ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နယ်လှည့် ဆေးကုသရေး အဖွဲ့ အခ%8

 

ဇူလိုင် ၃၊ မှော်ဘီ

ပြည်သူ့ကျန်းမာရေး အထူးကုဆရာဝန်ကြီးများ ပါဝင်သော နယ်လှည့်ဆေးကုသရေး အဖွဲ့ဖြင့် နိုင်ငံအဝှမ်း လှည့်လည်ပြီး အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဇူလိုင်လ (၂) ရက်နေ့ နံနက် ၈ နာရီမှ စတင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစံပြကျေးရွာ၊ ဇေယျသိဒ္ဓိသိမ်ကျောင်းတိုက်တွင် စတင်ကုသပေးလျက်ရှိရာ ပြည်ခိုင်ဖြိုးပါတီ ဗဟို အတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်၊ တိုင်းပါတီကော်မတီဝင်များ ဖြစ်ကြသော မြောက်ပိုင်းခရိုင် တာဝန်ခံ ဒေါက်တာနေလင်း၊ ဒေါ်စန်းစန်းဝင်းနှင့် မြောက်ပိုင်းခရိုင် ပါတီကော်မတီဝင်များ၊ မှော်ဘီမြို့နယ်ပါတီဥက္ကဌ ဦးလှဦး နှင့် မြို့နယ်ပါတီကော်မတီဝင်များ လာရောက်အားပေး ခဲ့ကြသည်။

မြောင်းတကာစံပြကျေးရွာ၊ ဇေယျသိဒ္ဓိသိမ်ကျောင်းတိုက်တွင် ဆောင်ရွက်သော အဆိုပါ ဆေးကုသမှုအစီအစဉ်သို့ အနီးဝန်းကျင် ကျေးရွာအုပ်စုများမှ ကျန်းမာရေးအစောင့်အရှောက် လိုအပ်သူ မိဘပြည်သူ (၃၀၀) ခန့် လာရောက် စောင့်ရှောက်မှု ခံယူခဲ့ကြကြောင်း သိရသည်။