ငါန်းဇွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရေနွေးကြမ်းစကားဝိုင်း မန္တလေးဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးပါတီ ကော်မတီဝင် မြင်းခြံခရိုင်နယ်မြေ တာဝန်ခံ ဦးမြတ်သူ တက်ရောက်

 

ဇွန်လ ၂၄

ယမန်နေ့ (24.6.2019) နေ့ နေ့လည် ၁:၃၀ အချိန်တွင် ငါန်းဇွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ရေနွေးကြမ်း စကားဝိုင်းကို မင်းဂျိုကျေးရွါတွင် ကျင်းပပြီး မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ပါတီ ကော်မတီဝင် မြင်းခြံခရိုင် နယ်မြေတာဝန်ခံ ဦးမြတ်သူ တက်ရောက် ဆွေးနွေးခဲ့ပြီနောက် ငါန်းဇွန်မြို့နယ် ပြည်ခိုင်ပါတီ မြို့နယ်အတွင်းရေးမှူး ဦးစိုးနိုင်က မိမိဒေသအကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။

စကားဝိုင်းတွင် မင်းဂျိုကျေးရွာအုပ်စုမှ ရပ်မိရပ်ဖများ ပြည်ခိုင်ဖြိုးပါတီ အမာခံပါတီဝင် တက်ရောက်ခဲ့ပြီး စကားဝိုင်းကို ညနေ ၂:၄၅ နာရီအချိန်တွင် ကျင်းပခဲ့သည်။

ထို့နောက် မဂျီကျေးရွာအုပ်စုတွင် ညနေ ၃:၁၅ နာရီတွင် ရေနွေးကြမ်းစကားဝိုင်း ဆက်လက်ကျင်းပခဲ့ရာ မဂျီကျေးရွာ အုပ်စုတို့မှ ရပ်မိရပ်ဖများ ပါတီခေါင်ဆောင်များ တက်ရောက်ခဲ့ပြီး ငါန်းဇွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီဥက္ကဌ ဦးကိုကိုမှ ဒေသအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စကားဝိုင်းကို ညနေ ၄:၃၀ နာရီတွင် ကျင်းပခဲ့သည်။

၎င်းစကားဝိုင်းများကို မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ပါတီကော်မတီဝင် မြင်းခြံ ခရိုင်နယ်မြေ တာဝန်ခံ ဦးမြတ်သူ၊ ဧည့်သည်အဖြစ် ဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးလှမင်း၊ မြင်းခြံခရိုင်ပါတီဥက္ကဌ ဦးကျော်တင်၊ ငါန်းဇွန်မြို့နယ် ပါတီဥက္ကဌ ဦးကိုကို၊ အတွင်းရေးမှူး ဦးစိုးနိုင်နှင့် မြို့နယ်ပါတီ ကော်မတီဝင် ၎င်းကျေးရွာများ ပါတီခေါင်ဆောင်များ၊ ပါတီမိတ်ဆွေ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရပါသည်။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး