ကစားသမားဘဝမှ ကွင်းလယ်လူဝီရှိုင်းယားအနားယူ
အင်္ဂလန်နဲ့ အာဆင်နယ်ကွင်းလယ်လူဟောင်း ဂျက်ဝီရှိုင်းယားဟာ အသက် ၃၀ အရွယ်မှာပဲ ကစားသမား ဘဝကနေ အနားယူသွားခဲ့ပါတယ်။ ဝီရှိုင်းယားဟာ အာဆင်နယ်အသင်းနဲ့ စတင် ပွဲထွက်ခဲ့တဲ့ ၂၀၀၈ မှာ အသက် ၁၆ နှစ်နဲ့ ၂၅၆ ရက်သာ ရှိသေးလို့ အာဆင်နယ်အသင်းရဲ့ အသက်အငယ်ဆုံး ပရီးမီးယားလိဂ် ပွဲထွက်ခွင့်ရသူအဖြစ် မှတ်တမ်းဝင်ထားခဲ့ဖူးသူဖြစ်ပါတယ်။ ဒါပေမယ့် ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ ရပြီးနောက်ပိုင်း ပုံမှန်ခြေစွမ်း ပျောက်ဆုံးသွားခဲ့သလို ဝက်စ်ဟမ်းနဲ့ ဘုန်းမောက်အသင်းတွေဆီ သွားကစားခဲ့ပေမယ့် ခြေစွမ်းကောင်း ပြန်မရတော့တာ ဖြစ်ပါတယ်။ ဝီရှိုင်းယားဟာ ၂၀၂၂ ဖေဖော်ဝါရီမှာ ဒိန်းမတ်ကလပ် အာဟတ်စ်နဲ့ စာချုပ်ခဲ့ ပေမယ့် ဇူလိုင်လမှာ လမ်းခွဲခဲ့တာဖြစ်ပါတယ်။ ဝီရှိုင်းယားဟာ အင်္ဂလန်လက် ရွေးစင်အသင်းအတွက်လည်း ၃၄ ပွဲသာ ကိုယ်စားပြုခွင့်ရ ခဲ့ပါတယ်။ သတင်းတွေ အရတော့ ဝီရှိုင်းယားကို အာဆင်နယ်အသင်းက ယူ ၁၈ အသင်း နည်းပြအဖြစ် ခန့်အပ်သွားဖို့ရှိနေပါတယ်။