစားထားသူ ဖြစ်ပါတယ်။ ကွင်းလယ်လူ လင်ဂတ် နဲ့ တိုက်စစ်မှူး အေဝိုရီ တို့ကို အားဖြည့်ထားတဲ့ နော်တင်ဟမ်အသင်းအတွက် မန်ဂါလာဟာ နွေရာသီမှာ ခေါ်ယူတဲ့ ၁၂ ယောက်မြောက် ကစားသမားလည်း ဖြစ်လာခဲ့တာပါ။ ဝေးလ်လူမျိုးနည်းပြ စတိဗ်ကူးပါးက တာဝန်ယူနေပြီး ၂၃ နှစ်အတွင်း အင်္ဂလန်ထိပ်တန်းလိဂ်မှာ ပြန်လည်ယှဉ်ပြိုင်ရမယ့် နော်တင်ဟမ်အသင်းအနေနဲ့ ဩဂုတ် ၆ ရက်မှာ နယူးကာဆယ် နဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။