ကမ္ဘာတစ်ဝန်း ခေါင်းဆောင်မှုစစ်တမ်းတွင် တရုတ်က အမေရိကန်ကို ကျော်တက်

Gallup World Poll အဖွဲ့၏ စစ်တမ်းတစ်ရပ်အရ အမေရိကန်ခေါင်းဆောင်မှုအပေါ် ပျမ်းမျှသဘောကျလက်ခံမှု နှုန်း ၃၀ ရာခိုင်နှုန်းရှိပြီး တရုတ် အတွက် ၃၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

အမေရိကန်အပေါ် သဘောကျလက်ခံမှုနှုန်းသည် ယခင် သမ္မတအိုဘားမားလက်ထက်က ၄၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ၁၈ ရာခိုင် နှုန်းလျော့ကျသွားပြီး အမြဲတမ်း အနိမ့်ဆုံးအဆင့်သို့ ရောက်ခဲ့ကြောင်း Gallup အဖွဲ့၏ ဝက်ဘ်ဆိုက် တွင် ဖော်ပြသည်။

အမေရိကန်ခေါင်းဆောင်မှုကို သဘောမကျမှု မြင့်တက်လာပြီး ပျမ်းမျှသဘောမကျမှု ၄၃ ရာ ခိုင်နှုန်းအထိ စံချိန်တင်မြင့်တက်ကာ ယမန်နှစ်ကထက် ၁၅ ရာခိုင်နှုန်း ပိုများလာသည်။

အမေရိကန်သာမဟုတ်ဘဲ အခြားသော ကမ္ဘာ့အင်အားကြီး နိုင်ငံများ၏ ဦးဆောင်မှုအပေါ် သဘောမကျမှု ပိုများ လာကြောင်း Gallup ကဖော်ပြသည်။

တရုတ်၏ ကမ္ဘာတစ်ဝန်း သဘောမကျမှုနှုန်းသည် ၃၀ ရာ ခိုင်နှုန်းသာရှိသည်။

ယင်းနှုန်းသည် မဟာမိတ်နိုင်ငံများနှင့် အမေရိကနှင့် ဥရောပရှိ လက်တွဲဖော်နိုင်ငံများမှ နိုင်ငံသားများကြား လျော့ကျမှုအများဆုံးဖြစ်ကြောင်း ပြီးခဲ့သည့်နှစ်မတ်လနှင့် နိုဝင်ဘာကြား ပြုလုပ်ခဲ့သော စစ်တမ်းအရ သိရသည်။

တရုတ်သည် အမေရိကန် နိုင်ငံသားများကြား သဘောကျ လက်ခံမှု ၂၈ ရာခိုင်နှုန်းရှိပြီး သဘောမကျမှု ၃၅ ရာခိုင်နှုန်းရှိသည်။

အမေရိကန်ခေါင်းဆောင်မှုအပေါ် သဘောကျလက်ခံမှုနှုန်းသည်  အမေရိကန်နိုင်ငံတွင် ကျဆင်းသကဲ့သို့ ဥရောပတွင်လည်း လျှော့ကျကာ ၂၅ ရာခိုင်နှုန်းသာ ရှိသည်။

ဥရောပသမဂ္ဂ ၂၈ နိုင်ငံတွင် ၂၁ နိုင်ငံသည် အမေရိကန်ဦး ဆောင်မှုအပေါ် သဘောကျလက်ခံမှု လျော့နည်း သွားသည်။

တရုတ်နှင့် အမေရိကန်တို့၏ ဦးဆောင်မှုကို ဥရောပတွင် သဘောကျလက်ခံမှု တူညီနေပြီး ၂၅ ရာခိုင်နှုန်းရှိသည်။

သို့သော် သဘောမကျမှုနှုန်းတွင် တရုတ်က အမေရိကန်ထက် ၈ ရာခိုင်နှုန်း လျော့နည်းပြီး ၄၈ ရာခိုင်နှုန်းသာ ရှိသည်။

—Ref:China Daily