မန္တလေးတိုင်းဒေသကြီး ခရိုင်/မြို့နယ်များ ပြည်ခိုင်ဖြိုးပါတီ စုပေါင်းမဟာ ဘုံကထိန်ကျင်းပ

အောက်တိုဘာ ၃ဝ

မန္တလေးတိုင်းဒေသကြီးနှင့် ခရိုင်/မြို့နယ်များ ပြည်ခိုင်ဖြိုးပါတီ စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ် ပွဲကောက်ကျေးရွာရှိ အောင်ပွဲ သီရိကျောင်းတိုက်တွင် ခင်းကျင်း လှူဒါန်းခဲ့သည်။ အခမ်းအနားတွင် အောင်ပွဲ သီရိကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တသုန္ဒရက သီလပေး တရားတော်နှင့်ကထိန်အနုမောဒနာ တရားတ်ာများ ဟောကြားချီးမြှင့်၍ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသုန္ဒရ အမှူးပြုသော ပုရိမဝါမှထ မြောက်တော်မူကြသည့်သံဃာတော် ၂၅ ပါးတို့ကို ကထိန်လျာသင်္ကန်းနှင့်တကွ လှူဖွယ်ဝတ္ထုပစ္စည်းအစုစုတို့ကို ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်တိုင်ဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်း ချအမျှပေးဝေခဲ့သည်။

ကထိန်အလှူတော်မင်္ဂလာ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌ၊ ခရိုင်အတွင်းရေးမှူးများ၊ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌများ၊ မြို့နယ်ပါတီအတွင်းရေးမှူးများ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီဝင်လူငယ်မောင်မယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကထိန်တော်လှူဒါန်းမှုအစုစု တန်ဖိုးမှာ လှူဖွယ်ပစ္စည်းများ အတွက် ကျပ်၂၅ဝဝဝဝ၊ နဝကမ္မ လှူဒါန်းငွေကျပ် ၃၂ဝဝဝဝဝ လှူဒါန်းမှု စုစုပေါင်းမှာ ၃၄၅ဝဝဝဝ ကျပ်ဖြစ်ကြောင်း သိရသည်။

Crd;