ပေးဂိုးမရှိမှုပွဲ ၂၀၀ ပြည့်ခဲ့တဲ့ ပထမဆုံးဂိုးသမားအဖြစ် ပီတာချက် မှတ်တမ်းဝင်

အာဆင်နယ်အသင်းက ၀က်ဖို့ဒ်ကို ၃-၀ နဲ့နိုင်ခဲ့တဲ့ပွဲမှာ ဂိုးသမားကြီးပီတာချက်ဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ပေးဂိုးမရှိမှုပွဲ ၂၀၀ ပြည့်ခဲ့တဲ့ ပထမဆုံးဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ သိရပါတယ်။

ပီတာချက်ဟာ ဒီမှတ်တမ်းရဖို့အတွက် ပရီးမီးယားလိဂ် ၁၀ ပွဲတောင်စောင့်ဆိုင်းခဲ့ရပေမယ့် ၁၁ ပွဲမြောက်မှာတော့ ကံကောင်းသွားပါတယ်။ သူဟာဒီပွဲမှာ ၀က်ဖို့ဒ်တိုက်စစ်မှူး ဒီနေးရဲ့ပင်နယ်တီကိုကာကွယ်နိုင်ခဲ့ပြီးမှ ပေးဂိုးမရှိမှုပွဲ ၂၀၀ ပြည်ခဲ့လို့ ပိုပြီးတောင်ဂုဏ်ယူရမယ်လို့ နည်းပြ၀င်းဂါးက ချီးကျူးသွားပါတယ်။

အာဆင်နယ်ဟာ ၂-၀ နဲ့နိုင်နေချိန်မှာ ပင်နယ်တီပေးခဲ့ရတာဖြစ်ပြီး ဒီဂိုးဝင်သွားရင်ဘာကိုမှ ပြောလို့မရတော့လို့ ပီတာချက်ရဲ့ ပင်နယ်တီကာကွယ်နိုင်မှုဟာ အရေးပါခဲ့တယ်လို့ ၀င်းဂါးက ဆက်ပြောပါတယ်။ ဒီပွဲအနိုင်ကြောင့် ၀င်းဂါးဟာ အာဆင်နယ်ကို ပြိုင်ပွဲအရပ်ရပ် ၁၂၂၂ ပွဲကိုင်တွယ်ပြိး နိုင်ပွဲ ၇၀၀ ပြည့်ခဲ့တယ်လို့လည်း သိရပါတယ်။