ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီ သွေးလွန်တုပ်ကွေးကာကွယ်ရေးဆောင်ရွက်
ရန်ကုန် ဇူလိုင် ၂၅
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီသည် ရပ်ကွက်နှင့် ကျေး ရွာများမှ ပါတီဝင်များနှင့်အတူ ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန် နေ့ မွန်းလွဲ ၂ နာရီက အမှတ် (၁၃)ရပ်ကွက်အတွင်းရှိ ဘုန်းတော် ကြီးသင် ပညာရေးကျောင်းနှင့် ဒေသခံပြည်သူများ၏ နေအိမ်များ အား သွေးလွန်တုပ်ကွေးကာကွယ် ရေး ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများ ကို ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပါတီကော်မတီဝင်များဖြစ်ကြ သော ဒေါ်တူးတူး(ဘဏ္ဍာရေးမှူး)၊ ဒေါ်ပြည့်ဖြိုးသန့်(စည်းရုံးရေးရာ)၊ ဒေါ်နွဲ့အေး (အမျိုးသမီးထုအဖွဲ့ ခေါင်းဆောင်)နှင့် ဦးရဲခိုင်မင်းတို့ သည် အမှတ်(၁၃)ရပ်ကွက်၊ ရပ်ကွက်ပါတီကော်မတီဝင်ဒေါ်ခိုင် ဝေမော်၊ ပါတီဝင်များနှင့်အတူ အမှတ်(၁၃)ရပ်ကွက်ရှိ မာဂဝီ သာစည် ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းနှင့်ဆည်တော်(၁)+(၂) လမ်းရှိ နေအိမ် ၅ဝ ကျော်အား သွေးလွန်တုပ်ကွေးကာကွယ်ရေး ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများကို ညနေ ၅ နာရီခွဲအထိ ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။