အောင်လအန်ဆန်ကို နယ်သာလန် MMA ဖိုက်တာ ဒီရစ်ဒလာက စိန်ခေါ်

MMA (One Championship) မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန် ကို နယ်သာလန် MMA ဖိုက်တာ ဒီရစ်ဒလာက စိန်ခေါ်သည်။  ဖေဖော်ဝါရီ ၇ ရက်က အင် ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် One က WARRIOR’S CODE အမည်ဖြင့် ကျင်းပသည့် မစ်ဒယ် ဝိတ်တန်း စိန်ခေါ်ပွဲ၌ နယ်သာ လန်ဖိုက်တာ ဒီရစ်ဒလာက ဘရာဇီးဖိုက်တာ အက်တီဒက်စ်ကို အမှတ်ဖြင့် အနိုင်ရရှိပြီး အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို စိန်ခေါ်ခွင့်ရရှိခဲ့သည်။

အောင်လ၊ မင်းအဆင်သင့် ဖြစ်ပြီလား။ မင်းကြိုက်တဲ့နေရာ၊ ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့နေ့ကို ရွေးလိုက်ပါ။ မင်းရွေးချယ်ဖို့အတွက် ထိုက်တန်ပါတယ်။ ဒါပေမဲ့ မင်းရဲ့ခါးပတ်ကို တောက်ပနေအောင်ထားပါ။ ဘာကြောင့်လဲ ဆိုတော့ မင်းခါးပတ်က ငါ့အတွက်ဖြစ်လာမှာမို့ပါဟု ဒီရစ်ဒလာက ပွဲအပြီးတွင် စင်ပေါ်မှ အောင်လအန်ဆန်ကို တိုက်ရိုက် စိန်ခေါ်ခဲ့သည်။ အသက် (၂၉) နှစ်အရွယ် ဒီရစ်ဒလာသည် MMA ပြိုင်ပွဲ တစ်လျှောက် ၁၂ ပွဲကစား၊ ၁၂ ပွဲစလုံး အနိုင်ရကာ ရှုံးပွဲမရှိ စံချိန်တင်ထားသည်။

အောင်လအန် ဆန်ကလည်း ဒီရစ်ဒလာ၏ အနိုင်ရရှိမှုကို ဂုဏ်ပြုကာ ချန်ပီယံခါး ပတ်ကာကွယ်ပွဲအတွက် မကြာမီ ရင်ဆိုင်ထိုးသတ်ရန် မျှော်လင့်ထားကြောင်း လူမှုကွန်ရက် စာမျက်နှာ၌ ရေးသားခဲ့သည်။ ကျွန်တော့်ရဲ့ ချန်ပီယံခါး ပတ်ကို စိန်ခေါ်နိုင်ဖို့အတွက် ယှဉ်ပြိုင်ထိုးသတ်ရတဲ့ အရေးကြီး တဲ့ပွဲစဉ်မှာ အနိုင်ရရှိသွားတဲ့ ဒီရစ် ဒလာကို ဂုဏ်ပြုပါတယ်။ သိပ်မကြာခင် အချိန်မှာ ချန်ပီယံ ခါးပတ်အတွက် ပြိုင်ပွဲကြိုးဝိုင်းမှာ ရင်ဆိုင်ထိုးသတ်ဖို့အတွက် မျှော်လင့်ပါတယ်ဟု အောင်လအန် ဆန်က ရေးသားဖော်ပြခဲ့သည်။ အသက် (၃၄) နှစ်အရွယ် အောင်လ အန်ဆန်သည် MMA ပြိုင်ပွဲတစ်လျှောက် ၃၆ ပွဲ ယှဉ် ပြိုင်ရာ ၂၆ ပွဲနိုင်၊ ၁၀ ပွဲ ရှုံးနိမ့် ထားသည်။ ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် လက်ရှိ တွင် MMA (One Championship) လိုက်ဟဲဗီးဝိတ်နှင့် မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်သည်။ ၂၀၂၀ အတွင်း ချန်ပီယံ ကာကွယ်ပွဲများအပါအဝင် MMA ပြိုင်ပွဲ အနည်းဆုံးသုံးပွဲထိုးသတ်ရန် စီစဉ်ထားကြောင်း  အောင်လ အန်ဆန်က ပြောကြားထားသည်။

7days