မြန်အောင်ပြည်ခိုင်ဖြိုးပါတီဝင်လူငယ်များနှင့်တွေ့ဆုံ

 

ဧရာဝတီတိုင်းဒေသကြီး မြန် အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် မြို့နယ် ပါတီရုံးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီတွင် ပါတီဝင်လူငယ်များ နှင့် တွေ့ဆုံပွဲကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပါတီဘဏ္ဍာ ရေးမှူး ဒေါ်ယဉ်မြတ်သူက အမှာ စကားပြောကြားခဲ့သည်။ ဆက် လက်ပြီး မြို့နယ်ပါတီကော်မတီဝင် လူငယ်ရေးရာတာဝန်ခံ ဦးအောင် မျိုးဦးက ပါတီအတွင်းမျိုးဆက် သစ်လူငယ်များ ပိုမိုဝင်ရောက်လာ နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်လည်းတိုက် တွန်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ပါတီဝင် လူငယ်များက တစ်ဦးချင်း မိတ် ဆက်ခဲ့ကြပြီးနောက် ပါတီဝင် လူငယ်များအနေဖြင့် ရှေ့ဆက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ အပြန်အလှန်ဆွေး နွေးခဲ့ကြရာ မြို့နယ်ပါတီဘဏ္ဍာ ရေးမှူးနှင့် မြို့နယ်ပါတီကော်မတီ ဝင်များက ပြန်လည်ဆွေးနွေးပြော ကြားခဲ့ကြကြောင်း သိရသည်။

နေ့လယ်ပိုင်းတွင် မြို့နယ်ပါတီ ဘဏ္ဍာရေးမှူးဒေါ်ယဉ်မြတ်သူက မြို့နယ်ပါတီကော်မတီဝင်များ၊ အရန်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံကာ (၇၁)နှစ်မြောက်အာဇာ နည်နေ့အခမ်းအနားကျင်းပနိုင်ရေး အတွက် ဆောင်ရွက်ရမည့်ကိစ္စရပ် များနှင့်ပါတီ၏ရှေ့ဆက်ဆောင်ရွက် ရမည့်လုပ်ငန်းစဉ်များအား အပြန် အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ မြို့နယ်ပါတီကော် မတီဝင်များ၊ အရန်ပါတီကော်မတီ ဝင်များနှင့် တိုက်နယ်အသီးသီးမှ ပါတီဝင်လူငယ်များ စုစုပေါင်း ၅ဝ ဦး တက်ရောက်ခဲ့ကြပြီး တွေ့ဆုံပွဲ အား မွန်းလွဲ ၃နာရီတွင် အောင်မြင် စွာပြီးစီးခဲ့ကြောင်း သိရသည်။

ဇင်မိုးလေး