ဆေးပညာနိုဘယ်ဆု အမေရိကန် နဲ့ ဂျပန်ပညာရှင်တို့ ပူးတွဲရရှိ
စတော့ဟုမ်း၊ အောက်တိုဘာ ၁
ကိုယ်ခံစွမ်းအားစနစ်နဲ့ ပတ်သက်တဲ့ ပညာရှင်နှစ်ဦးဖြစ်သူ အမေရိကန်မှ ဂျိမ်းအဲလ်လက်ဆန်နဲ့ ဂျပန်မှ တာဆူကူဟွန်ဂျိုတို့ဟာ ၂၀၁၈ ဆေးပညာနိုဘယ်ဆုကို ပူးတွဲဆွတ်ခူးကြောင်း အောက်တိုဘာ ၁ ရက်မှာ နိုဘယ်ဂျူရီလူကြီးမင်းများက ကြေညာပါတယ်။
ကင်ဆာကုထုံးနဲ့ ပတ်သက်ပြီး လုံးလုံးတော်လှန်ပြောင်းလဲတဲ့ သုတေသနလုပ်ဆောင်ချက်တွေကြောင့် ခုပညာရှင် နှစ်ဦးကို ဆုချီးမြှင့်ရခြင်းဖြစ်တယ်လို့ ဂျူရီအဖွဲ့က ဆိုပါတယ်။
နက်ဂတစ်ဖြစ်တဲ့ ကိုယ်ခံစွမ်းအားစနစ်ကို ထိန်းချုပ်ခြင်းနဲ့ ကင်ဆာကုထုံးသစ်ကို ရှာဖွေခဲ့တဲ့အတွက် ခုလို ဂုဏ်ပြုရခြင်း ဖြစ်ကြောင်း နိုဘယ်ညီလာခံက ပြောပါတယ်။
ဆုရရှိသူနှစ်ဦးဖြစ်ကြတဲ့ တက္ကဆက်တက္ကသိုလ်က ပါမောက္ခ အဲလ်လက်ဆန်နဲ့ တိုကျိုတက္ကသိုလ်မှ ပါမောက္ခ ဟွန်ဂျိုတို့ဟာ နိုဘယ်ဆုကြေး ဆွီဒင်သုံးငွေ ခရိုနော ကိုးသန်း(အမေရိကန်ဒေါ်လာ ၁ ဒဿမ ၀၁ ခန့်)ကို ပူးတွဲ ရရှိတာ ဖြစ်ပါတယ်။
သူတို့နှစ်ဦးအနေနဲ့ နိုဘယ်ဆုကို ဒီဇင်ဘာ ၁၀ ရက်၌ စတော့ဟုမ်းရှိ တရားဝင်ဆုချီးမြှင့်ခြင်းအခမ်းအနားမှ တက်ရောက် ယူကြရမှာ ဖြစ်ပါတယ်။
၁၈၉၆ ခုနှစ်က ကွယ်လွန်ခဲ့တဲ့ နိုဘယ်ဆုကို ဖန်တီးချီးမြှင့်စေခဲ့သူ အက်ဖရက်နိုဘယ် ကွယ်လွန်ခြင်း နှစ်ပတ်လည် အဖြစ် ဒီဇင်ဘာ ၁၀ ရက်မှာ ခုလို ဆုချီးမြှင့်တာပဲ ဖြစ်ပါတယ်။
-Ref; AFP