ရော်နယ်ကိုးမန်း အဲဗာတန်သို့ ပြောင်းရွှေ့နည်းပြရန် သဘောတူ
နယ်သာလန်သား ရော် နယ်ကိုးမန်းသည် အဲဗာတန်သို့ ပြောင်းရွှေ့နည်းပြရန် သဘော တူလိုက်သည်ဟု အဲဗာတန် အသင်းက ပြောကြားသည်။
ဆောက်သမ်တန်ကို ၂ နှစ် ကြာကိုင်တွယ်ခဲ့သော ရော်နယ် ကိုးမန်း (၅၃) နှစ်အတွက် အဲဗာ တန်က ပေါင်ငါးသန်း လျော်ကြေး ပေးမည်ဖြစ်သည်။ ကိုးမန်းသည် ဘောလုံးရာသီမကုန်ဆုံးမီ ထုတ်ပယ်ခံရသော မာတီနက်ဇ်နေရာ သို့ အစားထိုး ၀င်ရောက်မည် ဖြစ်သည်။
အေဂျက်ဇ်အသင်း နည်းပြဟောင်း ကိုးမန်းသည် ၂၀၁၄ က ဖီယင်နုမှ ဆောက်သမ်တန်သို့ ရောက်ရှိခဲ့ပြီး ၂ နှစ်တာ ကာလတွင် လေးစားလောက်စရာ နံပါတ်(၆) နှင့် နံပါတ် (၇) နေရာရရှိအောင် ဦးဆောင်ခဲ့သည်။
အဲဗာတန်သည် ပြီးခဲ့သည့် ရာသီက နံပါတ် (၁၁) နေရာ ရရှိခဲ့သည်။ သို့သော် အီရန်စီးပွားရေး လုပ်ငန်းရှင် ဖာဟက်မိုရှီရီက အဲဗာတန်တွင် ရှယ်ယာ ၄၉ ဒသမ ၉ ရာခိုင်နှုန်း ၀ယ်ယူပြီးနောက် ကြီးမားစွာ ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေသည်။
အဲဗာတန်နှင့် ကိုးမန်းတို့၏ သဘောတူညီချက်သည် တစ်နှစ်လျှင် ပေါင် ခြောက်သန်းခန့် ရှိနိုင်သည်ဟု ဘီဘီစီ သတင်းက ဖော် ပြသည်။
—Ref:Reuters